ကျူးကျော်နေထိုင်ပြီး အခန်းပြန်ငှါးစားနေတဲ့ သူတွေနဲ့ ဂိုဏ်းစတားတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းမယ်

ရန်ကုန် ၊ဇွန် ၆ – ၂၀၁၉

သိင်္ဂီ (VOM)

 

ကျူးကျော်နေထိုင်ပြီး အခန်းပြန်ငှါးစားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဂိုဏ်းစတားတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ဖို့ တိုင်းအစိုးရအဖွဲ့က ကြိုးစားနေတယ်လို့ ဇွန်လ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ တတိယတနှစ်တာ ရှင်းလင်းပွဲက သိရပါတယ်။

 

” တန်းလျားရှည်ကြီးထဲမှာ အခန်းလိုက် ငှါးစားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိနေတယ်၊ ဂိုဏ်းစတားတွေရှိနေတယ်။ ဒါတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတယ်။ ဒါကြောင့် cctv တွေတပ်ဆင်မှာဖြစ်တယ်။” လို့ အဲဒီရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

 

ဒါ့အပြင် ကျူးကျော်တွေကို ထုတ်ပေးထားတဲ့ စမတ်ကဒ်တွေဟာ မျက်နှာ၊ လက်ဗွေ စနစ်တွေကို မှတ်တမ်းတင်ယူထားတာဖြစ်လို့ အလွှဲအပြောင်း လုပ်လို့မရသလို အမှန်တကယ်ပိုင်ရှင်မဟုတ်ဘဲ စမတ်ကဒ်ကိုင်ထားမယ်ဆိုရင်  ကိုင်ထားသူရဲ့အမှားသာ ဖြစ်ပါတယ်။ အဲဒီကဒ်ဟာ မူလပိုင်ဆိုင်ခွင့်ရှိသူ လက်ထဲမှာ မဟုတ်ဘဲ ရောင်းဝယ်ထားပါက လိမ်လည်ရောင်းဝယ်မှုသာ ဖြစ်လို့ လိမ်လည်မှုပဲလို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

 

ကျူးကျော်တွေကို စမတ်ကဒ်ထုတ်ပေးခဲ့ရာမှာ လက်ရှိအချိန်ထိ မိသားစုအလိုက်ဆို စမတ်ကဒ်ပေါင်း ၁ သိန်း ၅ သောင်း ထုတ်ပေးထားပြီး လူဦးရေနှုန်းအရဆိုရင် ၄ သိန်း ဝန်းကျင်လောက်ရှိပြီ ဖြစ်ပါတယ်။ အဲဒီအိမ်ထောင်စုတွေဟာ ဧရာဝတီတိုင်း၊ မကွေးတိုင်း ၊ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေက လာရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးဖြစ်ပါတယ်။

 

ရန်ကုန်တိုင်းအတွင်းက ကျူးကျော်ပြသနာတွေကို အခက်အခဲလို့ မသတ်မှတ်ဘဲ စိန်ခေါ်မှုတစ်ရပ် ၊ အခွင့်အရေးတစ်ရပ်အဖြစ်သာ သတ်မှတ်ပြီး သူတို့ရဲ့လူနေမှုဘဝတွေ မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။

 

အဲ့ဒီအတွက် လူတစ်ယောက်ရဲ့ အခြေခံလစာ တစ်နေ့ ၄၈၀၀ ၊ ၅၀၀၀ ကျပ်ဝန်းကျင်ကို အခြေခံပြီး နေ့စဉ် စားရိတ်နှုတ်အပြီး လစဉ်ပေးသွင်းနိုင်မယ့် ပမာဏနှုန်းထားအရ အိမ်များဝယ်ယူနိုင်စေဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

 

#voiceofmyanmar  # ကျူးကျော်နေထိုင်ပြီးအခန်းပြန်ငှါးစားနေတဲ့သူတွေနဲ့ ဂိုဏ်းစတားတွေကို ဥပဒေနဲ့အညီထိန်းသိမ်းမယ်  #စမတ်ကဒ်   #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW