ဒေါ်လာ နှစ်ဘီလီယံတန်ဖိုးရှိ လက်နက်တွေ ထိုင်ဝမ်ကို အမေရိကန်က ရောင်းချဖို့ စီစဉ်နေ

ဝါရှင်တန်၊ ဇွန်-၆-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်နိုင်ငံဟာ ဒေါ်လာ နှစ်ဘီလီယံကျော်တန်ဖိုးရှိ တင့်ကားတွေနဲ့ လက်နက်တွေကို ထိုင်ဝမ်ကို ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ ရောင်းချရေးကိစ္စ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် လေးဦးက ပြောပါတယ်။

 

ဒီလို ရောင်းချဖို့ အဆိုပြုထားတဲ့  အလွတ်သဘော အသိပေးချက်တစ်ခုကို အမေရိကန် ကွန်ဂရက်သို့ ပို့ဆောင်ထားပြီး ဖြစ်တယ်လို့လည်း အမည်မဖော်လိုတဲ့  အဲဒီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ဖြစ်လာနိုင်ခြေရှိတဲ့ လက်နက်ရောင်းချမှုမှာတော့  တင့်ကားဖျက်နဲ့ လေယာဉ်ပစ်လက်နက်တွေ အပါအ၀င် ဒေါ်လာ နှစ်ဘီလီယံတန်ဖိုးရှိ အမ်ဝမ်းအေတူး အာဘရမ်တင့်ကား ၁၀၈ စီးပါဝင်မယ်လို့ သတင်းရင်းမြစ် သုံးဦးက ပြောပါတယ်။

 

အမေရိကန်ဟာ ထိုင်ဝမ်ကို လက်နက်ထောက်ပံ့တဲ့ အဓိက နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ထိုင်ဝမ်ကို ပိုင်ဆိုင်တယ်လို့  တရုတ်နိုင်ငံက ယူဆထားပြီး သူ့ရဲ့ အုပ်ချုပ်မှုအောက်ရောက်ရှိဖို့ စစ်အင်အားအသုံးပြုပြီး ကြိုးပမ်းမှာကို ဘယ်သောအခါမှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်နိုင်ငံ ပြောဆိုထားပါတယ်။

 

တရုတနိုင်ငံဆီက  ဖိအားတွေကို ရင်ဆိုင်ရာမှာ  ကာကွယ်ရေးစွမ်းရည်တိုးတက်စေဖို့ လက်နက်သစ်တွေရောင်းချရေး အတွက် ထိုင်ဝမ်ရဲ့ တောင်းဆိုမှုကို အမေရိကန်က အပြုသဘော တုန့်ပြန်ခဲ့တယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က မတ်လအတွင်းက ပြောကြားထားပါတယ်။

Ref : Reuters

Photo : Getty Images

 

#voiceofmyanamr # ဒေါ်လာနှစ်ဘီလီယံတန်ဖိုးရှိလက်နက်တွေထိုင်ဝမ်ကိုရောင်းချဖို့ စီစဉ်နေ  #အမေရိကန် # ၀ါရှင်တန်  #

Related posts

Leave a Comment

VOM News

FREE
VIEW