ခရစ်ယာန်တရားဟော ဆရာတစ်ဦးက အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်

ကလေး၊ ဇွန် – ၁၈ -၂၀၁၉

မိုင်ချယ်ရီ(VOM)

 

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြို့သုံးပင်ရပ်ကွက်မှာ နေထိုင်တဲ့ ခရစ်ယာန် တရားဟောဆရာ ဦးဆွမ်ဇက်မုန် က အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ကလေးမြို့မရဲစခန်း က သိရပါတယ်။

 

ဇွန်လ ၁၅ ရက် ညနေ ၄ နာရီလောက်က အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကလေးမြို့နယ် တာဟန်းရပ်ကွက်က ခရစ်ယာန်(ဧ၀ံဂေလိ) အသင်းတော် ဆုတောင်းအဆောင်ထဲမှာ ဆုတောင်းပေးမယ်ဆိုပြီး အဓမ္မပြုကျင့်ခဲ့တာပါ။

 

ဒါဟာဘုရားသခင်ရဲ့ခိုင်းစေချက်အရ ပြုလုပ်ရခြင်း ဖြစ်တာကြောင့် ဘယ်သူ့မှပြန်မပြောဖို့ အဲဒီမိန်းကလေးကို မှာကြားပြီးနောက် နေအိမ် ပြန်ပို့ခဲ့ရာကနေ ဆွေမျိုးတွေက သိရှိသွားပြီး ကလေးမြို့မရဲစခန်းမှာ တိုင်တန်းခဲ့တာလို့ သိရပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးဆွမ်ဇက်မုန် (၄၅) နှစ်ကို ဇွန် ၁၆ ရက်မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး (ပ)၁၁၁၀/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် ဖမ်းဆီးထားတယ်လို့ ကလေးမြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒီနှစ် ဇန်န၀ါရီ ၁၆ ရက်ကလည်း ကလေးမြို့နယ် လက်ပံချောင်းကျေးရွာမှာ နေထိုင်တဲ့ အရွယ်မရောက်သေးတဲ့  မိန်းကလေးနှစ်ဦးကို ခရစ်ယာန်(ဧ၀ံဂေလိ) အသင်းတော်က တရားဟောဆရာက အဓမ္မပြုကျင့်ခဲ့မှုကြောင့် ကလေးမြို့နယ် တရားရုံးကနေ ထောင်ဒဏ် (၄၃) နှစ် ချမှတ်ခဲ့ပါတယ်။

 

#voiceofmyanmar # ခရစ်ယာန်တရားဟောဆရာတစ်ဦးကအရွယ်မရောက်သေးတဲ့မိန်းကလေးတစ်ဦးကို  အဓမ္မပြုကျင့် # ခရစ်ယာန်(ဧ၀ံဂေလိ) အသင်းတော် #စစ်ကိုင်း #ကလေး

 

ဓါတ်ပုံ – ကလေးမြို့မရဲစခန်း

Related posts

Leave a Comment

VOM News

FREE
VIEW