ရခိုင်ပြည်နယ်ဒုက္ခသည် ပြန်လက်ခံရေး လုပ်ငန်းစဉ် ရိုဟင်ဂျာတွေ ပါဝင်ခွင့်ရဖို့ တိုက်တွန်း

ဒါကာ၊ ဇွန်-၁၈-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံက ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနဲ့ ပြန်လည်လက်ခံတဲ့ လုပ်ငန်းစဉ် ဆွေးနွေးပွဲတွေမှာ ရိုဟင်ဂျာတွေကို ပါဝင်ခွင့်ပြုရေးအတွက် မြန်မာနိုင်ငံကို ဖိအားပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။

 

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေ ပထမဆုံးတိုးတက်ကောင်းမွန်အောင် ထိရောက်တဲ့ လုပ်ဆောင်မှုတွေအတွက် အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို စည်းရုံးပြောဆိုနိုင်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်သာခွင့်အဖွဲ့ရဲ့ မြန်မာအရေး လေ့လာသူ Laura Haigh က ပြောပါတယ်။

 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အလွန်တရာ စိုးရိမ်ပူပန်နေပြီး ဒီလုပ်ငန်းစဉ်ဆွေးနွေးပွဲတွေမှာ ရိုဟင်ဂျာတွေ ပါဝင်ဖို့နဲ့ ရိုဟင်ဂျာတွေကို တိုင်ပင်ဖို့လိုတယ်လို့ သူမက ဆိုပါတယ်။

 

ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လွတ်လပ်စွာနဲ့ ကူညီပေးနိုင်ဖို့ အာဆီယံအနေနဲ့ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးပြုသင့်သလို အထူးသဖြင့် ရိုဟင်ဂျာတွေ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အသက်မွေးမှုအပါအ၀င် ၎င်းတို့ရဲ့ လွတ်လပ်စွာ လှုပ်ရှားမှုတွေ ကန့်သတ်ထားတာကို ဖယ်ရှားဖို့ လိုအပ်တယ်လို့ သူမက ဆိုပါတယ်။

 

ဒီပြသနာဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလား၊ တာဝန်ခံမှုနဲ့ တရားမျှတမှုအတွက်လား၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဒါမှမဟုတ် သူတို့ဘ၀ကို ထိခိုက်စေတဲ့ အခြားပြသနာတစ်ခုလား ဆိုတာတွေအတွက် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှာ ရိုဟင်ဂျာတွေကို နေရာတစ်နေရာပေးဖို့ လိုတယ်လို့ Fortify Rights အဖွဲ့ ပူးတွဲတည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Matthew Smith က ပြောပါတယ်။

 

Ref : The Daily Star

Photo : Reuters

 

#voiceofmyanmar # ရခိုင်ပြည်နယ်ဒုက္ခသည်ပြန်လက်ခံရေးလုပ်ငန်းစဉ်ရိုဟင်ဂျာတွေ ပါဝင်ခွင့်ရဖို့ တိုက်တွန်း #ဒါကာ  #ရိုဟင်ဂျာ # ရခိုင်

Related posts

Leave a Comment

VOM News

FREE
VIEW