ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ H1N1 နဲ့ နှစ်ဦးသေ

ရန်ကုန်၊ ဇွန် ၁၉ – ၂၀၁၉

သူရိန်(VOM)

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဒီရက်ပိုင်းအတွင်း H1N1 ကူးစက်ရောဂါနဲ့  လူနာနှစ်ဦးသေဆုံးသွားတယ်လို့ ရန်ကုန်နာရေးကူညီမှုအသင်းနဲ့ ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

 

ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်က အမျိုးသမီးတစ်ဦး H1 N1, PD M 09 ရောဂါနဲ့ အခုလ ၁၄ ရက်က သေဆုံးခဲ့သလို ၁၈ ရက်ညကလည်း အမျိုးသားတစ်ဦး H1 N1 နဲ့သေဆုံးသွားတယ်လို့ သိရပါတယ်။

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာH1N1နဲ့ သေဆုံးသူတွေ ထပ်မံရှိလာတယ်လို့ ပြောဆိုသံတွေထွက်ပေါ်လာခဲ့တာကြောင့် ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိတဲ့အတွက် အတည်ပြုဖို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်သိင်္ဂီမြင့်ကို မနေ့က မေးမြန်းခဲ့ရာမှာ ” အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ နေပြည်တော်ကနေ သတင်းထုတ်ပြန်ပေးပါလိမ့်မယ်။” လို့ ပြန်လည် ဖြေဆိုခဲ့ပါတယ်။

 

အခုလ ၁၄ ရက်ကသေဆုံးခဲ့သူဟာ ကော့မှူးမြို့နယ် ပျားမွတ်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်အေးအေးစိုး ( ၂၉ နှစ်)ဖြစ်ပြီး မနေ့ညက သေဆုံးခဲ့တဲ့ အမျိုးသားကတော့ အသက် ၆၀ ဝန်းကျင် အရွယ်ဖြစ်ကြောင်းကိုသာ လတ်တလော အတည်ပြုနိုင်ပါသေးတယ်။

 

ဒေါ်အေးအေးစိုး နေထိုင်ခဲ့တဲ့ အဲဒီရွာမှာတော့ ကော့မှူးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းတွေဟာ ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ငန်းတွေကို တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

H1N1ရောဂါ ပြည်တွင်းမှာ ဖြစ်ပေါ်ခဲ့တာက ပြီးခဲ့တဲ့၂၀၁၇ ခုနှစ် ဇူလိုင်​လက နောက်​ဆုံးဖြစ်​ပါတယ်။ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းမှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဓါတ်ခွဲစစ်ဆေးချက်တွေအရ Influenza Type A.A/ H1N1 Pdm-Positive ၊ Seasonal Flu, A/H1N1 တို့ဖြစ်ခဲ့တာပါ။

 

ဓါတ်ပုံ- ရန်ကုန် နာမှုကူညီရေးအသင်း

 

#voiceofmyanmar # ရန်ကုန်ပြည်သူ့ဆေးရုံကြီး H1N1 နဲ့ နှစ်ဦးသေ #ရန်ကုန် #ကော့မှူး

Related posts

Leave a Comment

VOM News

FREE
VIEW