ပေါင်းတည်​မြို့ နယ်​ အခွန်​ဦးစီးဌာန ဒုဦးစီး တစ်​ဦး ကြိုးဆွဲချ​သေဆုံး

ပေါင်းတည်​၊ ဇွန်​ ၂၀- ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ပြည်​ခရိုင်​ ​ပေါင်းတည်​မြို့နယ်​မှာ မ​နေ့ည ၁၀ နာရီဝန်းကျင်​​လောက်​က အခွန်​ဦးစီးဌာန ဒု-ဦးစီး တစ်ဦး ​နေအိမ်​ အိပ်​ခန်းအတွင်းက ထုတ်​တန်းမှာ ကြိုးဆွဲချ ​သေဆုံးသွားတယ်​လို့ ပေါင်းတည်​မြို့ မရဲစခန်းက သိရပါတယ်​။

 

“သေဆုံးသူဟာ အာရုံကြောနဲ့ ဦးနှောက်သိပ်မကောင်းလို့ ဆေးကုနေရတယ်။ သင်္ကြန်မှာတော့ လေဖြတ်သွားသေးတယ်။ အဲဒီမှာ အာရုံကြောထိပြီး မျက်လုံးသိပ်မမြင်ရတော့ဘူး။ မိန်းမက အိမ်ပေါ်က ဆင်းသွားတယ်။ အလုပ်ကလည်း မလုပ်နိုင်တော့ စိတ်ဓာတ်ကျပြီး အခုလို သေဆုံးသွားတာ ဖြစ်နိုင်တယ်။” လို့ ပေါင်းတည်မြို့နယ် ဈေး ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ပြောပါတယ်။

 

သေဆုံးသူ အခွန်ဦးစီးဌာန ဒုတိယဦးစီး ဦးရန်အောင်ဟာ ပေါင်းတည်မြို့နယ် ဈေး ၂ ရပ်ကွက်မှာနေထိုင်နေတာပါ။ သေဆုံးသူနဲ့ ဇနီးဖြစ်​သူဟာ ဇီးကုန်းမြို့ဇာတိဖြစ်​ပြီး ​သမီးလေးတစ်​​ယောက်​ ရှိတယ်လို့ အိမ်​နီးချင်းတွေဆီက သိရပါတယ်​။

 

သေဆုံးသူဟာ “အ​မေကြီး သားစိတ်​ညစ်​လို့ ကိုယ့်​ကိုယ်ကိုယ်​ ​သေ​ကြောင်းကြံစည်​ခဲ့ပါတယ်​။” ဆိုတဲ့ စာတစ်​​စောင်​ ​ရေးသားထားခဲ့တာတွေ့ရပြီး ပြင်​ပဒါဏ်​ရာ တစုံတရာ မ​တွေ့ရဘူးလို့ ရဲထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ​သေမှုသေခင်း အမှတ်​စဉ်​ ၉/၂၀၁၉ နဲ့ အမှုဖွင့်​ထားတယ်​လို့ ​ပေါင်းတည်​မြို့မရဲစခန်း တာဝန်​ရှိသူတစ်​ဦးက ​ပြောပါတယ်​။

 

#voiceofmyanmar # ပေါင်းတည်မြို့ နယ်အခွန်ဦးစီးဌာနဒုဦးစီးတစ်ဦးကြိုးဆွဲချသေဆုံး # ပဲခူး#ပေါင်းတည်

Related posts

Leave a Comment

VOM News

FREE
VIEW