အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် ချေးငွေစတင်လျှောက်ထားနိုင်ပြီ

ရန်ကုန်၊ ဇွန် ၃၀ – ၂၀၁၉

သိင်္ဂီ(VOM)

 

တိုင်းနဲ့ပြည်နယ်အားလုံးက အသေးစား၊ အလတ်စား (SMEs) စီးပွားရေးတွေအတွက် ဒိန်းမတ်နိုင်ငံမှ ထောက်ပံ့ပေးမယ့်  Responsible Business Fund (RBF) ငွေကြေးအထောက်အပံ့ကို မနက်ဖြန် (ဇူလိုင် ၁ ရက်) ကစပြီး ချေးငွေလျှောက်ထားနိုင်ပြီလို့ သိရပါတယ်။

 

မြန်မာနိုင်ငံက SMEsလုပ်ငန်းတွေအတွက်  ဒိန်းမတ်နိုင်ငံကနေ မြန်မာကျပ်ငွေ ၁၈ ဘီလီယံ (ဒိန်းမတ်ငွေငါးသိန်း) ထောက်ပံ့ပေးတာဖြစ်ပြီး ဒီချေးငွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ မြန်မာ့ SMEs လုပ်ငန်းရှင်တွေကို ချေးငွေ ချပေးတာဖြစ်တယ်လို့ သိရပါတယ်။

 

စွမ်းအင်ချွေတာသုံးစွဲရေး၊ ရေခြိုးခြံချွေတာသုံးစွဲရေး၊ စွန့်ပစ်ပစ္စည်းများပြန်လည်အသုံးချမှု၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ အစားအသောက်များ ဘေးကင်းလုံခြုံရေး၊ စီမံခန့်ခွဲမှုနဲ့ကြီးကြပ်မှုဆိုင်ရာကျွမ်းကျင်မှု၊ လုပ်ငန်းခွင်ဆိုင်ရာနဲ့နည်းပညာဆိုင်ရာကျွမ်းကျင်မှု  ကဏ္ဍတွေအတွက် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

 

SMEs လုပ်ငန်းတွေအတွက်က ပြည်တွင်းဘဏ်တွေမှာ ချေးငွေလျှောက်ထားတဲ့အခါ အပေါင်ပစ္စည်း မတင်ပြနိုင်တာတွေ၊ ဘဏ်ကတောင်းဆိုတဲ့ စာရွက်စာတမ်း အထောက်အထား လုံလုံလောက်လောက်မတင်ပြတာတွေကြောင့် ချေးငွေပမာဏ လုံလောက်မှုမရှိတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့အတွက် အခုလို နိုင်ငံတကာချေးငွေတွေလည်း လိုအပ်တယ်လို့ SMEs လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

 

” မြန်မာ့ SME လုပ်ငန်းအများစုက လျှောက်ထားမှုအတွေ့အကြုံအားနည်းခြင်း၊ Documentation ပိုင်း သိမ်းဆည်းမှု အားနည်းခြင်းတွေကြောင့် ဘဏ်ကနေ SME တွေအပေါ် ယုံကြည်မှု အားနည်းတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်။”လို့ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောပါတယ်။

 

လက်ရှိမှာ မြန်မာနိုင်ငံ SME တွေအတွက် JICA SME Two Step Loan ချေးငွေ၊ Credit Guarantee Insurance (CGI) ချေးငွေ၊ မြန်မာ့စီးပွားရေးဘဏ်ကနေ ထုတ်ချေးတဲ့ SME ချေးငွေ၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ်ကနေ ထောက်ပံ့တဲ့ KFW ချေးငွေနဲ့ဒိန်းမတ်နိုင်ငံကနေ တာဝန်ယူမှုရှိတဲ့ မြန်မာ SME လုပ်ငန်းတွေကို အထောက်အပံ့ပေးတဲ့ Responsible Business Fund (RBF)တို့ကနေ ထုတ်ချေးပေးနေတေယ်လို့ သိရပါတယ်။

 

အခုထုတ်ချေးပေးမယ့် ဒိန်းမတ်နိုင်ငံအနေနဲ့ SMEs လုပ်ငန်းတွေအတွက် ချေးငွေထုတ်ချေးပေးနေတာဟာ လေးကြိမ်ရှိပြီ ဖြစ်ပါတယ်။ ချေးငွေလျှောက်ထားလိုသူတွေအနေနဲ့  အခန်း(၁၀၁)၊ ပထမထပ်၊ တိုက် (၁၉၄)၊ သုခကွန်ဒို၊ သုခလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့မှာ  ဇူလိုင် ၂၂ ရက်နောက်ဆုံးထားပြီး  လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

 

#voiceofmyanmar # အသေးစား၊အလတ်စားလုပ်ငန်းတွေအတွက်ချေးငွေစတင်လျှောက်ထားနိုင် #ဒိန်းမတ် #ရန်ကုန် #

Related posts

Leave a Comment

VOM News

FREE
VIEW