ကိုင်ရို၊ ဇွန်-၁၈-၂၀၁၉ မျိုးဆက် (VOM) အီဂျစ်သမ္မတဟောင်း မော်စီဟာ သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်နဲ့ပတ်သက်ပြီး ဇွန် ၁၇ ရက်က တရားရုံးမှာ စစ်ဆေးနေချိန်အတွင်း ရုတ်တရက် လဲကျသေဆုံးသွားပါတယ်။ သူဟာ အာရပ်နွေဦးလှုပ်ရှားမှုအပြီး များမကြာမီမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ခံရတဲ့ ပထမဆုံး အီဂျစ်သမ္မတဖြစ်ပြီး တစ်နှစ်အကြာမှာတော့ သူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရာထူးကနေ ဖြုတ်ချခံရသူဖြစ်ပါတယ်။ မွတ်ဆလင်ညီနောင်များအဖွဲ့ရဲ့ ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ အသက် ၆၇ နှစ်အရွယ် မော်စီဟာ တရားခွင်အတွင်း မိန်းမောလဲကျသွားပြီးနောက် သေဆုံးသွားတယ်လို့ အီဂျစ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ဖော်ပြပါတယ်။ မော်စီသေဆုံးမှုအတွက် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်နေကြပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ဖို့ တောင်းဆိုနေကြပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကိုတော့ ကိုင်ရိုအရှေ့ပိုင်းမှာ သူ့မိသားစုက ဒီနေ့ မနက်အစောပိုင်းက မြုပ်နှံလိုက်ကြပါတယ်။ ၂၀၁၂ ခုနှစ်မှာ…
Read MoreMonth: June 2019
နျူကလီးယားအရေးဆွေးနွေးဖို့ မြောက်ကိုရီးယားကို တရုတ်သမ္မတရှီကျင်းပင် သွားမယ်
ပေကျင်း၊ ဇွန်-၁၈-၂၀၁၉ မျိုးဆက် (VOM) တရုတ်သမ္မတ ရှီကျင်းပင်ဟာ မြောက်ကိုရီးယားကို အခုသီတင်းပတ်အတွင်း သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနက ဇွန် ၁၇ ရက်မှာ ဖော်ပြထားပြီး ဒီခရီးစဉ်ဟာ ဆယ်စုနှစ် တစ်ခုကျော်ကာလအတွင်း တရုတ်သမ္မတတစ်ဦးရဲ့ ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို သွားရောက်တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတရှီကျင်းပင်ဟာ မြို့တော် ပြုံးယမ်းကို ဇွန် ၂၀ ရက်ကနေ၂၁ အထိသွားရောက်မှာဖြစ်တယ်လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။ ဒီခရီးစဉ်အတွင်း တရုတ်နဲ့ မြောက်ကိုရီးယားတို့ဟာ ကိုရီးယားကျွန်းဆွယ်အခြေအနေတွေအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးကြမှာဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ပြသနာကို နိုင်ငံရေးနည်းအရဖြေရှင်းဖို့ တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။ နျူကလီးယား လက်နက်စမ်းသပ်မှုတွေနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေကို တရုတ်နိုင်ငံက ထောက်ခံတာကြောင့် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ဆိုးရွားခဲ့ပြီးနောက်…
Read Moreဆရာတော်ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲတဲ့အပေါ် ဆရာတော်ရဲ့တပည့်ဖြစ်သူက တရားစွဲဆိုမယ်
မန္တလေး၊ ဇွန် – ၁၈ -၂၀၁၉ ရဲရင့်မင်းခန့် (VOM) Myanmar Now သတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်းကို တရားစွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ ဆရာတော် ဦးဝီရသူကို တရားခံပြေးလို့ သုံးစွဲခဲ့တဲ့အပေါ် ပြန်လည်တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ ကိုဆွေဝင်းရဲ့အမှုမှာ တရားလိုပြသက်သေတွေဟာ တရားရုံးဆင့်စာ အကြိမ်နှစ်ဆယ်ကျော် ပေးပို့ဆင့်ခေါ်ခဲ့ပေမယ့် တရားရုံးကိုလာရောက်မှုမရှိသလို ဒီအမှုဟာနှစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့အတွက် အမှုကိုရပ်စဲပေးဖို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်က လျှောက်ထားခဲ့တဲ့စာမှာ ဆရာတော် ဦးဝီရသူဟာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ရာဇဝတ်အထွေထွေအမှုအမှတ် – ၃၉/၂၀၁၉ နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က) အရ စွဲဆိုထားတဲ့အမှုအတွက် တရားခံပြေးအဖြစ်ကြော်ငြာခံထားရသူ ဆိုပြီး ကြေးမုံသတင်းစာပါ ဖော်ပြချက်နှင့်တွဲပြီး ရုံးတော်ကိုတင်ပြခဲ့တဲ့အပေါ် ကိုကျော်မျိုးရွှေက မကျေနပ်လို့ တရားစွဲဆိုသွားမယ်လို့ ပြောဆိုခဲ့တာပါ။ #voiceofmyanmar # ဆရာတော်ဦးဝီရသူကို တရားခံပြေးလို့…
Read Moreပဲခူးတိုင်းစည်ပင်ဝန်ကြီးဟောင်းက မြို့နယ် NLDပြန်ကြားရေးကို ၆၆(ဃ)နဲ့ တရားစွဲဆိုထားမှု ခရိုင်တရားရုံးက ထောင်ခြောက်လအမိန့်ချ
သာယာဝတီ၊ ဇွန် ၁၈ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းအစိုးရအဖွဲ့ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးဟောင်းကနေ မြို့နယ် NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)နဲ့ တရားစွဲဆိုထားတဲ့အမှုမှာ ထောင်ဒဏ်ခြောက်လ ကျခံဖို့ သာယာဝတီခရိုင်တရားရုံးက မနေ့(ဇွန် ၁၇ ရက်)က အမိန့်ချမှတ်လိုက်ပါတယ်။ လက်ရှိ သာယာဝတီ မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး အရင်က ပဲခူးတိုင်းစည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမောင်မောင်လွင်က မြို့နယ်NLD သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဂျာလေး(ခ)ကိုဝင်းထွန်းဇော်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂ရက်က ၆၆(ဃ)နဲ့ တရားစွဲဆိုခဲ့ပါတယ်။ ဦးမောင်မောင်လွင်ဟာ စည်ပင်ဝန်ကြီးဖြစ်စအချိန်က ပဲခူးမြို့ရှိအမှိုက်ပုံကိုရှင်းလင်းဖို့ စက်ယန္တရားငှားရမ်း စရိတ် သိန်းသုံးဆယ်ထဲက အမှိုက်သယ်ယူခ ဆယ်သိန်းမပေးတဲ့အကြောင်း အကောင့်တစ်ခုက လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့တာကို ကိုဂျာလေး (ခ)ကိုဝင်းထွန်းဇော်က…
Read Moreဝရမ်းပြေး သူရဲကောင်း
ကာတွန်း – ဝေး #voiceofmyanmar #ဝရမ်းပြေး သူရဲကောင်း
Read Moreစင်းဘောကိုင်း စစ်ဘေးရှောင်စခန်း ရေနစ်မြုပ်မှာကို စိုးရိမ်နေရ
မြောက်ဦး၊ ဇွန် ၁၇-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အရှေ့ဘက် လေးမြို့မြစ်အထက်ပိုင်း ၇ မိုင်ခန့်အကွာမှာ တည်ရှိနေတဲ့ စင်းဘောကိုင်း စစ်ဘေးရှောင် ကယ်ဆယ်ရေးခစန်းဟာ မိုးဆက်လက်ရွာသွန်းပါက ရေနစ်မြုပ်သွားနိုင်တဲ့ အခြေအနေရှိနေပြီး နေရေးထိုင်ရေးအတွက် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ “စစ်ဘေးရှောင်တွေနေတဲ့ ယာယီတဲတွေရဲ့ တိုင်ခြေရင်းထိ မြစ်ရေတက်နေပြီ ဖြစ်ပါတယ်။ ပိုပြီးတော့စိုးရိမ်ရတာက မြစ်အထက်ပိုင်းမှာ မိုးရွာလို့ရှိရင် ရေကပိုပြီးတော့ ပြည့်လာနိုင်တယ်။ အဲ့ဒီသဲပြင်ကြီးကို ရေဖုံးလွှမ်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဖြစ်လာခဲ့လို့ရှိရင် ဒီစခန်းမှာနေထိုင်တဲ့ သက်ကြီးပိုင်းတွေ၊ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေအတွက် စိုးရိမ်ရပါတယ်။”လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်က မိန့်ပါတယ်။ အဲ့ဒီစခန်းဟာ စင်းဘောကိုင်းကျေးရွာရဲ့ အရှေ့ဘက် လေးမြို့မြစ်ထဲက သဲသောင်ပြင်ပေါ်မှာ ယာယီဆောက်လုပ်ထားတာ ဖြစ်ပြီးတော့ အိမ်ခြေ ၄၄၀၊ လူဦးရေ ထောင်ကျော်ရှိတဲ့ ကယ်ဆယ်ရေးစခန်းတစ်ခု…
Read Moreစိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ သုတေသနစစ်တမ်း ကောက်ယူမှုလုပ်ငန်းတွေ မန္တလေးတိုင်းက မြို့နယ်ငါးခုမှာ စတင်လုပ်ဆောင်
မန္တလေး၊ ဇွန် ၁၇ – ၂၀၁၉ နေခ(VOM) စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ အသိပညာနဲ့ပတ်သက်လို့ တောင်သူတွေရဲ့သိရှိနားလည်မှု သုတေသန စစ်တမ်းတစ်ရပ် ရရှိနိုင်ဖို့အတွက် မန္တလေးတိုင်းအတွင်းက မြို့နယ်ငါးခုမှာ စစ်တမ်းကောက်ယူမှုတွေကို စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ အဲဒီစစ်တမ်းကို ဇွန်လ ၁၃ ရက်က စတင်ကောက်ယူနေတာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဦးဆောင်မှုနဲ့ဆောင်ရွက်နေတာပါ။ စစ်တမ်းအတွက် လိုအပ်တဲ့ နည်းပညာ၊ လူအင်အားတွေကိုတော့ ကနောင် အင်စတီကျူ့က ပံ့ပိုးကူညီနေတာလို့ သိရပါတယ်။ “ပိုးသတ်ဆေး သုံးစွဲသူ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ် ပေါ်ပေါက်ဖို့။ အဲဒီလို ဥပဒေတွေရေးဆွဲတဲ့အခါ ပြည်သူတွေ အသံ ပါဝင်လာဖို့ရည်ရွယ်ပါတယ်။” လို့ ကနောင် အင်စတီကျူ့ အမှုဆောင် ဒါရိုက်တာ ဦးသန်းမြတ်စိုးက ပြောပါတယ်။ မန္တလေးမြို့တွင်းဧရိယာဖြစ်တဲ့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့…
Read Moreနှစ်နှစ်ကျော်ကြာနေတဲ့ ကိုဆွေဝင်းအမှု ရပ်စဲဖို့ တရားရုံးကိုစာတင်
မန္တလေး၊ဇွန် ၁၇-၂၀၁၉ ဟိန်းကို(VOM) ဆရာတော်ဦးဝီရသူကို လူမှုကွန်ယက်စာမျက်နှာမှာ ဂုဏ်သိက္ခာညှိုးနွမ်းအောင်ရေးသားလို့ဆိုပြီး မြန်မာနောင်းသတင်းဌာနက အယ်ဒီတာ ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုဟာ (၂)နှစ်ကျော်ကြာနေပြီဖြစ်တဲ့အတွက် ဒီနေ့မနက်ပိုင်း ရုံးချိန်မှာတော့ အမှုကိုရပ်စဲဖို့ ကိုဆွေဝင်းရဲ့ရှေ့နေ ဒေါ်ရွက်နုအောင်(တရားလွတ်တော်ရှေ့နေ)က မဟာအောင်မြေတရားရုံးမှာ စာတင်ခဲ့ပါတယ်။ အမှုစစွဲတဲ့အချိန်ကတည်းက တရားလိုတွေဖြစ်တဲ့ ကိုကျော်စွာထွန်း၊ ဘန္ဒန္တဝိစိတ္တာဘိဝံသ(ခ)ဦးဝီရသူ၊ ဘန္ဒန္တတိက္ခနြ္ဒိယာဘဝံသ(မဟာအောင်မြေမြို့နယ် သံဃာ့နာယကဥက္ကဌ) နဲ့ အမှုစစ်ရဲအုပ်ကျော်သူတို့ဟာ တရားရုံးကိုလာဖို့ အကြိမ်(၂၀)ကျော် ဆင့်စာတွေပေးပို့ ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ခြင်းမရှိတဲ့အတွက် အမှုကိုရပ်စဲဖို့ စာတင်ခဲ့တာ ဖြစ်ပါတယ်။ #voiceofmyanmar# နှစ်နှစ်ကျော်ကြာနေတဲ့ကိုဆွေဝင်းအမှုရပ်စဲဖို့တရားရုံးကိုစာတင် #တရားလိုတွေမလာ #ဆရာတော်ဦးဝီရသူ #မစိုးရိမ်တိုက်သစ် #မန္တလေး
Read Moreတက္ကသိုလ်ဝင်တန်းစာမေးပွဲ သုံးနှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးရခဲ့တဲ့အတွက် အမှတ် ၄ ကျောင်းအုပ်ကို ဂုဏ်ပြု
စစ်တွေ၊ ဇွန် ၁၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေထဲမှာ သုံးနှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံးရခဲ့တဲ့ စစ်တွေမြို့ရှိ အ.ထ.က ၄ ကျောင်းက ကျောင်းအုပ်ဆရာကြီးကို ကျောင်းသားဟောင်းတွေ စုပေါင်းပြီးတော့ မနေ့ ဇွန်လ ၁၆ ရက်က ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။ အမှတ် ၄ အထက်တန်းကျောင်းဟာ လက်ရှိကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်ရဲ့လက်ထက်မှာ ကျောင်းစည်းကမ်းတွေ ကောင်းမွန်လာပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလည်း အောင်ချက်အကောင်းဆုံးနဲ့ သုံးနှစ်ဆက်တိုက်အောင်မြင်ခဲ့တာကြောင့် ကျောင်းသားဟောင်းတွေက ရွှေစင်တစ်ကျပ်သားပါရှိတဲ့ ဆုတံဆိပ်နဲ့ အခုလို ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ “ဂုဏ်ပြုခံရတာက ကျနော်တော်လို့မဟုတ်ဘူး။ ကျနော့် ကလေးတွေကြိုးစားလို့။ ဆရာ၊ ဆရာမတွေကလည်း ကလေးတွေကို ကျောသား၊ ရင်သားမခွဲခြားဘဲ သားသမီးအရင်းလို သွန်သင်ဆုံးမလို့ ရလာတဲ့ရလဒ်ပါ။ ကျနော် က ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလိုဂုဏ်ပြုခံရတာပဲ။ ဒါဟာ အကုန်လုံးနဲ့ဆိုင်ပါတယ်။”လို့…
Read Moreအသက် ၁၂ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သူကို ထောင်ဒဏ် နှစ်နှစ်ဆယ် အမိန့်ချ
မိုးညို၊ ဇွန် ၁၇ – ၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်းအတွင်း ပြီးခဲ့တဲ့ဇန်နဝါရီလက ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုမှာ ပြစ်မှုကျူးလွန်ခဲ့သူကို ထောင်ဒဏ်နှစ်နှစ်ဆယ်ကျခံဖို့ သာယာဝတီခရိုင်တရားရုံးကနေ မနေ့ ဇွန် ၁၆ ရက်က အမိန့်ချမှတ်လိုက်ပါတယ်။ ပဲခူးတိုင်း မိုးညိုမြို့နယ် ဆင်မနိုင်အုပ်စု ကျွန်းထိတ်ကျေးရွာမှာ ဇန်နဝါရီလက အိမ်နီးချင်းဖြစ်သူ ဖိုးလူအေးဆိုသူဟာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ခဲ့တဲ့အတွက် အခုလို အမြင့်ဆုံးပြစ်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခံခဲ့ရတာလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ယဉ်ယဉ်က ပြောပါတယ်။ “ကျမသမီးလေးကတော့ ရှက်တယ်ဆိုပြီး ကျောင်းမတက်တော့ပါဘူး။ ကျမတို့လည်းရွာမှာ မနေချင်တာနဲ့ တခြားရွာကိုပြောင်းရွေ့နေပါတယ်။ သမီးလေးကိုကြည့်ပြီး အရမ်းခံစားခဲ့ရပါတယ်။ မအိပ်နိုင်၊ မစားနိုင်နဲ့ ဈေးရောင်းတော့လည်း အယောင်ယောင် အမှားမှားနဲ့ပါ။ အခုလို တရားရုံးက ထိုက်သင့်တဲ့ပြစ်ဒဏ်ချပေးတာ ကျေနပ်ပါတယ်။…
Read More