ဟောင်ကောင်-ဇွန်-၁၅- ၂၀၁၉ မျိုးဆက် (VOM) ပြစ်မှုကျူးလွန်သူတရားခံကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းတာကို ခွင့်ပြုတဲ့ အလွန်အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဟောင်ကောင်အစိုးရက ဆိုင်းငံ့လိုက်ပြီဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် သတင်းဌာနကတွေက ဖော်ပြပါတယ်။ ဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကာရီလမ်ကို အဲဒီ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့အတွက် သူမရဲ့ အကြံပေးတွေက မကြာသေးမီရက်တွေအတွင်းက တိုက်တွန်းပြောဆိုခဲ့ပေမယ့် သူမက ငြင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး သောင်းနဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး မနက်ဖြန်မှာလည်း ထပ်မံဆန္ဒပြမှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ဟောင်ကောင်ကနေ တရုတ်ပြည်မကြီးဆီကို တရားခံလွှဲပြောင်းပေးပြီး စီရင်တာဟာ တရားစီရင်ရေးစနစ်ကို နက်နက်ရှိုင်းရှိုင်း ထိခိုက်စေပြီး ဟောင်ကောင်ရဲ့ လွတ်လပ်တဲ့ တရားစ်ီရင်ရေးစနစ်ကို နောက်ထပ်ထိုခိုက်စေဖို့ဦးတည်လာလိမ့်မယ်လို့ ဝေဖန်သူတွေက ထောက်ပြပြောဆိုပါတယ်။ ဟောင်ကောင်သည် တစ်ချိန်က ဗြိတိသျှကိုလိုနီဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာမခံချက်ပါဝင်သည့်…
Read MoreMonth: June 2019
၅လအတွင်း ခွေးကိုက်ခံရတဲ့လူနာ ၅၀၀၀ ဝန်းကျင်ရှိပြီး ခွေးရူးပြန် ရောဂါခံစားရတဲ့လူနာ ၁၀ ဦးရှိတဲ့အပြင် သေဆုံးတစ်ဦးရှိခဲ့
ရန်ကုန် ၊ ဇွန် -၁၅-၂၀၁၉ သိင်္ဂီ(VOM) ဒီနှစ် ဇန်နဝါရီကနေ မေလအထိ ၅လအတွင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီးကိုလာရောက်ကုသမှုခံယူခဲ့တဲ့ ခွေးကိုက်ခံရတဲ့လူနာပေါ ၄၆၀ဝ ကျော်ရှိခဲ့ပြီး ခွေးရူးပြန်ရောဂါ ခံစားနေရတဲ့ လူနာက ၁၀ ဦးကျော်ရှိတယ်လို့ ရန်ကုန်ပြည် သူ့ဆေးရုံကြီးကသိရပါတယ်။ “” ပြီးခဲ့တဲ့ နှစ်ကဆို ခွေးကိုက်ခံရလို့ လာရောက်ကုသတဲ့ လူနာဦးရေပေါင်း ၁၀၀၀၀ ကျော်ရှိခဲ့တယ်၊ အစကတော့ ခွေးကိုက်ရင် ပြည်သူလူထုတွေက နီးစပ်ရာ ဒေသန္တရတွေ နီးစပ်ရာဆေးရုံတွေ မှာသွားထိုးကြတာရှိတယ်။ အဲဒီ အခါကျရင် ကိုယ်ကဆေးသွားထိုးချိန်မှာ ဆေးအဆင်မပြေတာတွေ ရှိနိုင်သလို အခက်အခဲတွေ အများကြီးရှိတယ်။ ဒါကြောင့် ခုဆို ကုသရေးဌာနသီးသန့်ဖွင့်ပေးလိုက်ပြီ။ ဆေးရုံးကြီးလေးခုမှာပါ၊အချိန်မရွေး ခွေးကိုက်ခံရတာနဲ့ ချက်ချင်းသွားပြနိုင်ပြီ”လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သိင်္ဂီမြင့်ကပြောပါတယ်။ လက်ရှိမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ ခွေးကိုက်ခံရမှုအဖြစ်ပွားဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းမှာ…
Read Moreပါရှန်ပင်လယ်ကွေ့သို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထပ်မံစေလွှတ်ဖို့ စီစဉ်နေ
ဝါရှင်တန်၊ ဇွန်-၁၅-၂၀၁၉ မျိုးဆက် (VOM) အီရန်နိုင်ငံဆီကနေ ခြိမ်းခြောက်မှုတွေထပ်ရှိနေတယ်ဆိုပြီး ဒီကိစ္စအပေါ် တုံ့ပြန်ဖို့အတွက် ပါရှန်ပင်လယ်ကွေ့သို့ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပိုမိုဖြန့်ကြက်ချထားဖို့ စီစဉ်နေတယ်လို့ အမေရိကန် ယာယီကာကွယ်ရေးဝန်ကြီး ပက်ထရစ် ရှာနာဟန်က ပြောပါတယ်။ အိုမန်ပင်လယ်မှာ ရေနံတင်သင်္ဘောနှစ်စင်းကို မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွက် အီရန်မှာ တာဝန်ရှိတယ်လို့ အမေရိကန်က စွပ်စွဲလိုက်ပြီးနောက် ဇွန် ၁၄ ရက်မှာ ရှာနာဟန်က ဒီလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့ရေနံရောင်းဝယ်မှုရဲ့ ၁၅ ရာခိုင်နှုန်း ဟာ ဟော်မုဇ်ရေလက်ကြားကိုဖြတ်၍ ဆော်ဒီအာရေဗျနိုင်ငံကနေ လာခြင်းဖြစ်ပြီး နော်ဝေနဲ့ ဂျပန်ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် အခြေအနေပိုမိုဆိုးရွားလာရင် မိမိတို့အနေနဲ့ သိသာတဲ့ အရေးပေါ်အစီအစဉ်တွေ လုပ်ဆောင်ဖို့ လိုအပ်ကြောင်း သူကပြောပါတယ်။ ဒါအပြင် အမေရိကန်မဟာမိတ်တွေနဲ့ အနောက်တိုင်းလေ့သာသူတွေအကြား အငြင်းပွားနေတဲ့ အမေရိကန်က…
Read Moreချေးငွေပြန်မဆပ်တဲ့ တောင်သူ ၂၀ ဦးကို အရေးယူထား
စစ်တွေ၊ ဇွန် ၁၅-၂၀၁၉ ခိုင်လင်းစံ (VOM) မိုးစပါးစိုက်ပျိုးလုပ်ကိုင်တဲ့ တောင်သူတွေအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ်ထုတ်ချေးပေးနေတာမှာ တချို့တောင်သူတွေဟာ ပြန်လည်ပေးသွင်းခြင်းမရှိတဲ့အတွက် တောင်သူ ၂၀ ဦးခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ တရားစွဲဆိုထားပါတယ်။ တရားစွဲဆိုထားတဲ့အကြောင်းကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးမန်နေဂျာ ဦးအေးသိန်း ပြောပြတာက “ဒီလူတွေနဲ့ပတ်သက်ပြီးတော့ အရေးယူမှုကို အစောဆုံးကျန်တဲ့ကြွေးကစပြီးတော့ တကယ်ဆပ်နိုင်လျှက်နဲ့ မဆပ်ဘဲ ပေကပ်ကပ်လုပ်နေတဲ့သူတွေကို အရေးယူထားပါတယ်။ ဒါကလည်း ဥပဒေစိုးမိုးမှုကို လိုက်နာလာနိုင်အောင်အတွက် ဆောင်ရွက်ရတာဖြစ်ပါတယ်။ ရခိုင်တပြည်နယ်လုံးမှာတော့ တောင်သူ ၂၀ ဦးခန့်ကိုအရေးယူထားရှိပါတယ်။”လို့ ပြောပါတယ်။ အရေးယူထားတဲ့မြို့နယ်တွေကတော့ ကျောက်တော်မြို့နယ်အတွင်းမှာ ၁၂ ဦး၊ မြေပုံမြို့နယ်မှာ ၄ ဦးရှိပြီး တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ၂၀ ဦးခန့်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ အရေးယူထားတာဖြစ်ပါတယ်။ “ပြီးခဲ့တဲ့နှစ်အထိကို ရခိုင်ပြည်နယ်မှာ ကြွေးပေါင်း ၇ ကြွေးလောက်ရှိတာပေါ့။ အကြွေးမဆပ်နိုင်တဲ့လူဦးရေ…
Read Moreဆိုင်ကယ်နဲ့ခရီးသည်တင်ကား မျက်နှာချင်းဆိုင်တိုက်မိလို့ တနှစ်ကလေးအပါ သုံးဦးသေဆုံး
ကျောက်တံခါး ဇွန် ၁၅-၂၀၁၉ မိုးယံ (VOM) ပဲခူးတိုင်း အရှေ့ခြမ်း ကျောက်တံခါး မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၁၀၁/၄နဲ့၁၀၁/၅ ကြား အလယ်ကျွန်းကျေးရွာ အနီး တိုလိုတံတားပေါ်မှာ မနေ့ ည ၇ နာရီ ဝန်းကျင်လောက်က ဆိုင်ကယ်နဲ့ခရီးသည်တင်ကား မျက်နှာချင်းဆိုင် တိုက်မိပြီး တစ်နှစ်အရွယ်ကလေးအပါအဝင် လူသုံးဦး နေရာတင် သေဆုံးခဲ့ပါတယ်။ အသက်(၂၈)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး မောင်းနှင်ပြီး အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသမီးနဲ့ အသက်တစ်နှစ်ခန့်ရှိ ယောကျာင်္းလေးတစ်ဦးတို့နောက်မှစီးလာတဲ့ ဆိုင်ကယ်နဲ့ ဦးကိုကိုမြင့် မောင်းလာတဲ့ TOYOTA HIACE အပြာရောင် ခရီးသည်တင်ကား တိုက်မိတာဖြစ်တယ်လို့ ကျောက်တံခါး မြို့မရဲစခန်း ဒုရဲအုပ် နော်ဒေဇီက ဆိုပါတယ်။ “ ခရီးသည်တင် ကားကယာဉ်မောင်းနဲ့ ခရီးသည်တွေတော့ထိခိုက်မှုမရှိပါဘူး ဆိုင်ကယ်ကိုမဆင်မခြင် အရှိန်ပြင်းပြင်း မောင်းတဲ့အတွက် တစ်ဘက်ယာဉ်ကြောက ကားနဲ့မျက်နှာချင်းဆိုင်…
Read Moreကျေးရွာနားမြှုပ်ထားတဲ့အလောင်းတွေနဲ့လက်နက်ကြီးကျည်တွေကိုဖယ်ရှားဖို့တောင်းဆို
မင်းပြား၊ဇွန်၁၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်အတွင်းအခုလို၃ရက်နေ့ကကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးကျေးရွာသားတွေ ထိခိုက်သေဆုံးခဲ့ကာရွာလုံးကျွတ်ထွက်ပြေးခဲ့ကြရပြီးတိုက်ပွဲပြီးချိန်မှာဒေသခံတွေကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ပတ်သက်လို့သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုဒီကနေ့နေ့လည်ပိုင်းကစပါးထားကျေးရွာဘုန်းတော်ကြီးကျောင်းမှာပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာစပါးထားကျေးရွာအနီးမြှုပ်နှံထားတဲ့လူသေအလောင်းတွေနဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေကိုသက်ဆိုင်ရာကလာရောက်ဖယ်ရှားပေးဖို့အတွက်ကျေးရွာသားတွေကတောင်းဆိုလိုက်ပါတယ်။ “သတင်းစာရှင်းလင်းပွဲကိုဒီကနေ့၁၁နာရီလောက်ကစပြီးတော့ပြုလုပ်ခဲ့ကြပါတယ်။အဓိကတောင်းဆိုတာကတော့တိုက်ပွဲဖြစ်စဉ်အတွင်းမှာထိခိုက်သေဆုံးခဲ့ရတာတွေ၊ကျေးရွာသားတွေထွက်ပြေးသွားခဲ့တဲ့အခါမှာနေအိမ်တွေကပစ္စည်းပျောက်ဆုံးတာတွေ၊ပြီးတော့ရွားမှာမြှုပ်ထားတဲ့လူသေအလောင်းတွေရှိနေတယ်။အဲ့ဒါကိုဖယ်ရှားပေးဖို့နဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေကိုဖယ်ရှားပေးဖို့အတွက်တောင်းဆိုခဲ့ကြတာပါ။”လို့ ဦးညီညီအောင်ကပြောပါတယ်။ အဲ့ဒီအလောင်းတွေနဲ့လက်နက်ကြီးကျည်တစ်လုံးဟာကျေးရွာနဲ့ပေ၂၀၀၀ခန့်အကွာမှာရှိနေတာဖြစ်ပြီးအလောင်းတွေကတော့တိုက်ပွဲဖြစ်စဉ်အတွင်းကျဆုံးသွားတဲ့တိုက်ပွဲဝင်ရဲဘော်တွေရဲ့အလောင်းတွေဖြစ်နိုင်တယ်လို့ပြောပါတယ်။ “အဲ့ဒါတွေနဲ့ပတ်သက်လို့ရွာသားတွေဘက်ကလည်းသက်ဆိုင်ရာကိုအကြောင်းကြားထားတာရှိတယ်။ဒီနေ့ကျွန်တော်တို့ကိုခေါ်ပြီးတော့ရှင်းလင်းတဲ့အတွက်အခုပဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဆီကိုသွားပြီးတော့ဒီကိစ္စကိုသွားတယ်။သူ့အနေနဲ့တော့သက်ဆိုင်ရာအဆင့်ဆင့်ကိုတင်ပြပေးမယ်လို့ပြောလိုက်ပါတယ်။”လို့ လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းအောင်ကပြောပါတယ်။ အဲ့ဒီတိုက်ပွဲဟာစပါးထားကျေးရွာအနီးမှာဇွန်လ၃ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီးအလောင်းတွေကိုမြှုပ်နှံထားတဲ့ကျင်းတွေကနေအလောင်းတချို့ဟာပြန်ပေါ်လျက်ရှိနေပြီးဒါတွေကိုသက်ဆိုင်ရာကဖယ်ရှားပေးဖို့လိုအပ်နေတယ်လို့ဦးလှသိန်းအောင်ကပြောပါတယ်။ အခုလိုမျိုးကျေးရွာအနီးမှာအလောင်းတွေနဲ့မပေါက်ကွဲသေးတဲ့လက်နက်ကြီးကျည်တွေရှိနေတာကြောင့်ကျေးရွာသားတွေဟာသူတို့ရဲ့အလုပ်အကိုင်တွေကိုလုပ်ကိုင်ဖို့အတွက်မသွားရဲမလာရဲဖြစ်နေကြတယ်လို့ကျေးရွာသားတွေကပြောပါတယ်။ ဓါတ်ပုံ- Lay Mro #voiceofmyanmar #ရခိုင်ပြည်နယ် #မင်းပြား #စပါးထားကျေးရွာ #အလောင်း #လက်နက်ကြီး
Read Moreဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သားမက် ရန်ကုန်တိုင်းတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကွယ်လွန်
နေပြည်တော်၊ ဇွန်-၁၄-၂၀၁၉ ကိုထွန်း (နေပြည်တော်) ဗိုလ်ချူပ်မှူးကြီး သန်းရွှေရဲ့ သားမက်ဖြစ်တဲ့ ဦးသိန်းနိုင် ဗိုလ်မှူးချူပ်(ငြိမ်း) (၆၃)နှစ်ဟာ ဇွန်လ ၁၃ ရက်နေ့ ညနေ၃နာရီခွဲအချိန်က အစာအိမ်သွေးကြောပေါက်ပြီး သွေးအန်တဲ့အတွက် နေပြည်တော် ခုတင် ၁၀၀၀ မှာ ကုသခဲ့ရင်း ည ၁၁ နာရီ ၁၅ မှာကွယ်လွန်သွားခဲ့တာကြောင့် တပ်မတော် ခုတင် ၁၀၀၀ ကို လွဲပြောင်းပေးလိုက်တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ကွယ်လွန်သွားတဲ့ ဗိုလ်မှူးချုပ် သိန်းနိုင်(လေ ၁၇၉၃) ဟာ မင်္ဂလာဒုံလေတပ် စခန်းမှူးအဖြစ်တာဝန်ထမ်းဆောင်ပြီး အန်အယ်လ်ဒီအစိုးရတက်လာပြီးတဲ့နောက်မှာ ရန်ကုန်တိုင်းလွှတ်တော်မှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်မှူးချုပ် သိန်းနိုင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စတုတ္ထမြောက်သမီး ဒေါ်ခင်ပြုံးရွှေရဲ့ ခင်ပွန်းဖြစ်တယ်လို့လည်းသိရပါတယ်။ #voiceofmyanmar #ဗိုလ်ချုပ်မှူးကြီးသန်းရွှေ #ဗိုလ်မှူးချုပ်သိန်းနိုင်
Read Moreအစိုးရ ၂ဆက်လုံးကို တင်ပြခဲ့သော်လည်း ဘုရင့်နောင် ကုန်စည်ဝန်းအတွင်း ကားကြပ်တည်းမှုကို ယာယီပြေလည်မယ့်နည်းနဲ့ ဖြေရှင်းနေရဆဲ
ရန်ကုန်၊ ဇွန် ၁၄-၂၀၁၉ သူရိန် (VOM) ဘုရင့်နောင်ကုန်စည်ဝန်းအတွင်း တစ်ရက် ကုန်ကားအစီးရေ ၁၅၀၀ ၀န်းကျင်ခန့် ၀င်ရောက်နေတာကြောင့် အလွန်အမင်းကားကြပ်တည်းမှု ကြုံတွေ့နေရလို့ ၆ ဧက အကျယ်ရှိတဲ့ ပုဂ္ဂလိကပိုင်မြေနေရာပေါ်မှာ ယာယီကားရပ်နားကွင်းဖော်ဆောင်ပြီးဖြေရှင်းဆောင်ရွက်နေရပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က “ကုန်ကားအ၀င်အရမ်းများတယ်။ တစ်ရက်ကို ၁၅၀၀ လောက်ဖြစ်နေတော့ ၄ ရက်ဆက်တိုက်ကြပ်သွားတယ်။ ဒါနဲ့ပတ်သက်ပြီးကားကွင်းစီစဉ်ပေးဖို့ တောင်းထားတယ်။ တောင်းထားတဲ့အပေါ်မှာ ၀န်ကြီးချုပ်အနေနဲ့ ကားကွင်းကြည့်နေတယ်။ ကျွန်တော်တို့ကလည်း နေရာရှာပြီးတော့ ဘယ်လိုကားရပ်ရမလဲဆိုတာဝိုင်းပြီးတော့ လုပ်နေတယ်။ အခုလက်ရှိတော့ ရွှေသံလွင်ဝန်းအနောက်ထဲမှာ ၆ ဧကလောက် ရှိတယ်။ သူတို့ပိုင်တာ၊ အဲ့ဒီ့မှာယာယီရပ်ဖို့ တောင်းတော့ခွင့်ပြုတယ်လို့ “ ပြောပါတယ်။ ဒီရွှေသံလွင်ကားရပ်နားကွင်းမှာကုန်တင်ကားအစီးရေ ၁၅၀ ကနေ၂၀၀ ကြားရပ်နားနိုင်မှာဖြစ်ပေမယ့်ရေရှည် မှာကားကွင်းမရှိရင် ကုန်သည်စီးဆင်းမှုနှောင့်နှေးနိုင်တာကြောင့် အစိုးရကိုတင်ပြထားခဲ့တာ အစိုးရ နှစ်ဆက်တိုင်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါတယ်။ …
Read Moreလက်ပံတန်း-သာရဝေါမဟာဗျူဟာကားလမ်း သွားရလာရ အတော်ဆိုး
လက်ပံတန်း၊ ဇွန် ၁၄-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်းသာယာဝတီခရိုင် လက်ပံတန်းမြို့နယ်လက်ပံတန်း-သာရဝေါမဟာဗျူဟာကားလမ်းမှာဒီရက်ပိုင်းအတွင်းမိုးများပြီးလမ်းပျက်တာကြောင့်ဒေသခံပြည်သူ ရဟန်းရှင်လူတွေသွားလာရေးခက်ခဲပြီးအသက်အန္တရာယ်စိုးရိမ်ရတယ်လို့်ဒေသခံတွေကပြောကြပါတယ်။ `ကျွန်တော့အမေက ရွာကနေရန်ကုန်ကိုအလည်လာရင်း နှလုံးသွေးကြောပိတ်ပြီးကွယ်လွန်သွားတာ အမေ့ကိုရွာပြန်သယ်ချင်ပေမယ့်သယ်လို့မရပါဘူး။ ဒီလမ်းဆိုးဝါးလွန်းလို့ အမေ့ဈာပနကိုတောင် ရွာမှာ လုပ်ခွင့်မရတဲ့အဖြစ်ပါ။ ဒီလမ်းဆိုးရွားတဲ့ဒဏ်ကိုခံစားလာရတာကြာပါပြီပြင်နေတယ်ပြင်နေတယ်အခုထိမကောင်းသေးပါဘူးလို့´ဇီးဖြူကုန်းရွာသားကိုနိုင်နိုင်ကပြောပါတယ်။ လက်ပံတန်း-သာရဝေါမဟာဗျူဟာကားလမ်းဟာ မိုင် (၂၀)ကျော်ရှိပြီးလမ်းတာဘောင်မြှင့်တင်တာနဲ့လမ်းတံတားအဆင့်မြှင့်တာတွေလတ်တလောတံတားတစ်စင်းကိုအောက်ခံပြုပြင်နေတာတွေရှိပါတယ်လို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုး ဦးသူရထွန်းလင်းက ပြောဆိုထားပါတယ်။ “ဒေသခံပြည်သူတွေနေ့စဉ်စားရေးသောက်ရေးအိမ်ဆောက်ပစ္စည်းသူတို့ရဲ့လိုအပ်ချက်တွေကိုဒီလမ်းပိုင်းပြေးဆွဲနေတဲ့ကားတွေကဖြည့်ဆည်းပေးနေတာပါဒီကားလမ်းကပျက်သွားပြီးသွားမရတော့ဘူးဆိုရင်သူတို့ဘဝတွေလည်းပျက်ဆီးသွားတာပါဘဲ”လို့်ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်ဦးသက်လွင်ကပြောပါတယ်။ မိုင်တိုင်အမှတ် ၅/၂နဲ့၅/၄ကြားမှာတံတားအမှတ်၃/၆ကိုလမ်းတံတားအဆင့်မြှင့်တင်ရေးတွေလုပ်နေတဲ့အတွက်လမ်းလွှဲလုပ်ထားပါတယ်လတ်တလောမိုးရွာလို့အခက်အခဲဖြစ်တာပါဒီတံတားစီမံချက်ကဇွန်လကုန်ထိပါအချိန်နဲ့တပြေးညီလုပ်နေပါတယ်။ ခဏအခက်အခဲဖြစ်တာပါတံတားပြီးရင်လမ်းပြန်ဖွင့်ပေးမှာပါလို့´လက်ပံတန်းမြို့နယ်လမ်းဦးစီးဌာနဦးစီး ဒေါ်ဥမ္မာခင်ကVOMကိုရှင်းပြပါတယ်။ ဒီကားလမ်းကလက်ပံတန်းအနောက်ခြမ်းနဲ့ ဆက်သွယ်ပေးထားတဲ့တစ်ခုတည်းသောမဟာဗျူဟာကားလမ်းဖြစ်ပြီးဒေသခံပြည်သူတွေ အားထားနေရတဲ့လမ်းဖြစ်ပါတယ်။ #voiceofmyanmar #လက်ပံတန်း #သာရဝေါ #မဟာဗျူဟာလမ်း
Read Moreရိုး- ဟိုး- ဝိုး
#voiceofmyanmar #ကာတွန်းကိုခေတ်
Read More