ဖမ်းဆီးခံထားရတဲ့ အောင်သပြေရွာသားတွေထဲက တစ်ဦး ထောင်တွင်းမှာ သေဆုံး

မန္တလေး၊ ဇွန် ၅ -၂၀၁၉ နေလင်း (VOM)   မန္တလေးတိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အောင်သပြေရွာသားတွေထဲက ကိုထွန်ထွန်းဟာ ဒီနေ့မနက်ပိုင်းက  အိုးဘိုအကျဉ်းထောင်ထဲမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။   “သေဆုံးတာကမှန်ပါတယ်။ ၃ရက်နေ့က ရောက်လာတယ်၊ ၄ ရက်ညနေသုံးနာရီမှာဆေးရုံတင်ရတယ်။ ဒီမနက်အစောကဆုံးသွားတယ်။ ဆုံးတဲ့အကြောင်းရင်းက အရက်ကြောင်တာပေါ့၊ အရက်မသောက်ရတော့ ကိုယ်ခံအား မကောင်းတော့ဘူး၊ ထောင်ဆရာဝန်ရဲ့မှတ်ချက်ကတော့ အဖျားကြီးခြင်းနဲ့ အရက်ကြောင်ဖြစ်တဲ့ရောဂါလို့ ပြထားတယ်။အခုအလောင်းကို မန္တလေးဆေးရုံကြီး မှုခင်းဌာနကိုပို့ထားတယ်။ အောင်မြေသာစံတရားရုံးမှာ သေမှုသေခင်းလည်းဖွင့်ထားတယ်။” လို့ အိုးဘိုထောင်ရဲ့တာဝန်ရှိအကြီးအကဲ တစ်ဦးက ပြောပါတယ်။   ထွန်းမြင့်ဝင်း (ခ) ထွန်းထွန်း( ၃၈နှစ်)ဟာ  အောင်သပြေရွာက (ဘ)ဦးသောင်းဟံ (အမိ)ဒေါ်အေးရဲ့သား ဖြစ်ပြီး အမေဖြစ်သူဒေါ်အေးကိုယ်တိုင်ဟာ လမ်းတံတားဥပဒေနဲ့ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။   “၂ ရက်နေ့က ရွာနောက်ဘက်မှာဆိုင်ဆောက်ဖို့ခေါ်လို့ တူတွေလွှတွေနဲ့ လက်သမားလုပ်ဖို့သွားတာ။ အဲ့မှာ အဖမ်းခံလိုက်ရတယ်။ အဓိက…

Read More

ပို့ကုန်တင်ပို့မှု အရင်နှစ်ထက် ကန်ဒေါ်လာ တစ်ဘီလီယံကျော် ပိုမိုရရှိ

ရန်​ကုန်​၊ ဇွန်​ ၅ – ၂၀၁၉ သူရိန် (VOM)   ပြည်ပကို ပို့ကုန်တင်ပို့မှုအနေနဲ့ အခုပြီးခဲ့တဲ့ ရှစ်လနဲ့ အရင်နှစ် ကာလတူနှိုင်းယှဉ်ချက်အရ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ပိုမိုရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကုန်သွယ်မှုကိန်းဂဏန်းတွေအရ သိရပါတယ်။   ပြည်ပပို့ကုန်အနေနဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် မေလ ၂၄ ရက်အထိကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ရှိခဲ့ပြီး   ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်က​နေ၂၀၁၉ ခုနှစ် မေလ ၂၄ ရက်အထိကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုး ရှိခဲ့တဲ့အတွက် ကာလတူအနေနဲ့ နှိုင်းယှဉ်ရင် အရင်​နှစ်တင်ပို့မှုထက် ၁ ဘီလီယံကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့တာပါ။   ပြည်ပတင်ပို့ရာမှာ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊…

Read More

စစ်သားတွေရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ရေးသားလို့ အေဘီစီသတင်းဌာနကို ရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်း

ဆစ်ဒနီ၊ ဇွန်- ၅-၂၀၁၉ မျိုးဆက် (VOM)   သြစတြေးလနိုင်ငံရဲ့ အများပြည်သူဆိုင်ရာ ရုပ်သံကော်ပိုရေးရှင်းဖြစ်တဲ့ အေဘီစီ သတင်းဌာနရုံးချုပ်ကို သြစတြေးလျရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းခဲ့ပါတယ်။   ရဲတပ်ဖွဲ့ဟာ  အဲဒီ သတင်းဌာနက သတင်းထောက်နှစ်ဦးနဲ့  သတင်းအယ်ဒီတာ ဂါဗန်မော်ရစ်တို့ကို ရှာဖွေခွင့်ဝရမ်းနဲ့အတူ ၀င်ရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။   ဒီလို ၀င်ရောက်စီးနင်းတာဟာ အာဖဂန်နစ္စတန်ရှိ သြစတြေးလျတပ်ဖွဲ့ဝင်တွေရဲ့ လက်မခံနိုင်တဲ့ အပြုအမူတွေကို စုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာကြောင့်လို့ ဆိုပါတယ်။   လျှို့ဝှက်သတင်းအချက်အလက်တွေ ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် အေဘီစီသတင်းဌာနက သတင်းထောက်တစ်ဦးရဲ့ နေအိမ်ကိုလည်း ဇွန် ၄ ရက်မှာ  ရဲတပ်ဖွဲ့က ၀င်ရောက်ရှာဖွေခဲ့ပါတယ်။   စီးနင်းရှာဖွေမှုမှာ ဘယ်သူ့ကိုမှ ဖမ်းဆီးဖို့ အစီအစဉ်မရှိဘူးလို့  ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရှာဖွေဝရမ်းဟာ သတင်းထောက်တစ်ဦးအိမ်ကို ဇွန် ၄ က ရှာဖွေမှုနဲ့ မဆက်စပ်ဘဲ…

Read More

ညီအစ်​ကိုချင်း စကားများတာကို အိမ်​နီးချင်းက ဓားနဲ့ဝင်ခုတ်​လို့ တစ်​ဦး​သေ နှစ်​ဦးဒဏ်​ရာရ

သာယာဝတီ၊ ဇွန်​ ၅ – ၂၀၁၉ မိုးယံ (VOM)   ပဲခူးတိုင်း သာယာဝတီခရိုင် စိန်​က​တော်​​ကျေးရွာမှာ မ​နေ့ည​ ၇ နာရီလောက်က ညီအစ်​ကို ချင်းစကားများ​နေတာကို အိမ်​နီးချင်းက ကိုင်းခုတ်​ဓားနဲ့ခုတ်​၊ မှိန်းနဲ့ဝင်​ထိုးလို့ တစ်​ဦး​သေ၊ နှစ်​ဦးဒဏ်​ရာရခဲ့တယ်​လို့ အသ​ရော်​ နယ်​​မြေရဲစခန်းက သိရပါတယ်။   ​အောင်​မိုးနဲ့ ညီဖြစ်​သူ ဖိုးထူး စကားများ​နေတာကို အိမ်းနီးချင်းဖြစ်​တဲ့ကြွက်​နီက သူ့ကို​ပြောဆိုတာထင်​ပြီး ကိုင်းခုတ်​ဓားနဲ့ဝင်ခုတ်​ခဲ့သလို ကြွက်​နီသား​ဖြစ်သူအော်​လန်​ကလည်း မှိန်းနဲ့ထိုးခဲ့တယ်​လို့ ရဲမှတ်​တမ်းမှာ ​ဖော်ပြထားပါတယ်​။   “သူတို့ညီအစ်​ကိုချင်းစကားများတာကို ကြွက်​နီက သူ့​ပြောတယ်​ထင်​ပြီး ဓားနဲ့ခုတ်​တာ။ ​အောင်​မိုးမှာ လည်​ပင်​ပြတ်​ရှဒဏ်​ရာနဲ့ ​နေရာမှာတင်​​သေဆုံးသွားပါတယ်။ ​အောင်​မိုးမိန်းမလည်း ဓားဒဏ်​ရာ​တွေနဲ့ သူ့သား​ နေမျိုးလင်းမှာလည်း ​အော်​လန်​က မှိန်းနဲ့ထိုးထားတယ်​။”လို့ အသရော်နယ်မြေရဲကင်းက ဒုရဲအုပ် အေးမင်းက ပြောပါတယ်။   ဒဏ်ရာ ရရှိသူများတွေကို သာယာဝတီ ပြည်သူ့ဆေးရုံမှာပို့ဆောင်ထားပြီး ပြစ်မှု…

Read More

အထည်ချုပ်စက်ရုံမှာ သပိတ်စခန်းဖွင့်ထားတဲ့အလုပ်သမားတွေ ဒီနေ့မှာ အလုပ်ရှင်နဲ့ တွေ့ဆုံဆွေးနွေးမယ်

    ရန်ကုန်၊ ဇွန် ၅ – ၂၀၁၉ သိင်္ဂီ (VOM)   ပြီးခဲ့တဲ့ရက်ပိုင်းက Myan Mode အထည်ချုပ်စက်ရုံမှာ  သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ လက်ရှိအလုပ်လုပ်နေတဲ့ အလုပ်သမားတွေကြား ပဋိပက္ခဖြစ်ပွားခဲ့ရာကနေ  ဆန္ဒပြအလုပ်သမား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ကိစ္စအပါအဝင် ကနီဦးတောင်းဆိုချက်တွေရရှိဖို့ ဒီနေ့မှာ အလုပ်ရှင်နဲ့တွေ့ဆုံသွားမယ်လို့ အဲဒီအလုပ်သမားတွေဆီက သိရပါတယ်။   ရန်ကုန်မြို့ ရွှေလင်ဗန်းစက်မှုဇုန်အတွင်းက Myan Mode အထည်ချုပ်စက်ရုံမှာ ဇွန်လ ၃ ရက် ညနေပိုင်းက စက်ရုံကို သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ အလုပ်သမားတွေနဲ့ လက်ရှိအလုပ်ဝင်နေတဲ့အလုပ်သမားတွေ ပဋိပက္ခဖြစ်ပွားခဲ့ရာက ထိခိုက်ဒဏ်ရာရှိသူတွေအတွက် စက်ရုံကဖြေရှင်းပေးဖို့နဲ့ ရက်မှန်ကြေး မဖြတ်တောက်ရေး၊ all super  leader တွေအနေနဲ့ အလုပ်သမားတွေအပေါ်ဖိနှိပ်ခိုင်းစေခြင်း မပြုလုပ်ဖို့၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တဲ့ အင်ဒိုနီးရှား နိုင်ငံသားကို အလုပ်ကနေ…

Read More

လက်ပံတန်းမှာ လာမယ့်ဘဏ္ဍာနှစ်အတွက် အင်း လေလံတင်ရောင်းချ

လက်ပံတန်း၊ ဇွန် ၅ – ၂၀၁၉ မိုးယံ (VOM)   ပဲခူးတိုင်း လက်ပံတန်းမြို့မှာ လာမယ့်ဘဏ္ဍာနှစ်အတွက်  နိုင်ငံတော်ပိုင်အင်း​တွေကို မနေ့ ဇွန် ၄ ရက်က  ပထမအကြိမ် လေလံတင်ရောင်းချခဲ့ရာ ကျပ်သိန်းပေါင်း ၈၀၀ ကျော်ရရှိခဲ့တယ်​လို့ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ​သိရပါတယ်​။   “အင်းပေါင်း ၃၄ အင်းကို လေလံတင်ရောင်းတာပါ။ အင်းဆွဲလက်မှတ်ဝယ်ယူထားတာက ၂၈ ဦးပါ။ အဲ့ဒီထဲမှာ အစုအဖွဲ့အနေနဲ့ လျှောက်တဲ့ တစ်ဖွဲ့ရတယ်။ အစုအဖွဲ့နဲ့လျှောက်ထားတာတွေကိုလည်း ထပ်စစ်​ပြီး​တော့ ဥပဒေနဲ့ညီရင်​ လုပ်​ကိုင်​ခွင့်​ပြုမှာပါ။” လို့ လက်ပံတန်းမြို့နယ် ငါးလုပ်ငန်းဦးစီးအရာရှိ ဦးဇော်မင်းလွင်က ပြောပါတယ်။   အင်းပေါင်း ၂၀ ကို လေလံ ရောင်းချရငွေ စုစုပေါင်း သိန်း ၈၉၀ ကျော် ရရှိထားပြီး  ကျန်နေသေးတဲ့အင်းတွေကိုလည်း ဒုတိယအကြိမ် အင်းလေလံမှာ ဆက်လက်ရောင်းချပေးသွားမယ်လို့…

Read More

ဈေးကွက် မျှတစွာယှဉ်ပြိုင်မှုမရှိတဲ့ လုပ်ငန်းရှင်​တွေကို မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှာ တိုင်ကြားနိုင်

ရန်​ကုန်​ ၊ ​ဇွန်​  ၅ – ၂၀၁၉ သူရိန် (VOM)   ယှဉ်ပြိုင်မှု ဥပဒေအရ ဈေးကွက်မှာ မျှတစွာ ယှဉ်ပြိုင်မှုမရှိတဲ့ လုပ်ငန်းရှင်​တွေကို မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်မှာ တိုင်ကြားနိုင်​တယ်​လို့ ဇွန်လ ၃ ရက်က ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲ အခမ်းအနားက​နေ သိရပါတယ်​။   “အဓိကတော့ ဈေးကွက်မှာ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ဖို့ လိုပါတယ်။ အကယ်၍ ချိုးဖောက်လာမယ်ဆိုရင် တိုင်ကြားမှုရှိတယ်ဆို ကော်မရှင်ကနေ စစ်ဆေးဆုံးဖြတ်ပေးရမှာပါ။ လွတ်လပ်စွာ ယှဉ်ပြိုင်တဲ့နေရာမှာလည်း ဥပဒေ၊ နည်းဥပဒေ  လုပ်ထုံးလုပ်နည်းများ သိရှိဖို့လိုပါတယ်။ အဲဒီအတိုင်းပဲ လိုက်နာကျင့်သုံးဖို့လိုပါတယ်။” လို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောပါတယ်​။   ဒါ့အပြင် ပြည်တွင်းမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်​…

Read More

အစ္စလာမ်ဘာသာဝင်တွေရဲ့ အိဒ်နေ့အထိမ်းအမှတ်ပွဲမှာ ဘာသာသာပေါင်းစုံ ပါဝင်ဆင်နွှဲ

မန္တလေး၊ဇွန် ၅ -၂၀၁၉ ဟိန်းကို(VOM)   အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုလ်လနောက်ဆုံးနေ့ဖြစ်တဲ့ အိဒ်နေ့အထိမ်းအမှတ်ပွဲကို ဒီကနေမနက်အစောပိုင်းက မန္တလေးမြို့၊အောင်မြေသာစံမြို့နယ် ၂၃ လမ်း ၈၂ လမ်းနဲ့ ၈၃ လမ်းကြားက ‘ကျောက်ဗလီ’ မှာ ကျင်းပပြုလုပ်ခဲ့ရာမှာ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်များ၊ လူပုဂ္ဂိုလ်များ တက်ရောက်ပြီး ပါဝင်ဆင်နွဲခဲ့ကြပါတယ်။   အိဒ်နေ့အထိမ်းအမှတ်ပွဲ ကျင်းပရာမှာ ဘာသာကြီး(၅)ခုဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဘဟာအီဘာသာဝင်တို့က ပါဝင်ဆင်နွှဲခဲ့ကြပြီး ငြိမ်းချမ်းရေး နှင်းဆီဖြူ ကမ်းလင့်ခြင်း ကမ်ပိန်းကိုလည်း Smile Myanmarအဖွဲ့က ပြုလုပ်ခဲ့ကြပါတယ်။   #voiceofmyanmar# အစ္စလာမ်ဘာသာဝင်တွေရဲ့အိဒ်နေ့ပွဲမှာဘာသာသာပေါင်းစုံပါဝင်ဆင်နွှဲ #မန္တလေး

Read More

ရန်ကုန်မြို့က ကျောင်းတွေမှာ စည်းကမ်းတကျ အမှိုက်ပစ်ဖို့ ပညာပေးလုပ်ငန်း ဆောင်ရွက်မယ်

ရန်ကုန်၊ ဇွန် – ၄ – ၂၀၁၉ သိင်္ဂီ (VOM)   ပရဟိတအဖွဲ့ ငါးဆယ်ကျော်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဌာန(YCDC)တို့ ပူးပေါင်းပြီး ရန်ကုန်မြို့က စာသင်ကျောင်းတွေမှာ  အမှိုက်ကို စည်းကမ်းတကျစွန့်ပစ်စေဖို့အတွက် ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။   ဒီပညာပေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မယ့် Clean Yangon ပရဟိတအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်သင်ဇာအေးက “အမှိုက်မပစ်ရေး ပညာပေး အစီအစဉ်အပြင် အပင်စိုက်ပျိုးခြင်းကိုပါ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်။ နောက်ပြီး အခုကျောင်းတွေက အစီအစဉ်ကို လုပ်ဖြစ်တာက အမှိုက်ကိစ္စနဲ့ပတ်သက်ရင် လူကြီးတွေကတော့ အမှိုက်ကို စနစ်တကျစွန့်ပစ်ရမယ်ဆိုတာ သိတယ်။ ဒါပေမယ့်  ကလေးငယ်တွေကတော့ သိပ်မသိကြဘူးလေ။”လို့ ဆိုပါတယ်။   ဒီပညာပေးလုပ်ငန်းတွေကို အခုလကနေ လာမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုလုပ်ဆာင်တာဟာ ကလေးငယ်တွေအနေနဲ့ အမှိုက်စွန့်ပစ်တဲ့အခါ…

Read More

စွန့်ပစ်ပစ္စည်း ရောင်းဝယ်သူတွေအတွက် မိုဘိုင်းအက်ပလီကေးရှင်းကနေ ချိတ်ဆက်လုပ်ကိုင်နိုင်ပြီ

ပြည်၊ ဇွန်- ၄ – ၂၀၁၉ ဂျန်ကိုးလ်(VOM)   စွန့်ပစ်ပစ္စည်း ရောင်းဝယ်လုပ်ကိုင်နေသူတွေအတွက် မိုဘိုင်းအက်ပလီကေးရှင်းကနေ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ Recycle Myanmar ဆိုတဲ့ အက်ပလီကေးရှင်းကို ရေးဆွဲထားပြီး အခု ပြည်မြို့မှာ စတင်စမ်းသပ်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။   စွန့်ပစ်အမှိုက်ဝယ်ယူသူတွေဆီကို အချက်အလက် ပေးပို့ ဆက်သွယ်ရောင်းချနိုင်သလို  ဝယ်ယူသူအနေနဲ့ကလည်း လမ်းတကာလှည့် အော်ဝယ်ရတာမျိုးမဟုတ်ဘဲ အက်ပလီကေးရှင်းကနေ ချိတ်ဆက်နိုင်မှာဖြစ်တဲ့အတွက် နှစ်ဖက်အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ အဲဒီ အက်ပလီကေးရှင်းကို ကိုပုညဆိုတဲ့လူငယ်တစ်ဦးက ရေးဆွဲခဲ့တာဖြစ်ပြီး ပိုင့်လော့ပရောဂျက်အနေနဲ့ စမ်းသပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။   “အရင်တုန်းကဆို ဒီစက္ကူတွေ သွား သွားရောင်းနေရတာ။ အခုကတော့ ဒီအက်ပလီကေးရှင်းနဲ့ လှမ်းရောင်းလိုက်တဲ့အချိန်မှာ သူတို့လာယူတော့ ကျနော်တို့သွားရောင်းစရာ မလိုတော့ဘူး။ အဆင်ပြေတာပေါ့။” လို့ မိတ္တူနဲ့စာအုပ်ချုပ်လုပ်ငန်းက ကိုစုပိုင်က ပြောပါတယ်။   အိမ်တွင်းအမှိုက်တွေဖြစ်တဲ့ သတင်းစာ၊ ဂျာနယ်၊ ပုလင်းခွံ၊…

Read More
VOM News

FREE
VIEW