ရန်ကုန် ၊ ဇွန် ၂၁ – ၂၀၁၉ သူရိန်(VOM) ပြည်တွင်းလေကြောင်းလိုင်းဈေးကွက် ခိုင်မာမှုရှိဖို့က ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေနဲ့ အများကြီး သက်ဆိုင်မှုရှိနေတယ်လို့ ပြည်တွင်းလေကြောင်း ပို့ဆောင်ရေးဦးစီးဌာနက သိရပါတယ်။ “တိုက်ရိုက်အချိုးကျတယ်ပေါ့။ ခရီးသွားဧည့်သည် များရင်များသလို ပိုပြီးတော့မှ လေကြောင်းလိုင်းဈေးကွက်က ခိုင်မာမှု ရှိလာနိုင်ပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ကလည်း နိုင်ငံတကာမှာရှိတဲ့ တိုးတက်နေတဲ့ လေကြောင်းလိုင်းတွေရဲ့ စီးပွားရေး နည်းစနစ်တွေကို လေ့လာဖို့ လိုတယ်။ ပြီးတော့ ယှဉ်ပြိုင်မှု ဥပဒေနဲ့ ကင်းလွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများလည်း လေ့လာဆန်းစစ် ဖို့ လိုအပ်တယ်။” လို့ ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောပါတယ်။ လေကြောင်းလိုင်းအများစုက အမြတ်စွန်းငွေ မရရှိဘဲ အရှုံးခံပြေးဆွဲနေရတဲ့ကြောင့် စီးပွားရေးအရ တွက်ခြေမကိုက်တဲ့အတွက် ရပ်နားလိုက်ရတဲ့ လေကြောင်းလိုင်းတွေလည်းရှိနေပြီး လေကြောင်းလိုင်းအသစ်တွေထပ်မံ ပေါ်ထွန်းဖို့ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။…
Read MoreMonth: June 2019
အီရန်အပေါ် စစ်ရေးအရလက်တုံ့ပြန်ဖို့ ခွင့်ပြုပြီးမှ ဒေါ်နယ်ထရန့် ပြန်ရုပ်သိမ်းခဲ့
ဝါရှင်တန်၊ ဇွန်-၂၁-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အီရန်အပေါ် စစ်ရေးအရ လက်တုံ့ပြန်ဖို့အတွက် ဇွန် ၂၁ ရက်က ခွင့်ပြုလိုက်ပြီးမှ စိတ်ပြောင်းပြီး စစ်ဆင်ရေးအကောင်အထည်ဖော်တာကို ရပ်ဆိုင်းလိုက်တယ်လို့ နယူးယောက်တိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။ စစ်ရေးအရ လက်တုံ့ပြန်တိုက်ခိုက်မှုမှာ အီရန်ရဲ့ အနည်းငယ်မျှသော ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ စီစဉ်ထားတယ်လို့ အိမ်ဖြူတော် ထိပ်တန်းတာဝန်ရှိသူတွေကို ကိုးကားပြီး အဲဒီသတင်းဌာနက ဖော်ပြပါတယ်။ လက်တုံ့ပြန်ဖို့ အစီအစဉ်အတွက် မစ္စတာထရန့်က စစ်တပ်ကို ဘေးဖယ်လိုက်ချိန်မှာတော့ စစ်ဆင်ရေးရဲ့ အစောပိုင်းက အဆင့်တွေဟာ ဆောင်ရွက်ဆဲ အခြေအနေဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က လက်ရှိအချိန်ထိ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ အမေရိကန် မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်တစ်စင်းကို အီရန်စစ်ဘက်က ပစ်ချလိုက်ပြီးနောက်…
Read Moreမန္တလေးမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ် တို့ချဲ့ဖွဲ့စည်း
မန္တလေး၊ ဇွန် ၂၁ – ၂၀၁၉ နေသူ (VOM) နိုင်ငံတော်သမ္မတက မန္တလေးတိုင်းမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန (အသစ်)ကို တိုးချဲ့ဖွဲ့စည်းဖို့ တိုင်းလွှတ်တော်ကို သဝဏ်လွှာပေးပို့ အဆိုပြုခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန် ၂၁ ရက်မှာ ကျင်းပတဲ့ မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးမှာတော့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်ထက်မှာ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းဖို့ မန္တလေးတိုင်းလွှတ်တော်ကို ပထမဆုံးအကြိမ် ပေးပို့ခဲ့တဲ့အဆိုပြု သဝဏ်လွှာ ဖြစ်ပါတယ်။ ဝန်ကြီးဌာနအသစ် ဖွဲ့စည်းဖို့ သမ္မတကနေ တိုင်းလွှတ်တော်ကို ၂၀၀၈ အခြေခံဥပဒေအရ အတည်ပြုချက် ရယူခဲ့တာဖြစ်ပြီး ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းခြင်းနဲ့ ဝန်ကြီးအရေအတွက်ကိုတော့ သမ္မတကသာ လုပ်ပိုင်ခွင့်ရှိတယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။ ဒီဌာနဖွဲ့စည်းတာနဲ့ ပတ်သက်လို့ ဒေါက်တာ ဇော်မြင့်မောင်က“လူ့စွမ်းအားအရင်းအမြစ်ဌာန…
Read Moreမင်းပြားမြို့နယ် ရွှေကျင်ကျေးရွာအနီးတိုက်ပွဲဖြစ်ပွား လေယာဉ်ပစ်ကူများနဲ့ပစ်ခတ်
မင်းပြား၊ ဇွန် ၂၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းအတွင်းမှာရှိတဲ့ ရွှေကျင်ကျေးရွာအနီးမှာ ဒီနေ့မနက်ပိုင်းက တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ရွှေကျင်ကျေးရွာနဲ့ အရှေ့ဘက်တောင်တန်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့သလို ရဟတ်ယာဉ်တွေနဲ့လည်း ပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။ “တိုက်ပွဲက ကျနော်တို့ရွာရဲ့ အရှေ့ဘက်တောင်တန်းတွေမှာ ဖြစ်ခဲ့တာပါ။ ဖြစ်တာတော့ မမြင်ရဘူး။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကိုပဲ ကြားရတာပါ။ ရဟတ်ယာဉ်နှစ်စီးနဲ့တော့ မိနစ် ၂၀ ဝန်းကျင်လောက် ပစ်ခတ်ခဲ့တာကိုတော့ မြင်လိုက်ရပါတယ်။”လို့ ရွှေကျင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောပါတယ်။ အဲဒီတိုက်ပွဲဟာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ AA ဘက်ကနေ ယာယီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး လေယာဉ်ပစ်ကူအသုံးပြုပစ်ခတ်မှုရှိမရှိကို သူ့အနေနဲ့ မပြောနိုင်ဘူးလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်…
Read Moreအိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲတိမ်းမှောက် လူ ၄၄ ဦးသေဆုံး
ဒေလီ၊ ဇွန်-၂၁-၂၀၁၉ မျိုးဆက် (VOM) အိန္ဒိယနိုင်ငံမှာ ဘတ်စ်ကားတစ်စီး ချောက်ထဲကို ထိုးကျတိမ်းမှောက်သွားတာကြောင့် လူ ၄၄ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဖြစ်စဉ်ဟာ နိုင်ငံမြောက်ပိုင်း တောင်ထူထပ်ရာဒေသဖြစ်တဲ့ ဟီမာချယ်ပရာဒတ်ရှ်ခရိုင်မှာရှိတဲ့ ကူလူမှာ ဇွန် ၂၀ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒါဇင်ပေါင်းများစွာ ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပါတယ်။ ဘတ်စ်ကားဟာ ချောက်အတွင်းတိမ်းမှောက်သွားချိန်မှာ လူ ၆၀ ဦးထက်မနည်း တင်ဆောင်ထားပြီး အချို့ခရီးသည်တွေကတော့ ကားခေါင်မိုးပေါ်မှာ လိုက်ပါခဲ့ကြပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အလွန်ဝမ်းနည်းကြေကွဲကြောင်း ၀န်ကြီးချုပ်မိုဒီက သူရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။ ဘတ်စ်ကားဟာ အလွန်တရာ ကျဉ်းပြီး မတ်စောက်တဲ့ လမ်းအကွေ့မှာ တိမ်းမှောက်ပြီး ချောက်ထဲကို ထိုးကျသွားတာဖြစ်ပါတယ်။ ဒီမတော်တဆမှုကြောင့် သေဆုံးသူ ၂၅ ဦးရှိတယ်လို့ တာဝန်ရှိသူတွေက ကနဦး ထုတ်ပြန်ခဲ့ပေမယ့်…
Read Moreလက်ပံတန်းမှာ သမီးယောက်ဖ စကားများပြီး ဓါးခုတ်မှုဖြစ် တစ်ဦးသေ
လက်ပံတန်း၊ ဇွန် ၂၁ – ၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း လက်ပံတန်းမြို့နယ်အတွင်းက ခမုံနယ်မြေ၊ မြင်ကဝကျေးရွာအုပ်စု၊ အေးသာယာကျေးရွာမှာ မနေ့ညနေပိုင်းက သမီးယောက်ဖနှစ်ဦး စကားများပြီး ဓါးနဲ့ခုတ်သတ်ခဲ့မှု ဖြစ်ခဲ့တယ်လို့ ခမုံနယ်မြေ ရဲစခန်းက သိရပါတယ်။ “ဖိုးကွီးက သူ့အစ်မကို မူးပြီး ရန်လုပ်နေတာလည်းပါတယ်။ ပြီးတော့ ကျေးရွာ တစ်အုပ်စုတည်းနေတဲ့ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ မိန်းကလေးငယ်ကို သေဆုံးသူ ဖိုးကွီးက အဓမ္မပြုကျင့်ခဲ့လို့ ယောက်ဖက ရှက်ပြီး ဓားနဲ့ခုတ်သတ်လိုက်တာပါ။ ယောက်ဖက လူရိုးလူအေးကြီးပါ။”လို့ မြင်ကဝအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။ အေးသာယာကျေးရွာနေ အသက် ၃၁ နှစ်အရွယ် ခိုင်လင်းနိုင်(ခ)ဖိုးကွီးဟာ အရက်သောက်ပြီး တစ်အိမ်တည်း နေ အစ်မဖြစ်သူကို စကေဘာနဲ့ လိုက်လံထိုးသတ်နေတာကို ယောက်ဖတော်သူ အသက် ၄၅ နှစ်အရွယ်…
Read Moreသံဃာသင်းကွဲကိစ္စရပ်တွေ ဆက်ဖြစ်နေရင် ဂဠုန်နီဆရာတော်ဦးဆောင်တဲ့အဖွဲ့က တားဆီးမယ်
မန္တလေး၊ဇွန် ၂၁-၂၀၁၉ ဟိန်းကို(VOM) လက်ရှိဖြစ်ပွားနေတဲ့ သံဃာသင်းကွဲ ကိစ္စရပ်တွေကို ထိန်းသိမ်းနိုင်မှုမရှိဘဲ ဆက်ပြီးဖြစ်နေရင် ဂဠုန်နီဆရာတော် ဦးဆောင်တဲ့ အထက်မြန်မာပြည်သံဃာ့သမဂ္ဂအဖွဲ့ချုပ်က လက်ပိုက်ကြည့်မနေဘဲ ဥပဒေနဲ့အညီတားဆီးရလိမ့်မယ်လို့ ဇွန်လ၂၀ ရက် ညနေပိုင်းက မန္တလေးမြို့မှာပြုလုပ်တဲ့ ဘာသာပေါင်းစုံမိတ်ဆုံစားပွဲ အခမ်းအနားမှာ ဂဠုန်နီဆရာတော် ဘဒ္ဒန္တကာဝိယက မိန့်ကြားခဲ့ပါတယ်။ ဆရာတော်ဘဒ္ဒန္တကာဝိယဟာ ၁၉၈၈ ခုနှစ်က အထက်ဗမာပြည် ပြည်သူတွေ ဒီမိုကရေစီအရေးပါဝင်လှုပ်ရှားဖို့ လှုံ့ဆော်ခဲ့တဲ့ ဂဠုန်နီသပိတ်အဖွဲ့ ဥက္ကဌ ဆရာတော်တစ်ပါးလည်း ဖြစ်ပါတယ်။ #voiceofmyanmar #သံဃာသင်းကွဲကိစ္စရပ်တွေဆက်ပြီးဖြစ်နေရင် ဥပဒေနဲ့အညီတားဆီးမယ် #ဂဠုန်နီဆရာတော်ဦးဆောင်တဲ့အဖွဲ့# မန္တလေး
Read Moreဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းလိုတာကြောင့် ဆန္ဒထုတ်ဖော်
ရန်ကုန်၊ဇွန် ၂၀ -၂၀၁၉ သစ်တော် (VOM) ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က တညင်းကုန်းဈေးက ဈေးသူဈေးသားတွေဟာ မူလဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းရွှေ့လိုတာကြောင့် အင်အား ငါးရာလောက်က ဒီနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ”ဒီနေ့ဆန္ဒပြရတဲ့ ရည်ရွယ်ချက်ကတော့ မူလဈေးဟောင်းကနေ ဈေးသစ်ကို မပြောင်းရွှေ့နိုင်တဲ့ အကြောင်းကြောင့်ပါ။ ပြောင်းရွှေ့ရမယ်ဆိုတဲ့ စည်းကမ်းချက်တွေကိုလည်း မြို့တော်ခန်းမမှာ ကော်မတီဆယ်ဦး အပါအဝင် တွဲဖက်အတွင်းရေးမှူး ဦးသန်းကနေ ဆုံးဖြတ်လိုက်တယ်လို့ သိရတဲ့အတွက် မကျေနပ်လို့ပါ။” လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အပြင်ဈေးရုံ ကိုယ်စားလှယ် ကိုစိုးကျော်က ပြောပါတယ်။ မူလဈေးဟောင်းနေရာ ပြန်လည်ရရှိရေး၊ ရန်ကုန်မြို့ရှိ အခြားဈေးများနည်းတူ မူလနေရာမှာပဲ စည်ပင်သာယာလက်အောက်တွင်နေစေလိုရေး၊ အများပြည်သူများဘဝ ကုမ္ပဏီလက်အောက်သို့ မရောက်ရှိရေး၊ ပြည်သူတင်မြောက်ထားတဲ့ ပြည်သူ့အစိုးရ ပြည်သူ့ဆန္ဒ နားထောင်ပေးရေး၊ ဈေးတာဝန်ခံ ဦးသန်းထွဋ် အလိုမရှိ စတာတွေကို ဒို့အရေး…
Read Moreအပြစ်မရှိတဲ့သူတွေကို ဖမ်းဆီးထားရာကနေ အမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို
စစ်တွေ၊ ဇွန် ၂၀-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်း စစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေမှာ ကျေးရွာသားတွေ ဖမ်းဆီးခံနေကြရပြီး အဲ့ဒီကျေးရွားသားတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ တပ်မတော်က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ အဲ့ဒီတရားစွဲဆိုခံနေရတဲ့သူတွေထဲမှာ မြောက်ဦးမြို့နယ်လက္ကာကျေးရွာက ဆယ်တန်းကျောင်းသားလေးတွေ ပါဝင်နေပြီး သူတို့တွေကို အစိုးရနဲ့သက်ဆိုင်ရာတွေဘက်က ပြန်လည်လွှတ်ပေးမယ်လို့ ပြောဆိုထားပေမယ့် အခုအချိန်ထိ မလွှတ်ပေးသေးတာကြောင့် ပညာရေးအတွက် နစ်နာဆုံးရှုံးနေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်စတဲ့မြို့နယ်တွေက ဖမ်းဆီးခံနေရသူ ၅၀ ကျော်ကို စစ်တွေခရိုင်တရားရုံးမှာ ရုံးထုတ်ရမာန်ယူခဲ့တာဖြစ်ပြီး သူတို့အထဲမှာ အသက်ကြီးပိုင်းတွေပါဝင်နေသလို တချို့မှာရာသီတုပ်ကွေကြောင့် ဖျားနာနေသူတွေလည်းရှိနေပြီး ဆေးကုသခွင့်ရချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ #voiceofmyanmar # အပြစ်မရှိတဲ့သူတွေကိုဖမ်းဆီးထားရာကနေအမြန်ဆုံးလွှတ်ပေးဖို့ မိသားစုတွေတောင်းဆို # ရခိုင် #မြောက်ဦး# ကျောက်တော် # ရသေ့တောင်
Read Moreမန္တလေး ကျောက်စိမ်းဈေးကွက် အရောင်းအဝယ် အရင်ကထက် ပိုအေး
မန္တလေး၊ ဇွန် ၂၀ ၂၀၁၉ နေခ(VOM) ဒီရက်ပိုင်း မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်း ကျောက်စိမ်းဈေးကွက်က အရောင်းအဝယ်မရှိသလောက် အေးနေတယ်လို့ ကျောက်စိမ်းကုန်သည်အချို့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အသားကျောက်ပြပွဲအပြီးမှာ အရောင်းအဝယ်ပိုအေးနေတာပါ။ အဲဒီအသားကျောက်ပြပွဲကို ဇွန်လ ၈ ရက်ကနေ ၁၃ ရက်အထိ ကျင်းပခဲ့တာဖြစ်ပြီး ပြပွဲ မတိုင်ခင်ကတည်းက ကျောက်စိမ်း အရောင်းအဝယ် အေးနေပြီဖြစ်ပေမယ့် ပြပွဲပြီးကာလမှာတော့ ဈေးကွက်အနေအထား ပိုမို ဆိုးရွားလာခဲ့တယ်လို့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး) ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။ အရောင်းအဝယ် အေးနေရခြင်းနဲ့ ပတ်သက်လို့ “တရုတ် နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့်လည်း ပါမယ်။ ကျောက်စိမ်းက တရုတ်က ရောင်းရတာကိုး။” လို့ ဦးသန်းဝင်းက ဆိုပါတယ်။ မဟာအောင်မြေ…
Read More