ဂျပန်မှာ မိုးသည်းထန်စွာရွာသွန်းလို့ လူရှစ်သိန်းနီးပါး ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အမိန့်ထုတ်

တိုကျို၊ ဇူလိုင်-၃-၂၀၁၉

မျိုးဆက် (VOM)

 

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက ကာဂိုရှီးမား၊ ကီရီရှီးမားနဲ့ အိုင်ရာမြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အသက်အန္တရယ်ရှိတဲ့ မြေပြိုမှုတွေဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ဇူလိုင် ၃ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။

 

အဲဒီအမိန့်ဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတစ်လျှောက် အိမ်ထောင်စု သုံးသိန်းခုနစ်သောင်းက လူပေါင်း ခုနှစ်သိန်းကိုးသောင်းအပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ အင်န်အိပ်ခ်ျကေ သတင်းဌာနက ဖော်ပြထားပါတယ်။

 

ကာဂိုရှီမားမြို့မှာ ကြာသပတေးနေ့ မနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိတာကြောင့် မြို့မှာနေထိုင်တဲ့ ဒေသခံ ခြောက်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ဒီနေ့မနက် ကိုးနာရီ သုံးဆယ်မိနစ်မှာ အမိန့်ထုတ်လိုက်ပါတယ်။

 

အသက်အန္တရယ်ရှိတဲ့ မြေပြိုမှုတွေ မြစ်ရေကြီးတာတွေဖြစ်တော့မယ့် အခြေအနေတစ်ရပ်ဖြစ်နေတယ်လို့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ချောင်း၊မြောင်းတွေ ဒါမှမဟုတ် မြစ်နဲ့နီးတဲ့နေရာလိုမျိုး အန္တရာယ်ရှိတဲ့ နေရာမျိုးတွေမှာ နေထိုင်သူတွေကို ချက်ချင်းပြောင်းရွှေ့ကြဖို့ တိုက်တွန်းထားပါတယ်။

 

မိုးသည်းထန်စွာရွာသွန်းတာနဲ့ ဆက်နွယ်ပြီး ရေကြီးခြင်းနဲ့ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တဲ့ ဒေသတွေမှာ သတိပေးချက် အဆင့်လေး ထုတ်ပြန်ထားပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

 

Ref: UPI

Photo :AP

#voiceofmyanmar # ဂျပန် #မိုးသည်းထန်စွာရွာသွန်း #လူရှစ်သိန်းနီးပါးဘေးလွတ်ရာပြောင်းရွှေ့ဖို့ အမိန့်ထုတ် #တိုကျို # ကာဂိုရှီးမား #ကီရီရှီးမား #အိုင်ရာမြို့

Related posts

Leave a Comment

VOM News

FREE
VIEW