ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် ဝင်ရောက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၃ – ၂၀၁၉ သိဂီ င်္(VOM)   ပြည်တွင်း မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့  အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် ဝင်ရောက်မှုရှိနေတယ်လို့  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ သိရပါတယ်။   ဒီရင်းနှီးမြှုပ်နှံမှုတွေကို ပြည်ပနိုင်ငံ  ၆ ခုက ၀င်ရောက်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ဂျပန်နိုင်ငံက ၂ခု ၊ တရုတ်နိုင်ငံက ၁ခု၊ မလေးရှား နိုင်ငံက၂ ခု ၊ စကာင်္ပူနိုင်ငံက ၃ခု ၊ ကိုရီးယာနိုင်ငံက ၁ ခုနဲ့ ဟောင်ကောင်က ၁ခု ဖြစ်တယ်လို့ သိရပါတယ်။   “ဒီလုပ်ငန်း အများစုက ရန်ကုန်တိုင်းဒေသကြီးမှာ ဆောင်ရွက်တယ်။ နောက်  ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးမှာလည်း လုပ်တယ်။”လို့ ‎ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောပါတယ်။  …

Read More

အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးလုပ်တဲ့အခါမှာ ရန်သူတွေသဖွယ်မလုပ်ဖို့ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောဆို

နေပြည်တော်၊ ဇူလိုင် ၃ – ၂၀၁၉ ကိုထွန်း(VOM)   နိုင်ငံအတွက် အနာဂါတ်မျိုးဆက်တွေရဲ့ အကျိုးကိုထမ်းဆောင်နိုင်ရေး အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးလုပ်တဲ့အခါမှာ ရန်သူတွေသဖွယ် မလုပ်ဘဲ တန်းတူညီတူ လက်တွဲလုပ်ဆောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ အခမ်းအနားမှာ  ပြောဆိုပါတယ်။   “အမျိုးသား၊ အမျိုးသမီးတန်းတူညီမျှရေး လုပ်တဲ့အခါမှာ ရန်သူတွေသဖွယ် တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး လုပ်တာမဟုတ်ဘဲနဲ့ မိတ်ဆွေများလို၊ မောင်နှမရင်းချာတွေလို စိတ်ဓါတ်တွေနဲ့ လုပ်တာပဲ ဖြစ်စေချင်ပါတယ်။ အမျိုးသားတွေကို နောက်မကျန်ခဲ့စေချင်သလို ကျမတို့အမျိုးသမီးတွေကလည်း နောက်မကျန်ရစ်ခဲ့ချင်ပါဘူး။ အားလုံးလက်တွဲပြီးတော့ တန်းတူညီတူ လက်တွဲပြီး သွားနိုင်ဖို့ ဦးတည်ရမှာ ဖြစ်ပါတယ်။”လို့ ပြောဆိုခဲ့တာပါ။   ကျား၊ မရေးရာ တန်းတူညီမျှမှုနဲ့ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ လူမှုရေးရာဝန်ဆောင်မှုများနဲ့ လုပ်ထုံးလုပ်နည်း ယန္တရားများအတွက် ဆန်းသစ်တဲ့နည်းလမ်းသစ်များကို…

Read More

ဂျပန်မှာ မိုးသည်းထန်စွာရွာသွန်းလို့ လူရှစ်သိန်းနီးပါး ဘေးလွတ်ရာပြောင်းရွှေ့ဖို့ အမိန့်ထုတ်

တိုကျို၊ ဇူလိုင်-၃-၂၀၁၉ မျိုးဆက် (VOM)   ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းက ကာဂိုရှီးမား၊ ကီရီရှီးမားနဲ့ အိုင်ရာမြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး အသက်အန္တရယ်ရှိတဲ့ မြေပြိုမှုတွေဖြစ်ပွားနိုင်တာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ဇူလိုင် ၃ ရက်မှာ အမိန့်ထုတ်လိုက်ပါတယ်။   အဲဒီအမိန့်ဟာ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတစ်လျှောက် အိမ်ထောင်စု သုံးသိန်းခုနစ်သောင်းက လူပေါင်း ခုနှစ်သိန်းကိုးသောင်းအပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ အင်န်အိပ်ခ်ျကေ သတင်းဌာနက ဖော်ပြထားပါတယ်။   ကာဂိုရှီမားမြို့မှာ ကြာသပတေးနေ့ မနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိတာကြောင့် မြို့မှာနေထိုင်တဲ့ ဒေသခံ ခြောက်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ဒီနေ့မနက် ကိုးနာရီ သုံးဆယ်မိနစ်မှာ အမိန့်ထုတ်လိုက်ပါတယ်။   အသက်အန္တရယ်ရှိတဲ့ မြေပြိုမှုတွေ မြစ်ရေကြီးတာတွေဖြစ်တော့မယ့် အခြေအနေတစ်ရပ်ဖြစ်နေတယ်လို့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ချောင်း၊မြောင်းတွေ ဒါမှမဟုတ် မြစ်နဲ့နီးတဲ့နေရာလိုမျိုး အန္တရာယ်ရှိတဲ့ နေရာမျိုးတွေမှာ နေထိုင်သူတွေကို ချက်ချင်းပြောင်းရွှေ့ကြဖို့…

Read More

စစ်ကြောရေးကာလအတွင်း အရပ်သားတွေသေဆုံးမှု တရားမျှတမှုရှိရေး တောင်းဆို

စစ်တွေ၊ ဇူလိုင် ၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အရပ်သားတွေ ဖမ်းဆီးခံရပြီး သေဆုံးမှုတွေ ပိုမိုမြင့်မားလာနေတာ ဖြစ်ပါတယ်။   အဲ့ဒီလို သေဆုံးနေကြရတဲ့ အရပ်သားပြည်သူတွေနဲ့ပတ်သက်လို့ တရားမျှတမှုရှိစေရေးအတွက် ဇူလိုင် ၂ ရက် နေ့လည်ပိုင်းက ရခိုင်ပြည်နယ်စစ်တွေမြို့ ဦးဥတ္တမပန်းခြံမှာ လူငယ်တွေစုပေါင်းပြီး တောင်းဆိုမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။   “ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် နစ်နာဆုံးရှုံးနေရတဲ့ပြည်သူတွေ၊ မတရားနှိပ်စက်ဖမ်းဆီးခံနေရတဲ့ပြည်သူတွေ၊ ဒီအပေါ်မှာ မှန်ကန်တဲ့ တရားမျှတမှုကို လိုချင်တဲ့အတွက် ဒီလိုလုပ်ရခြင်း ဖြစ်ပါတယ်။”လို့ ဦးဆောင်လှုပ်ရှားခဲ့သူ ကိုသန်းလှက ပြောပါတယ်။   ဒါ့အပြင် အဲ့ဒီတောင်းဆိုတဲ့လှုပ်ရှားမှုမှာ အရပ်သားတွေရဲ့ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်ခံရတာတွေကို ခံစားနေရတာနဲ့ ပတ်သက်လို့ သရုပ်ဖော်ပြကွက်တွေကိုလည်း ထည့်သွင်းပြသခဲ့ကြတာ ဖြစ်ပါတယ်။   အဲ့ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့သူ မစုစုဝေမြတ်က“လူသားတစ်ဦးရဲ့ဖြစ်တည်မှုဆိုကတည်းက ရပိုင်ခွင့်တွေ…

Read More

အိပ်ပျော်နေစဉ် အမျိုးသားသုံးဦးက အနုကြမ်းဝင်စီး၊ ငွေသိန်း နှစ်ရာကျော် ယူဆောင်သွား

ပဲခူး၊ ဇူလိုင်​ ၃- ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း အင်းတ​ကော်​နယ်​​မြေ တာဝအုပ်​စု ဘီလူးကုန်း​ကျေးရွာက အိမ်တစ်အိမ်ကို  မ​နေ့ည ဆယ်နာရီပတ်​ဝန်းကျင်​က အမည်​မသိအမျိုးသားသုံးဦးဟာ  အနုကြမ်းဝင်စီးပြီး ​ငွေသိန်း ၂၃၀ ကျော်​ယူ​ဆောင်​သွားတယ်​လို့ အင်းတ​ကော်​ နယ်​​မြေရဲစခန်းက သိရပါတယ်​။   အသက်​ ၆၅ နှစ်​အရွယ် ​ဦး​ကျော်​သန်းနဲ့ အသက်​ ၆၄ နှစ်​အရွယ် ဇနီးဒေါ်ညွှန့်​ရီ၊ ​ အသက်​ ၁၄ နှစ်အရွယ် မြေးဖြစ်သူ မဖြိုးသူခိုင်​တို့ဟာ နေအိမ်မှာ အိပ်​​နေစဉ်​ အခုလို အနုကြမ်းစီးခံရတာဖြစ်​​တယ်လို့ သိရပါတယ်။   “ အိမ်​​ရှေ့ခန်းမှာ ပူလို့ခြင်​​ထောင်​မ​ထောင်​ဘဲ အိပ်​​နေတာပါ။ အိမ်​ထဲခန်းထဲမှာ သမီးအိပ်​​နေတယ်​။ ည ၁၀ နာရီ​လောက်​မှာ လူနှစ်​​ယောက်​ အနား​ရောက်​လာတယ်​။ တစ်​​ယောက်​က မျက်​နှာကို ဓာတ်​မီးနဲ့ထိုးပြီး ​ဗိုက်​ကိုဓားနဲ့​ထောက်​ထားတယ်။ ​နောက်​တစ်​​ယောက်​က ပါးစပ်​ကို ပုဆိုးနဲ့ပိတ်​ပြီး…

Read More

ရုရှားသုတေသန ရေငုပ်သင်္ဘောမီးလောင်၊ သင်္ဘောအမှုထမ်း ၁၄ ဦးသေဆုံး

မော်စကို၊ ဇူလိုင်-၃-၂၀၁၉ မျိုးဆက် (VOM)   ရုရှားသုတေသန ရေငုပ်သင်္ဘောတစ်စင်းပေါ်မှာ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် သင်္ဘောအမှုထမ်း ၁၄ ဦးသေဆုံးသွားတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။   အဲဒီသင်္ဘောအမှုထမ်းတွေဟာ ဇူလိုင် ၁ ရက်က ရုရှားရေပိုင်နက်အတွင်း တိုင်းတာစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ရေငုပ်သင်္ဘောပေါ်မှာ မီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာတဲ့ ဓါတ်ငွေ့တွေကို ရှူရှိုက်မိပြီး အဆိပ်သင့်သေဆုံးခဲ့တာ ဖြစ်ပါတယ်။   မီးလောင်မှုဖြစ်ပွားခဲ့တဲ့ သင်္ဘောအမျိုးအစားနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါပေမယ့် နျူကလီးယားစွမ်းအင်သုံး အသေးစားရေငုပ်သင်္ဘောတစ်စင်းဖြစ်တယ်လို့တော့ ရုရှား သတင်းဌာနတွေက ဖော်ပြပါတယ်။   သင်္ဘောပေါ်မှာ လောင်ကျွမ်းခဲ့တဲ့မီးဟာ နောက်ပိုင်းမှာငြိမ်းသွားပြီး လက်ရှိမှာတော့ အဲဒီသင်္ဘောဟာ ရုရှားမြောက်ပိုင်း ရေတပ်ဌာနချုပ်ရဲ့ အဓိကအခြေစိုက်စခန်းဖြစ်တဲ့ ဆီဗာရိုမော့စ်ခ်မှာ ရောက်ရှိနေပြီ ဖြစ်ပါတယ်။   သင်္ဘောမီးလောင်ကျွမ်းချိန်မှာ သင်္ဘောပေါ်မှာ အမှုထမ်းဘယ်လောက် လိုက်ပါသွားသလဲဆိုတာကိုတော့…

Read More

သူရဦးရွှေမန်းဘက်ကနေ ဒရိုင်ဘာတစ်ဦးက တရားလိုလုပ် တရားစွဲထားတဲ့အမှု သုံးဦးစုံမှ ရဲစခန်းစစ်မေးမှုကို လက်ခံမယ်လို့ ဦးလှဆွေပြော

နေပြည်တော်၊ ဇူလိုင် ၃ – ၂၀၁၉ ကိုထွန်း(VOM)   သူရဦးရွှေမန်းဘက်ကနေ ဒရိုင်ဘိုင်တစ်ဦးဖြစ်သူက ဦးလှဆွေ၊ ဦးရဲထွဋ်နဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်လွတ်လုံ ပုဒ်မနဲ့ တရားစွဲဆိုထားတဲ့အမှုမှာ သုံးဦးစလုံး ဆုံမှ ရဲစခန်းကမေးမြန်းမှုတွေကို လာရောက်ဖြေဆိုပေးမယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ(ဘူးလက်လှဆွေ)က ပြောပါတယ်။   “တရက်တည်းမှာ သုံးယောက်လုံးကိုစွဲတာပေါ့နော်။ ပုဒ်မက ဒီပုဒ်မပဲ။ ဆိုတော့ ကျနော်က ဗမာပြည်မှာရှိတယ်၊ ဟိုလူနှစ်ယောက်က ဗမာပြည်မှာမရှိဘူး။ တယောက်က အမေရိကားမှာ၊ တယောက်က စင်္ကာပူမှာ။ ဆိုတော့ သုံးယောက်ဆုံရင်ကျုပ်ကို ခေါ်လိုက်လို့ ပြောလိုက်တယ်။” လို့ ဦးလှဆွေ(ဘူးလက်လှဆွေ) ဒီနေ့မှာ ပြောပါတယ်။   ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ ဧပြီလက ဦးရဲထွဋ်(ပြန်ကြားရေးဝန်ကြီးဟောင်း)၊ ဦးလှဆွေ(ဘူးလက်လှဆွေ)၊ ဦးဘိုဘိုကျော်ငြိမ်း (မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ)တို့ဟာ လူထုမီဒီယာနဲ့ တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့တာတွေက သူရဦးရွှေမန်းရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင်၊ အကြည်ညိုပျက်အောင် ဖြေကြားခဲ့တဲ့အပြင်…

Read More

ပြည် ကုတင် ၅၀၀ ဆေးရုံကြီးမှာ သွေးလိုအပ်မှုတွေရှိနေ

ပြည်၊ ဇူလိုင် ၃ – ၂၀၁၉ လမင်း (VOM)   ပဲခူးတိုင်း ပြည်မြို့မှာရှိတဲ့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးမှာ လာရောက်ကုသနေတဲ့ လူနာတွေအတွက် သွေးလိုအပ်မှုတွေ ရှိနေတယ်လို့ အဲဒီဆေးရုံကြီးက သိရပါတယ်။   “ပုံမှန် တာဝန်ကျတဲ့အတိုင်း ခွဲလို့၊ စိတ်လို့ လိုတဲ့လူနာတွေအပြင် နေ့စဉ်နေ့တိုင်း ဘယ်လိုမှတားဆီးလို့မရနိုင်တဲ့ ကားမှောက်၊ ဆိုင်ကယ်တိုက်တာ အဲ့လိုမတော်တဆမှုမျိုးစုံနဲ့ တော်တော်များများ ရောက်လာတာကြောင့် တနေ့ကို သုံးစွဲတဲ့သွေးပမာဏတွေ အများဆုံးသုံးစွဲနေရတာကြောင့် လိုအပ်နေတာ။” လို့ အဲဒီဆေးရုံရဲ့ ရောဂါဗေဒ ဆရာဝန်ကြီး ဒေါက်တာအောင်ငြိမ်းဝင်းက ရှင်းပြပါတယ်။     ပြည်ကုတင် ၅၀၀ ဆေးရုံကြီးကို စတည်ဆောက်စဉ်က ကုတင် ၂၀၀ ဆံ့ကနေ ၂၀၁၅ ခုနှစ်မှာ ကုတင် ၅၀၀ ဆံ့အဖြစ် တိုးမြှင့်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက သွေးလိုအပ်မှုတွေ ရှိခဲ့ရာကနေ…

Read More
VOM News

FREE
VIEW