ပြည်တွင်း မော်တော်ယာဉ်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် ဝင်ရောက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၃ – ၂၀၁၉

သိဂီ င်္(VOM)

 

ပြည်တွင်း မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေနဲ့  အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် ဝင်ရောက်မှုရှိနေတယ်လို့  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ သိရပါတယ်။

 

ဒီရင်းနှီးမြှုပ်နှံမှုတွေကို ပြည်ပနိုင်ငံ  ၆ ခုက ၀င်ရောက်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပြီး ဂျပန်နိုင်ငံက ၂ခု ၊ တရုတ်နိုင်ငံက ၁ခု၊ မလေးရှား နိုင်ငံက၂ ခု ၊ စကာင်္ပူနိုင်ငံက ၃ခု ၊ ကိုရီးယာနိုင်ငံက ၁ ခုနဲ့ ဟောင်ကောင်က ၁ခု ဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီလုပ်ငန်း အများစုက ရန်ကုန်တိုင်းဒေသကြီးမှာ ဆောင်ရွက်တယ်။ နောက်  ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးမှာလည်း လုပ်တယ်။”လို့ ‎ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းက ပြောပါတယ်။

 

မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်မှုကဏ္ဍမှာ နိုင်ငံခြားကနေ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၁၀ ခုအထိ ခွင့်ပြုထားတာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့ကတော့  အမေရိကန်ဒေါ်လာ သန်း ၆၆၇.၄၃၀ ရှိလာပြီဖြစ်ပြီး ထပ်မံပြီးလည်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ အဲဒီပမာဏဟာ ၂၀၁၃ ခုနှစ်ကနေ လက်ရှိအချိန်ထိ ဝင်ရောက်မှုဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီဌာနက သိရပါတယ်။

 

အခုလို ၀င်ရောက်ရင်းနှီးမြှုပ်နှံလာတဲ့၊ ခွင့်ပြုထားတဲ့  ကုမ္ပဏီတွေကတော့ Suzuki Myanmar Motor Co.,Ltd ၊ The first Automotive Co.Ltd၊ Khine Khine Sang Da Group Co.,Ltd ၊ Tan Chang Motor Myanmar Co.,Ltd ၊ SC Auto Myanmar Company Limited ၊ Capital Motors Limited တွေပဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် Shwe Daehan Motors Co.,Ltd ၊ Gold AYA Motors International Group Co.,Ltd ၊ Daweoo Bus Myanmar Co.,Ltd ၊ Go Excellent Myanmar Co.,Ltd တို့ကိုလည်း အသီးသီး လုပ်ကိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

 

PHOTO – Daweoo Bus Myanmar

 

#voiceofmyanmar # ပြည်တွင်းမော်တော်ယာဉ်ကဏ္ဍ #နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော်ဝင်ရောက်မှုရှိ #ရန်ကုန် # မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

 

Related posts

Leave a Comment

VOM News

FREE
VIEW