နေပြည်တော်ရှိ မူကြိုကျောင်းက သုံးနှစ်ကလေး လိင်အကြမ်းဖက်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၆ – ၂၀၁၉

သစ်တော်၊သိဂီ င်္(VOM)

 

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံခဲ့ရတဲ့ သုံးနှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်အတွက် အမှုမှန်ပေါ်ပေါက်ရေး ပြည်သူ ၁၀၀၀ လောက်က ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

ပြီးခဲ့တဲ့ မေ ၁၇ ရက်က အဲဒီမူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ဗစ်တိုးရီးယားဟာ မဖွယ်မရာပြုကျင့်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ယူဆချက်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီပွဲပြီးသွားရင်လည်း ကျနော်တို့က ရှေ့မှာ ဘာတွေဖြစ်အုံးမလဲစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ တစ်စုံတစ်ခုသော အတိုင်းအတာအထိ  စစ်မှန်သော တရားစီရင်ရေး ၊ စစ်မှန်သော စုံစမ်းမှုဖြစ်ဖို့ အထောက်အကူဖြစ်မယ်လို့ ယူဆပါတယ်။ တရားခံက ဘယ်သူပဲဖြစ်ဖြစ် တရားမျှတမှု ရှိရှိ ၊ ပွင်းလင်းမြင်သာမှု ရှိရှိထုတ်ပြန်ဖို့တောင်းဆိုတာ ဖြစ်ပါတတယ်။ “လို့  ဆန္ဒပြပွဲ တာဝန်ခံစီစဉ်တဲ့ သုံးဦးထဲမှ ကိုအောင်ထိုက်မင်းက ပြောပါတယ်။

 

ဆန္ဒထုတ်ဖော်ပွဲကို မင်းဓမ္မကုန်းမှာရှိတဲ့ ကျောက်တော်ကြီးဘုရားကနေစတင်ပြီး အင်းစိန်စီအိုင်ဒီ(CID)ရှေ့အထိ လမ်းလျှောက် ချီတက်ခဲ့ကြတာပါ။ အဲဒီပွဲမှာ အနုပညာရှင်အချို့လည်း   ပူးပေါင်းပါဝင်ခဲ့ကြတာ တွေ့ရပါတယ်။

 

ဒီဆန္ဒထုတ်ဖ်ာပွဲမှာ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရှာဖွေရေး ဒို့အရေး၊  ကလေးသူငယ်များအတွက် လုံခြုံတဲ့ပတ်ဝန်းကျင် ဖန်တီးပေးရေး ဒို့အရေး၊ နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိဆိုပြီး ကြွေးကြော်သံတွေနဲ့အတူ အဖြူရောင်ဝတ်စုံတွေဝတ် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # နေပြည်တော် #Wisdom Hill မူကြိုကျောင်းက #သုံးနှစ်ကလေးအဓမ္မပြုကျင့်ခံရ #အမှုမှန်ပေါ်ပေါက်ရေး #ဆန္ဒထုတ်ဖော် #ရန်ကုန် #

 

 

Related posts

Leave a Comment

VOM News

FREE
VIEW