ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကို သတ်မှတ်

ဂျူလိုင် ၆၊ ၂၀၁၉ VOM   ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုဒေသကို ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ်အဖြစ် ဒီနေ့မှာပဲ သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့မှာ လုပ်နေတဲ့ ယူနက်စကိုအဖွဲ့ရဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ ၄၃ ကြိမ်မြောက် အစည်းအဝေးမှာ ပုဂံ ဒေသနဲ့ ပတ်သက်တဲ့ အဆိုပြုလွှာကို ဆွေးနွေးပြီးတဲ့အခါမှာ အခုလို သတ်မှတ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ပုဂံကို လာရောက်လေ့လာစစ်ဆေးခဲ့တဲ့ ICOMOS အဖွဲ့က ဒီဆွေးနွေးပွဲမှာ ပုဂံကို ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးဖို့ ထောက်ခံတင်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ယူဂန်ဒါနိုင်ငံ၊ စပိန်နိုင်ငံ၊ အင်ဒိုနီးရှားနဲ့ နော်ဝေ  တို့ကလည်း ထောက်ခံတင်ပြမှုတွေ ပြုခဲ့ပြီးတဲ့အဆုံး အခုလို သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရရေးအတွက် ၁၉၉၄ ခုနှစ်တုန်းက ကြိုးစားခဲ့ဖူးပေမယ့်၊ ရှေးဟောင်းအဆောက်အဦတွေကို…

Read More

ကော့ဘဇားမှာ မိုးအဆက်မပြတ်ရွာလို့ ရိုဟင်ဂျာတွေနေထိုင်ရာ အဆောက်အဦတွေပျက်စီး

ကော့ဘဇား၊ ဇူလိုင်-၆-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေထိုင်နေတဲ့ ကော့ဘဇားဒုက္ခသည်စခန်းမှာ သုံးရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရိုဟင်ဂျာ ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး ဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီအဆောက်အဦ ၂၇၃ ခုပျက်စီးသွားတယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ပြောပါတယ်။   ဇူလိုင် ၁ ရက်ကစပြီး ၇၂ နာရီအတွင်း ကော့ဘဇားဒေသမှာ ခန့်မှန်းမိုးရေချိန် ၃၅၀ မီလီမီတာအထိ ရွာသွန်းခဲ့ပြီး လာမယ့်သီတင်းပတ်အထိလည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ် ရှိနေပါတယ်။ မိုးရွားသွန်းမှုကြောင့် မြေပြိုမှု ၂၆ ခုလည်း ဖြစ်ပွားခဲ့တယ်လို့ ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။   လက်ရှိမှာတော့ အမိုးအကာတွေ ပျက်စီးသွားသူတွေနဲ့ ကြိုတင်ကာကွယ်မှု လိုအပ်သူ နှစ်ထောင်ကျော်ကို ယာယီပြောင်းရွှေ့နေရာချပေးထားတယ်လို့ ဒုက္ခသည်အေဂျင်စီက တာဝန်ရှိသူတစ်ဦးဖြစ်သူ ချာလီရာစ်လေက ပြောပါတယ်။   ဒီလိုမိုးကာလမှာဖြစ်ပွားနိုင်တဲ့ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး…

Read More

စစ်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေမှာ မထွန်ယက်နိုင်တဲ့လယ်ဧကပေါင်း သိန်းချီရှိနေ

စစ်တွေ၊ ဇူလိုင် ၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်ဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး နှစ်စဉ် လယ်ဧကပေါင်း ၁၀ သိန်းခန့်ဟာ မိုးစပါးစိုက်ပျိုးလုပ်ကိုင်လေ့ ရှိပါတယ်။   အခုနှစ်မှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်မြောက်ပိုင်းဒေသအတွင်းက မြို့နယ် ၇ မြို့နယ်အတွင်းမှာ တောင်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေကြရသလို လယ်ယာလုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်တာကြောင့် လယ်ဧကပေါင်း သိန်းနဲ့ချီပြီးတော့ မထွန်ယက်နိုင်ကြသေးတာ ဖြစ်ပါတယ်။   “မြောက်ဦးမြို့နယ်မှာတော့ စစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တောင်သူတွေလယ်ထွန်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲနေတယ်။ ကျေးရွာအုပ်စုပါင်း ၁၂ အုပ်စုအတွင်းမှာ လယ်ဧကပေါင်းက ၄ သောင်းလောက်ဟာ ထွန်ယက်ဖို့မဖြစ်နိုင်တဲ့အခြေအနေ ရှိနေပါတယ်။”လို့ မြောက်ဦးမြို့နယ် တောင်သူလယ်သမားသမဂ္ဂဥက္ကဌ ဦးစိုးနိုင်က ပြောပါတယ်။   ထွန်တုန်းချချိန်ကာလ တစ်လကျော်လာတဲ့အချိန်အထိ လယ်မထွန်နိုင်ကြသေးတာဟာ တောင်သူတွေ နေရပ်စွန့်ခွာ နေကြရတဲ့အပြင် တချို့နေရာတွေမှာ စစ်ကြောင်းသွားလာမှုတွေ ရှိနေတာကြောင့် ဖမ်းဆီး၊…

Read More

ရေနံတင်သင်္ဘော ပြန်မလွှတ်ရင် ဗြိတိန်သင်္ဘောကို ဖမ်းပြီးလက်တုံ့ပြန်မယ်လို့ အီရန်ခြိမ်းခြောက်

တီဟီရန်၊ ဇူလိုင်-၆-၂၀၁၉ မျိုးဆက် (VOM)   အီရန်ရဲ့ ရေနံတင်သင်္ဘောကြီးတစ်စင်းကို ဂျီဘရော်လ်တာ ရေလက်ကြားမှာ ဗြိတိန်တော်ဝင်ရေတပ်က ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး လက်တုံ့ပြန်ဖို့အတွက် ဗြိတိန်သင်္ဘောကို ဖမ်းဆီးမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် တပ်မှူးတစ်ဦးက ဇူလိုင် ၅ ရက်မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။   အီရန်ရေနံတင်သင်္ဘောကို ပြန်မလွှတ်ဘူးဆိုရင် ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းပြီးလက်တုံ့ပြန်ဖို့က အာဏာပိုင်တွေရဲ့ တာဝန်ဖြစ်တယ်လို့ အီရန်တပ်မှူးတစ်ဦးဖြစ်သူ မိုဆန်ရီဇိုင်းက ပြောပါတယ်။   ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထွေထွေထူးထူး မှတ်ချက်ပေးတာမျိုးမရှိပေမယ့် အီရန်အနေနဲ့ ဘာဖြစ်လာမယ်ဆိုတာကို မြင်တွေ့ရတော့မယ်လို့ အိမ်ဖြူတော်မှာ သတင်း ထောက်တွေကို ပြောပါတယ်။   အီရန်ရဲ့ ရေနံတင်သင်္ဘောဟာ ဆီးရီးယားကို ရေနံတင်ပို့မှု ပိတ်ပင်ထားတဲ့ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်တယ်ဆိုပြီး ဗြိတိန်ပိုင်နက် ကမ်းရိုးတန်းမှာ ဗြိတိန်တော်ဝင်ရေတပ်က ဇူလိုင် ၄ ရက်မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။…

Read More

နေပြည်တော်ရှိ မူကြိုကျောင်းက သုံးနှစ်ကလေး လိင်အကြမ်းဖက်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇူလိုင် ၆ – ၂၀၁၉ သစ်တော်၊သိဂီ င်္(VOM)   နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံခဲ့ရတဲ့ သုံးနှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်အတွက် အမှုမှန်ပေါ်ပေါက်ရေး ပြည်သူ ၁၀၀၀ လောက်က ဒီနေ့ ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ပြီးခဲ့တဲ့ မေ ၁၇ ရက်က အဲဒီမူကြိုကျောင်းမှာ တက်ရောက်နေတဲ့ ဗစ်တိုးရီးယားဟာ မဖွယ်မရာပြုကျင့်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားတဲ့အကြောင်း ဒက္ခိဏခရိုင် တရားရုံး ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြု ပြောကြားထားပါတယ်။ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေဟာ ရဲတပ်ဖွဲ့ရဲ့ယူဆချက်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြခြင်း ဖြစ်တယ်လို့ သိရပါတယ်။   “ဒီပွဲပြီးသွားရင်လည်း ကျနော်တို့က…

Read More

Wisdom Hill မူကြိုကျောင်း တရားဝင် ဖွင့်ခွင့်မရှိဘဲ ဖွင့်တာ မသိကျိုးကျွန်ပြုတဲ့ လူမှုဝန်ထမ်း အရာရှိတွေကို အရေးယူမယ်

နေပြည်တော်၊ ဇူလိုင် ၆ – ၂၀၁၉ ကိုထွန်း(VOM)   နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုဖြစ်စဉ်နဲ့ ဆက်လျဉ်းပြီး တရားဝင် ဖွင့်ခွင့်မရှိဘဲ မူကြိုကျောင်း ဖွင့်တာကို မသိကျိုးကျွန်ပြုထားတဲ့ လူမှုဝန်ထမ်း အရာရှိတွေကို ဖော်ထုတ်ပြီး အရေးယူမယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။   “ဒီကျောင်းသည် တရားဝင်ခွင့်ပြုချက် မရဘဲ ဖွင့်ထားတာ ဖြစ်တဲ့အတွက် အရေးယူပါမယ်။ အဲဒီလို ခွင့်ပြုချက်မရဘဲ ဖွင့်ထားတာကို မသိကျိုးကျွန်ပြုထားတဲ့ လူမှုဝန်ထမ်းအရာရှိတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ပြောထားပါတယ်။ ဖော်ထုတ်ပါ၊ ကျနော်တို့ အရေးယူမယ်။” လို့ ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။   မနေ့ ဇူလိုင် ၅ ရက်က နေပြည်တော် သမ္မတအိမ်တော်ဝင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ရှင်းလင်းပွဲမှာ Wisdom Hill မူကြိုကျောင်းကိစ္စကို…

Read More

ရခိုင်မြောက်ပိုင်းမှာ တစ်ရက်တည်းကျေးရွာနှစ်ရွာ မီးရှို့ခံရ

ဘူးသီးတောင်၊ ဇူလိုင် ၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသက ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေအတွင်းရှိ ကျေးရွာနှစ်ရွာ ဇူလိုင် ၅ ရက်က မီးရှို့ခံလိုက်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။   အဲဒီမီးရှို့ခံလိုက်ရတဲ့ကျေးရွာတွေဟာ ဘူးသီးတောင်မြို့နယ်က အလယ်ချောင်း ခမီကျေးရွာနဲ့ ရသေ့တောင်မြို့နယ်က အမျက်တောင် ရခိုင်ကျေးရွာတို့ဖြစ်ပြီးတော့ တပ်မတော်စစ်ကြောင်းတစ်ခုက မီးရှို့ခဲ့တာဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။   “မနက် ၁၀ နာရီ ၅၀ လောက်မှာ စစ်တပ်က ကျနော်တို့ရွာဘက်ကို လာတယ်။ ပြီးတော့ ရွာနားမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ ပြီးတော့ ရွာကိုမီးရှို့ခဲ့တာပါ။ အိမ် ၄၀ ကျော်ရှိတာ အကုန်လုံး မီးလောင်သွားပါတယ်။ ကျနော်တို့က လောလောဆယ်မှာ ထွက်ပြေးနေကြတာ ဖြစ်တယ်။ ရွာကိုတော့ သွားပြီးကြည့်နေကြတာပါ။”လို့ အလယ်ချောင်းကျေးရွာသား ဦးခေတ်ချူးက ပြောပါတယ်။   ဒါ့အပြင်…

Read More
VOM News

FREE
VIEW