ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၇၂ နှစ်​​မြောက်​ အာဇာနည်​​နေ့  အခမ်းအနား နိုင်ငံတော်သမ္မတကိုယ်တိုင်တက်ရောက်

ရန်​ကုန်​၊ ဇူလှိုင်​ ၁၉ – ၂၀၁၉

သူရိန် (VOM)

 

 

ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်​​မြောက်​ အာဇာနည်​​နေ့  အခမ်းအနားကို အနယ်နယ်အရပ်ရပ်မှာ ကျင်းပနေကြသလို ရန်​ကုန်​မြို့မှာလည်း ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့  တက်ရောက်ခဲ့ပါတယ်။

 

ရန်ကုန်မြို့ ဗဟန်းမြို့နယ်​ရှိ အာဇာနည်​ဗိမာန်​မှာ ကျင်းပခဲ့တာဖြစ်ပြီး နှစ်​​ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ်​ နိုင်​ငံ​တော်​ သမ္မတ ကိုယ်​တိုင်​တက်​​ရောက်​ခဲ့တာ ဖြစ်ပါတယ်။

 

အခမ်းအနားကို နိုင်​ငံ​တော်​ သမ္မတ ၊ ဒုတိယ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  ပြည်​သူ့လွှတ်​​တော်​ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်​​တော်​ ဥက္ကဋ္ဌ၊ တပ်​မ​တော်​ကာကွယ်​​ရေး ဦးစီးချုပ်​၊ တရားသူကြီးချုပ်​၊ ပြည်​​ထောင်​စုဝန်​ကြီးတွေနဲ့ တိုင်း​အစိုးရအဖွဲ့တွေ၊ အာဇာနည်ခေါင်းဆောင်တွေရဲ့မိသားစုဝင်တွေ တက်​​ရောက်​ ဂါရဝပြုခဲ့ကြပါတယ်။

 

ဒါ့အပြင် ရန်ကုန်မြို့ ကန်တော်ကြီး ဗိုလ်ချုပ်ကြေးရုပ်ရှေ့နဲ့ အတွင်းဝန်ရုံးမှာလည်း အာဇာနည်နေ့ အထိမ်အမှတ် ကျင်းပခဲ့ပြီး အများပြည်သူလာရောက် ဂါရဝပြုခဲ့ကြပါတယ်။

 

#voiceofmyanmar #ရန်ကုန် #အာဇာနည်နေ့ #အာဇာနည်ဗိမာန် #ဗဟန်း #ကန်တော်ကြီး

Related posts

Leave a Comment

VOM News

FREE
VIEW