ကျောင်းကြိုစက်လှေမှောက်လို့ ရေထဲမျောပါသေဆုံးသွားတဲ့ ကျောင်းသူ လေးဦးထဲက နောက်ဆုံးတစ်ဦးကို ပြန်တွေ့

မင်းတုန်း၊ ဇူလိုင် ၁၉-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပြီးခဲ့တဲ့ တစ်ပတ်က မင်းတုန်းမြို့နယ်မှာ ကျောင်းကြိုကူးတို့စက်လှေတစ်စီး တိမ်းမှောက်လို့ ကျောင်းသူလေးဦး ရေနောက် မျောပါသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ပွားပြီး ရုပ်အလောင်းတွေ ပျောက်ဆုံးခဲ့ပါတယ်။   အဲဒီထဲက နောက်ဆုံးတစ်ယောက်ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဇူလိုင် ၁၉ ရက် နေ့လည်က ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ပြန်တွေ့ပါပြီ။ ပန်းတုန်းကျေးရွာနားက ရေစပ်ကျူတောထဲမှာ ဒိုက်တွေ လူတစ်ဝက်လောက် ဖုန်းလျှက်ပြန်တွေ့တာပါ။”လို့ ကူညီရှာဖွေခဲ့တဲ့ ပရဟိတအဖွဲ့ဝင် ဦးမြင့်အောင်က အတည်ပြု ပြောဆိုပါတယ်။   စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသွားသူတွေကတော့ ပေါက်ကိုင်း(လယ်) ကျေးရွာက အသက် ၁၅ နှစ်အရွယ် ၉ တန်းကျောင်းသူတွေဖြစ်တဲ့ မဂျူးဂျူးဟန်နဲ့ မချစ်စုဝေ၊ ပေါက်ကိုင်း(အရှေ့) ကျေးရွာက ၁၂ နှစ်အရွယ် ၇ တန်း ကျောင်းသူ မသက်မွန်ဂျူလိုင်၊…

Read More

အီရန်မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်ရေတပ်ပစ်ချ

ဝါရှင်တန်၊ ဇူလိုင်-၁၉-၂၀၁၉ မျိုးဆက် (VOM)   အမေရိကန်ရေတပ်ဟာ အီရန်မောင်းသူမဲ့လေယာဉ်တစ်စင်းကို ဟော်မုတ်ရေလက်ကြားမှာ ပစ်ချလိုက်တယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ်။   အီရန်ရဲ့ မောင်းသူမဲ့လေယာဉ်ဟာ ကုန်းရေ တိုက်ခိုက်ရေးသင်္ဘော USS Boxer နဲ့ ကိုက် ၁၀၀၀ ခန့် အကွာအဝေးအတွင်း ဇူလိုင် ၁၈ ရက်မှာ ၀င်ရောက်လာခဲ့တာကြောင့် ကာကွယ်ရေးဆိုင်ရာ လှုပ်ရှားမှုတစ်ရပ်လုပ်ခဲ့တာလို့ ထရန့်က ဆိုပါတယ်။   အီရန်ကတော့ မောင်းသူမဲ့လေယာဉ်တစ်စင်းပျောက်ဆုံးနေတဲ့ သတင်းအချက်အလက်မျိုး မရသေးဘူးလို့ ပြောပါတယ်။ ဇွန်လအတွင်း အီရန်ဟာ ဟော်မုဇ်ရေလက်ကြားမှာပဲ အမေရိကန်စစ်ဘက်က မောင်းသူမဲ့ လေယာဉ် တစ်စင်းကို ပစ်ချခဲ့ပါတယ်။   အီရန်ဟာ ပြည်ပရေနံတင်သင်္ဘောတစ်စင်းနဲ့ သင်္ဘောအမှုထမ်း ၁၂ ဦးကို ပင်လယ်ကွေ့အတွင်း တရားမဝင် ရေနံကုန်သွယ်တာကြောင့် ဇူလိုင် ၁၄ ရက်မှာ သိမ်းပိုက်လိုက်ကြောင်း အစောပိုင်းက ပြောဆိုထားပါတယ်။…

Read More

၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေး ကန့်ကွက်မှုတွေနဲ့ ပတ်သက်လို့ NLD ဒုဥက္ကဋ္ဌ ပြောကြားချက်

မန္တလေး၊ ဇူလိုင် ၁၉ – ၂၀၁၉ ဖြူဖြူ(VOM)   ဖွဲ့စည်းပုံအခြေခံဥပဒေ( ၂၀၀၈) ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ထောက်ခံသူတွေရှိသလို ကန့်ကွက်သူတွေလည်း အများအပြား ရှိနေပါတယ်။   ဒါနဲ့ပတ်သက်ပြီး NLD ပါတီ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ပြောဆိုတာကတော့ “ဘုရားလက်ထက်ကတောင် အဇာတသတ်လို၊ ဒေဝဒတ်လိုလူပေါ်ခဲ့သေးတာ။ ဗိုလ်ချုပ်အောင်ဆန်းက ဒီလောက် တိုင်းပြည်ကောင်းအောင် လုပ်ခဲ့တာတောင် ဦးစောလိုလူ ပေါ်ခဲ့သေးတာ။ စနစ်တစ်ခုကို တည်ဆောက်တဲ့အခါ အကောင်းမြင်တဲ့သူရှိရင် ဆန့်ကျင်တဲ့သူရှိမှာပဲ။ ဒါပေမယ့် ကျနော်တို့ နိုင်ငံအတွက် ဘာအခြေခံ လိုအပ်ချက်လဲဆိုတာ လူတိုင်းသိပါတယ်။ ငြိမ်းချမ်းရေးပဲ။ လူ့အခွင့်အရေးတွေနဲ့ ပြည့်ဝတဲ့၊ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ ပြည့်ဝတဲ့ စံချိန်စံညွှန်းနဲ့ညီတဲ့ အခြေခံဥပဒေကလည်း အရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။” လို့ ဆိုပါတယ်။   ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈) ပြင်ဆင်တာဟာ…

Read More

မြန်မာတပ်ချုပ်နဲ့ စစ်ဘက်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေပါသိမ်းဖို့ ယန်ဟီးလီတိုက်တွန်း

ကွာလာလမ်ပူ၊ ဇူလိုင်-၁၉-၂၀၁၉ မျိုးဆက် (VOM)   ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို အခုသီတင်းပတ်အတွင်း အမေရိကန်က အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တာဟာ လုံလောက်မှုမရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။   မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အခြားစစ်ဘက်ထိပ်တန်းခေါင်းဆောင်သုံးဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကိုင်တွယ်ခဲ့ပုံကြောင့် ဇူလိုင် ၁၆ ရက်မှာ အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။   ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို ဒီလိုပြည်ဝင်ခွင့်ပိတ်ရုံလောက်နဲ့ မလုံလောက်ဘူးလို့ မစ္စယန်ဟီးလီက ပြောဆိုလိုက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူဖို့ သူမက တိုက်တွန်းလိုက်ပါတယ်။   အရေးယူပိတ်ဆို့ခံရတဲ့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ အမေရိကန်ကို ဘယ်တော့မှ လာမှာမဟုတ်တဲ့အတွက် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေဟာ လက်တွေ့ဆန်ဖို့…

Read More

ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း အားလုံး ကြိုးစားကြဖို့ အချိန်ကျပြီ

မန္တလေး၊ ဇူလိုင် ၁၉ – ၂၀၁၉ ဖြူဖြူ(VOM)   တိုင်းပြည်မငြိမ်းချမ်းသေးတာဟာ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်တွေအတိုင်း မဆောင်ရွက်သေးလို့ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ချမှတ်ခဲ့တဲ့လမ်းစဉ်တွေကို ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုက်တွန်းပြောဆိုပါတယ်။   ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်း စည်းလုံးရမယ်၊ ညီညွတ်ရမယ်၊ ကြိုးစားရမယ် ဆိုတဲ့ ဒီသုံးချက်နဲ့ နောက်မျိုးဆက်သစ်တွေ ပြည့်ပြီလား၊ လုပ်နေကြပြီလားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ ဆိုပါတယ်။   လက်ရှိမှာ တိုင်းပြည်မငြိမ်းချမ်းသေးဘဲ စစ်ပွဲတွေဖြစ်နေသေးတယ်ဆိုတာက မစည်းလုံး၊ မညီညွတ်ဘဲ ကြိုးစားမှုနည်းနေတာကြောင့်ဖြစ်ပြီး ဒါကြောင့် ကမ္ဘာမှာ ရင်ဘောင်မတန်းနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတဲ့ ၂၁ ရာစုပင်လုံမှာ ပါဝင်ကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။   ဒါ့အပြင် မျိုးဆက်သစ်တွေ အနေနဲ့ အာဇာနည်ဆိုတာ ဘယ်လိုလူစားတွေလဲ၊ ဘာတွေလုပ်ခဲ့သလဲ ဆိုတာတွေ လေ့လာဖို့ လိုအပ်သလို အရင်မျိုးဆက်တွေ…

Read More

ရန်ကုန်မြို့မှာ ကျင်းပတဲ့ ၇၂ နှစ်​​မြောက်​ အာဇာနည်​​နေ့  အခမ်းအနား နိုင်ငံတော်သမ္မတကိုယ်တိုင်တက်ရောက်

ရန်​ကုန်​၊ ဇူလှိုင်​ ၁၉ – ၂၀၁၉ သူရိန် (VOM)     ဒီနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်​​မြောက်​ အာဇာနည်​​နေ့  အခမ်းအနားကို အနယ်နယ်အရပ်ရပ်မှာ ကျင်းပနေကြသလို ရန်​ကုန်​မြို့မှာလည်း ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့  တက်ရောက်ခဲ့ပါတယ်။   ရန်ကုန်မြို့ ဗဟန်းမြို့နယ်​ရှိ အာဇာနည်​ဗိမာန်​မှာ ကျင်းပခဲ့တာဖြစ်ပြီး နှစ်​​ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ်​ နိုင်​ငံ​တော်​ သမ္မတ ကိုယ်​တိုင်​တက်​​ရောက်​ခဲ့တာ ဖြစ်ပါတယ်။   အခမ်းအနားကို နိုင်​ငံ​တော်​ သမ္မတ ၊ ဒုတိယ သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  ပြည်​သူ့လွှတ်​​တော်​ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်​​တော်​ ဥက္ကဋ္ဌ၊ တပ်​မ​တော်​ကာကွယ်​​ရေး ဦးစီးချုပ်​၊ တရားသူကြီးချုပ်​၊ ပြည်​​ထောင်​စုဝန်​ကြီးတွေနဲ့ တိုင်း​အစိုးရအဖွဲ့တွေ၊ အာဇာနည်ခေါင်းဆောင်တွေရဲ့မိသားစုဝင်တွေ…

Read More
VOM News

FREE
VIEW