မြန်မာတပ်ချုပ်နဲ့ စစ်ဘက်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေပါသိမ်းဖို့ ယန်ဟီးလီတိုက်တွန်း

ကွာလာလမ်ပူ၊ ဇူလိုင်-၁၉-၂၀၁၉

မျိုးဆက် (VOM)

 

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအ၀င် မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို အခုသီတင်းပတ်အတွင်း အမေရိကန်က အရေးယူပိတ်ဆို့မှုတွေချမှတ်လိုက်တာဟာ လုံလောက်မှုမရှိဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ယန်ဟီးလီက ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။

 

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အခြားစစ်ဘက်ထိပ်တန်းခေါင်းဆောင်သုံးဦးနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကိုင်တွယ်ခဲ့ပုံကြောင့် ဇူလိုင် ၁၆ ရက်မှာ အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို ဒီလိုပြည်ဝင်ခွင့်ပိတ်ရုံလောက်နဲ့ မလုံလောက်ဘူးလို့ မစ္စယန်ဟီးလီက ပြောဆိုလိုက်ပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ သိမ်းယူဖို့ သူမက တိုက်တွန်းလိုက်ပါတယ်။

 

အရေးယူပိတ်ဆို့ခံရတဲ့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ အမေရိကန်ကို ဘယ်တော့မှ လာမှာမဟုတ်တဲ့အတွက် အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေဟာ လက်တွေ့ဆန်ဖို့ လိုတယ်လို့ ဟန်ဟီးလီက ကွာလာလမ်ပူမှာ သတင်းထောက်တွေကို ပြောပါတယ်။

 

မြန်မာနိုင်ငံအတွင်း မကြာသေးမီသတင်းပတ်တွေက မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုသတင်းတွေကို ကြားသိနေရပြီး အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာဖွယ်ရှိနေတယ်လို့ သူမကပြောပါတယ်။

 

Ref & Photo : Reuters

 

#voiceofmyanmar #မြန်မာ #တပ်ချုပ်နဲ့ စစ်ဘက်ခေါင်းဆောင် #ပိုင်ဆိုင်မှုတွေပါသိမ်းဖို့တိုက်တွန်း #ယန်ဟီးလီ #လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာတင်သွင်းသူ #ရခိုင် #ရိုဟင်ဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW