ရန်ကုန် ၊ ဇူလိုင် ၂၀-၂၀၁၉ သူရိန် (VOM) ရန်ကုန်တက္ကသိုလ်က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ် အကြီးအကဲအဖြစ် ကတိခံယူခြင်း အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ပြီးပုဒ်မ ၁၉ နဲ့ဖမ်းဆီးထားတဲ့ ကျောင်းသားများကို ချက်ချင်းလွှတ်ပေးရေး၊ မတရားဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း၊ အောင်သပြေကျေးရွာက ကိုးတန်းကျောင်းသား မောင်ထူးဝေယံကို လွှတ်ပေးရေး၊ ကျောင်းသူများ လိင်အကြမ်းဖက်ခံရမှုတွေကို ဖြေရှင်းပေးရေး၊ ဖိနှိပ်သော အဆောင်စည်းကမ်းများ ဖျက်သိမ်းရေး စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ “အဓိက ကတော့ မတရားဖမ်းဆီးခံရတဲ့ ကျောင်းသားတွေ အတွက် အသံတိတ်ဆန္ဒပြရတာပါ။ ပထမတော့ ကြွေးကြော်သံတွေနဲ့ တောင်းဆိုပေမယ့် ဝန်ကြီးချုပ်နဲ့ထွေအုပ်က လာရောက်ညှိနှိုင်းလို့ အသံတိတ်…
Read MoreDay: July 20, 2019
အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်၏ အမြင်
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးမယ့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပေါ်အခုလို သဘောထားပေးခဲ့ပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့၊ ပြည်ထောင်စုလွှတ်တော် စည်းဝေးအပြီး မှာ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
Read Moreပန်းချီဆရာ ၉၀ကျော်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကား အရောင်းပြပွဲ
ရန်ကုန် ဇူလိုင် ၂၀-၂၀၁၉ မိုးယံ(ဇီးကုန်း) ရန်ကုန်တိုင်း အင်းစိန်မြို့နယ် နံသာကုန်း မင်္ဂလာလမ်း အမှတ်၃၁ မှာ ပန်းချီဆရာ ၉၀ကျော်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတူ ပန်းချီကား အရောင်းပြပွဲ ကျင်းပနေပါတယ်။ ဒီပြပွဲကရောင်းရတဲ့ ပန်းချီကားရောင်းရငွေကို တချို့က အကုန်လှူမှာဖြစ်သလို တချို့က ၆၀ရာနုန်းကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းကို လှူမယ်လို့ သိရပါတယ်။ ပြပွဲတာဝန်ခံ ဒေါ် ဇာဏီအောင်က `အမေစုရဲ့ ၇၄နှစ်ပြည့်မွေ့နေ့ အမှတ်တရအနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပန်းချီဆရာဆရာမတွေ အားလုံးပေါင်းပြီး ပန်းချီဆရာ ၉၀ဦးရဲ့လက်ရာစုံ ပန်းချီကားမျိုးစုံ ပြသတဲ့ပွဲပါ။ ပန်းချီကားရောင်းရတဲ့ငွေ ၆၀%ကို ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကိုလှူမယ် တစ်ချို့ဆရာများက ပန်းချီကားရောင်းရငွေ ၁၀၀%စလုံး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ကိုလှူမယ်လို့လည်း ပြောပြပါတယ် ။ ဒီပြပွဲကို နေ့စဉ် မနက်၉နာရီ ကနေ ညနေ၅နာရီအထိ ၉ရက်ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပန်းချီ ပြပွဲကုန်ကျစရိတ်ကို…
Read Moreဟော်မုဇ်ရေလက်ကြားမှာဗြိတိန်ရေနံတင်သင်္ဘောကိုအီရန်ဖမ်းဆီး
တီဟီရန်၊ဇူလိုင်-၂၀-၂၀၁၉ မျိုးဆက်(VOM) ပင်လယ်ကွေ့ဒေသအတွင်းမှာ ဗြိတိန်အလံလွှင့်ထူထားတဲ့ ရေနံတင်သင်္ဘောတစ်စင်းကိုအီရန်ကဖမ်းဆီးသိမ်းပိုက်လိုက်တဲ့ကိစ္စဟာလက်ခံနိုင်ဖွယ်မရှိဘဲဒီဖြစ်စဉ်အပေါ်အလေးအနက်စိုးရိမ်ပူပန်တယ်လို့ဗြိတိန်အစိုးရကပြောပါတယ်။ ဒေသတွင်းမှာအဓိကရေလမ်းကြောင်းဖြစ်တဲ့ဟော်မုဇ်ရေလက်ကြားမှာအဖမ်းခံလိုက်ရပြီးသင်္ဘောအမှုထမ်း၂၃ဦးလိုက်ပါသွားတဲ့Stena Impero သင်္ဘောရဲ့ပိုင်ရှင်တွေကတော့သင်္ဘောနဲ့အဆက်အသွယ်မရသေးဘူးလို့ဆိုပါတယ်။ ဖမ်းဆီးထားတဲ့သင်္ဘောကိုပြန်လွှတ်မပေးဘဲပြသနာကိုအလျင်အမြန်မဖြေရှင်းဘူးဆိုရင်အလွန်ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့ရင်ဆိုင်ရမယ်လို့ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဂျရေမီဟန့်ကအီရန်ကိုသတိပေးပြောဆိုလိုက်ပါတယ်။ အဲဒီရေနံတင်သင်္ဘောဟာအီရန်ရဲ့ ရေယာဉ်လေးစင်းနဲ့ရဟတ်ယာဉ်တစ်စင်းတို့ရဲ့ဝန်းရံခံတာကိုခံခဲ့ရတယ်လို့မစ္စတာဟန့်ကဆိုပါတယ်။ရေနံတင်သင်္ဘောဟာနိုင်ငံတကာရေကြောင်းဥပဒေတွေကိုချိုးဖောက်ခဲ့တယ်လို့အီရန်ဘက်ကပြောပါတယ်။ ဒါ့အပြင်ဗြိတိန်ပိုင်လိုင်ဘေးရီးယားအလံလွှင့်ထူထားတဲ့နောက်ထပ်သင်္ဘောတစ်စင်းပေါ်ကိုလည်းအီရန်လက်နက်ကိုင်အစောင့်များတက်လာခဲ့ပေမယ့်လက်ရှိမှာတော့အဲဒီသင်္ဘောကိုဆက်လက်ခုတ်မောင်းဖို့လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။အဲဒီသင်္ဘောနဲ့အဆက်အသွယ်ပြန်လည်ရရှိပြီးသင်္ဘောအမှုထမ်းတွေဘေးကင်းလုံခြုံတယ်လို့ဂလက်စဂိုအခြေစိုက်Norbulk ဗြိတိန်သင်္ဘောကုမ္ပဏီကပြောပါတယ်။ Ref: BBC Photo : Erwin Willemse #voiceofmyanamr #အီရန် # ဗြိတိန် #တီဟီရန် #ရေလက်ကြား #ေရနံတင္သေဘာၤ
Read More