ဇီးကုန်းမှာ ယာဉ်တိုက်မှုကြောင့် ကိုယ်​ဝန်​​ရှစ်လရှိအမျိုးသမီးနဲ့ ခင်ပွန်း နေရာတင်သေဆုံး

ဇီးကုန်း၊ ဇူလိုင်​ ၂၈ – ၂၀၁၉

မိုးယံ( VOM)

 

ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ရန်​ကုန်​-ပြည်​ကားလမ်း စမ်းရွာဂို​ဒေါင်​​အနီးမှာ ဒီ​နေ့ ​ဇူလိုင် ၂၈ ရက် နေ့လည်​ နှစ်နာရီဝန်းကျင်​က ဆေးရုံကနေ အာထရာ​ဆောင်းရိုက်​ပြီး ပြန်​လာတဲ့ ကိုယ်​ဝန်​​ ရှစ်လရှိအမျိုးသမီးနဲ့ ခင်ပွန်းတို့ ယာဉ်​တိုက်​မှုကြောင့်​​ နေရာတင်​​သေဆုံးသွားတယ်​လို့ ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။

 

“ကျ​နော်​တို့ ​ရောက်​သွား​တော့ ကိုယ်​ဝန်​​ဆောင်​ အမျိုးသမီးနဲ့ အမ်ျိုးသားနေရာတင်​​ သေဆုံး​နေတာ​တွေ့ရတယ်။ အက်​ထရာ​ဆောင်းရိုက်​ပြီး ပြန်​လာတာလို့ အနီးဝန်းကျင်​က​ ပြောကြတယ်​။ တိုက်​မိတဲ့ကားက လမ်း​ဘေး​ချောက်​ထဲမှာ တ​စောင်းကျ​နေတယ်​။” သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာရှင်နာရေး ကူညီမှုအသင်းက ကိုဘိုဘိုက ပြောပါတယ်။

 

ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်​ကယ်​နဲ့ ရန်ကုန်ဘက်ကနေ ပြည်ဘက်ကို မောင်းနှင်​လာတဲ့ စူပါကာစတန်​ယာဉ်​တို့ မျက်​နှာချင်းဆိုင်​တိုက်​မိခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့ မောင်းလာတဲ့ မယင်းအုပ်စု မယင်းသဲခုံကြီးကျေးရွာနေ အသက် ၃၇ နှစ်ရှိ ကိုအောင်စိုး၊ ဇနီးဖြစ်သူ မခင်မာဝင်းနဲ့ ဗိုက်ထဲက ကလေးတို့ သေဆုံးခဲ့တာဖြစ်ပြီး တစ်ဖက်ယာဉ်မောင်းဖြစ်သူ ကိုထွေး(၄၃ နှစ်) ကို ဖမ်းမိထားပြီလို့  ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။

 

ဒီယာဉ်တိုက်မှုနဲ့ ပတ်သက်ပြီး ယာဉ်​မဆင်​မခြင်​​မောင်းနှင်​သူ ကို​ထွေးကို ယာဉ်​(ပ)၃၁/၂၀၁၉ ရာဇသတ်​ကြီးပုဒ်​မ ၃၀၄-က နဲ့ အမှုဖွင့်​ အရေးယူထားတယ်လို့ ဇီးကုန်းမြို့မရဲစခန်း​ ဒုရဲအုပ်​ ဇော်​နိုင်​ဟိန်း​က ပြောပါတယ်​။

 

#voiceofmyanmar #ယာဉ်တိုက်မှု #ပဲခူး #ဇီးကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW