ဇီးကုန်းမှာ ယာဉ်တိုက်မှုကြောင့် ကိုယ်​ဝန်​​ရှစ်လရှိအမျိုးသမီးနဲ့ ခင်ပွန်း နေရာတင်သေဆုံး

ဇီးကုန်း၊ ဇူလိုင်​ ၂၈ – ၂၀၁၉ မိုးယံ( VOM)   ပဲခူးတိုင်း သာယာဝတီခရိုင်​ ဇီးကုန်းမြို့နယ်​ ရန်​ကုန်​-ပြည်​ကားလမ်း စမ်းရွာဂို​ဒေါင်​​အနီးမှာ ဒီ​နေ့ ​ဇူလိုင် ၂၈ ရက် နေ့လည်​ နှစ်နာရီဝန်းကျင်​က ဆေးရုံကနေ အာထရာ​ဆောင်းရိုက်​ပြီး ပြန်​လာတဲ့ ကိုယ်​ဝန်​​ ရှစ်လရှိအမျိုးသမီးနဲ့ ခင်ပွန်းတို့ ယာဉ်​တိုက်​မှုကြောင့်​​ နေရာတင်​​သေဆုံးသွားတယ်​လို့ ဇီးကုန်းမြို့မရဲစခန်းက သိရပါတယ်။   “ကျ​နော်​တို့ ​ရောက်​သွား​တော့ ကိုယ်​ဝန်​​ဆောင်​ အမျိုးသမီးနဲ့ အမ်ျိုးသားနေရာတင်​​ သေဆုံး​နေတာ​တွေ့ရတယ်။ အက်​ထရာ​ဆောင်းရိုက်​ပြီး ပြန်​လာတာလို့ အနီးဝန်းကျင်​က​ ပြောကြတယ်​။ တိုက်​မိတဲ့ကားက လမ်း​ဘေး​ချောက်​ထဲမှာ တ​စောင်းကျ​နေတယ်​။” သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာရှင်နာရေး ကူညီမှုအသင်းက ကိုဘိုဘိုက ပြောပါတယ်။   ပြည်ဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်​ကယ်​နဲ့ ရန်ကုန်ဘက်ကနေ ပြည်ဘက်ကို မောင်းနှင်​လာတဲ့ စူပါကာစတန်​ယာဉ်​တို့ မျက်​နှာချင်းဆိုင်​တိုက်​မိခဲ့တာ ဖြစ်ပါတယ်။ ဆိုင်ကယ်နဲ့…

Read More

ကျူးကျော်တွေကို မြေဂရံပေါက်ဖြစ်ဖို့ နှုန်းထားသတ်မှတ် ငွေသွင်းခိုင်း အများစုက သဘောမတူ

ပြည်၊ ဇူလိုင်၂၈-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်း ပြည်မြို့ပေါ်က စည်ပင်ပိုင်မြေနေရာပေါ်မှာရှိတဲ့ အိမ်ခြေလေးရာကျော်ဟာ ကျူးကျော်တွေဖြစ်နေပြီး အဲဒီမြေနေရာမှာနေထိုင်နေသူတွေကို  မြေဂရံပေါက်တဲ့အထိ နှုန်းထားသတ်မှတ်ကာ အရစ်ကျစနစ်နဲ့ ငွေသွင်းဖို့ မြို့နယ်စည်ပင်သာယာက အကြောင်းကြားတာကို အများစုက သဘောမတူဘူးလို့ သိရပါတယ်။   “လွန်ခဲတဲ့ နှစ်လေးဆယ်ကျော်လောက်တုန်းက ဒီနေရာတွေက ဘယ်သူမှ မနေနိုင်ကြပဲ ဗွက်တွေ ရေဗွက်အိုင်တွေကြားမှာ ကိုယ့်ဟာကိုယ် ပြုပြင်ပြီးနေထိုင်လာကြရတာ။ နှစ်ပေါင်းများစွာမြေဖို့ ကွန်ကရစ်လမ်းတွေ၊ ဘာတွေနဲ့ဖြစ်မှ စည်ပင်က မြေနေရာဖိုးဆိုပြီး လာတောင်းတာ လက်မခံနိုင်ဘူး၊ ပေးဖို့လည်းငွေမရှိဘူး။” လို့ ခရမ်းကုန်းရပ်ကွက်နေ ဒေါ်တင်ငွေက ပြောပါတယ်။   ဒေါ်ခင်မိုးဝင်းကလည်း  “ဒီခရမ်းကုန်းရပ်ကွက်က ၁၉၇၁ ခုနှစ်က လျှောက်ယူထားတဲ့ မြေဂရံရှိသလို မြေပုံလည်းရှိပါတယ်။ အဲဒီမြေပုံနဲ့ ဂရံကို သက်တန်းတိုးခွင့် လျှောက်ထားတာကို သက်တမ်းတိုးမပေးဘဲ သိမ်းယူထားလိုက်တာ။ မြေစရင်းမှာ အဲဒီမြေပုံနဲ့ ဂရံရှိတယ်။ သူတို့က သတ်မှတ်ဈေးနဲ့ယူရင်ယူ…

Read More

ညောင်လေးပင်မြို့၌စွန့်ပစ်အမှိုက်ပုံမှအနံ့ဆိုးကြောင့်လုပ်သားပြည်သူများအခက်ကြုံ

ဗီအိုအမ်ကို ပေးပို့လာတဲ့   ဦးခင်မောင်လွင်(ညောင်လေးပင်) ရဲ့ ညောင်လေးပင်မြို့၌စွန့်ပစ်အမှိုက်ပုံမှအနံ့ဆိုးကြောင့်လုပ်သားပြည်သူများအခက်ကြုံဆိုတဲ့  အကြောင်း လူထုအသံကဏ္ဍကနေ တင်ပြပေးလိုက်ပါတယ်။       ညောင်လေးပင်ဇူလိုင်လ(၂၈)ရက်   ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့အထွက်ရွှေကျင်မြို့မဒေါက်မြို့များသို့သွားသောလမ်းဘေးတွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏စွန့်ပစ်အမှိုက်ပုံကြောင့်အနီးနေနေအိမ်များလမ်းသွားလမ်းလာများဘုန်တော်ကြီးကျောင်းများရှိသက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များမှာအနံ့ဆိုးများကြောင့်ကျန်းမာရေးထိခိုက်လျက်ရှိပြီးလမ်းမကြီးပေါ်အမှိုက်များရောက်ရှိခြင်းကြောင့်ယဉ်မတော်မဆတိုက်မှုများဖြစ်ပွားလျက်ရှိကြောင်းမျက်မြင်နေထိုင်သွားလာသူများမှပြောသည်။   အဆိုပါအမှိုက်ပုံအားယခင်ပွင့်လင်းရာသီတွင်တာဝန်ရှိသက်ဆိုင်ရာဌာနအဆင့်ဆင့်သို့အကြောင်းကြားစာများတင်ပြခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကွင်းဆင်းစစ်ဆေးကာနေရာပြောင်းရွေ့ပေးနိုင်ရန်လမ်းညွှန်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။   ယခုမိုးတွင်းအချိန်တွင်အဆိုပါအမှိုက်ပုံကြီးဘေးရှိချောင်းမှတဆင့်အနံ့ဆိုးပါရေများမှာမုက္ခမူကျေးရွာနောက်ဖတ်ခြမ်းမှစီးဆင်းသွားသဖြင့်ကျေးရွာနေပြည်သူများကျန်းမာရေးထိခိုက်ကြောင်းကျေးရွာနေပြည်သူတဦးမှပြောသည်။ယခုအခါညောင်လေးပင်မြို့တွင်းရှိအမှိုက်များအပြင်ပြွန်တန်ဆာမြို့ရှိစွန့်ပစ်အမှိုက်များပါညောင်လေးပင်မြို့သုဿဿန်သို့်စွန့်ပစ်ခြင်းကြောင့်မြို့နေပြည်သူများအခက်ခဲကြုံနေရကြောင်းသိရသည်။   စေတနာလူမှုကူညီရေးအသင်းဥဏ္ဍဋ္ဌဦးသန်းအေးမှဒီသုဿဿန်လည်းယခင်၂၀၀၈ခုနှစ်တွင်အခုလိုပဲစွန့်ပစ်အမှိုက်တွေပုံခဲ့တာပါအနံ့ဆိုးတွေကြောင့်ဆရာတော်တွေနဲ့တရားနာသူတွေအနံ့မခံနိုင်လို့မြို့လူထုနဲ့ပေါင်းပြီးတဖြည်းဖြည်းဖယ်ရှားခဲ့ရပါတယ်သုဿဿန်တွင်းလမ်းတွေမီးသင်္ဂြိုဟ်စက်တွေတခြားပြုပြင်ခြင်းတွေကိုငွေသိန်းတထောင်ဝန်းကျင်လောက်အကုန်ကျခံကာမြို့လူထုနဲ့ပူးပေါင်းပြီးလုပ်ခဲ့ပါတယ်အခုပြွန်တန်ဆာမြို့ကအမှိုက်တွေလာပုံပြန်တယ်ဒါကိုမြို့လူထုနဲ့ကျွန်တော်တို့အသင်းကမကျေနပ်လို့သက်ဆိုင်ရာဌာနတွေကိုတင်ပြထားပါတယ်ဟုပြောသည်။   အခုလိုစွန့်ပစ်အမှိုက်များအားယခုစွန့်ပစ်သောအများပြည်သူများနှင့်နီးစပ်ရာနေရာမှဖယ်ရှားပြီးစနစ်တကျသတ်မှတ်နေရာတခုရှာဖွေပြီးစွန့်ပစ်ရန်မြို့လူထုမှလိုလားလျက်ရှိကြောင်းသိရသည်။   ခင်မောင်လွင်(ညောင်လေးပင်)     ဗီအိုအမ်ကို ပေးပို့ချင်တယ်ဆိုရင် Voice Of Myanmar ဖေ့ဘုတ်ကနေဆက်သွယ်နိုင်သလို voiceofmyanmarnews@gmail.comကိုလည်းပေးပို့နိုင်ပါတယ်။ ၀၉  ၉ ၇၁၁၅၉ ၄၂၃ ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Read More

မြောက်ကိုရီးယား သင်္ဘောတစ်စင်းနဲ့ လူသုံးဦးကို တောင်ကိုရီးယားထိန်းသိမ်းထား

ဆိုးလ်၊ ဇူလိုင်-၂၈-၂၀၁၉ မျိုးဆက် (VOM)   တောင်ကိုရီးယား ရေပိုက်နက်အတွင်းကို ဖြတ်သန်းဝင်ရောက်လာတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စင်းနဲ့ အတူ လိုက်ပါလာသူသုံးဦးကို ဆိပ်ကမ်းတစ်ခုဆီ ခေါ်ဆောင်ထိန်းသိမ်းထားတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဇူလိုင် ၂၈ ရက်မှာ ဖော်ပြပါတယ်။   သစ်သားနဲ့ တည်ဆောက်ထားတဲ့ အဲဒီသင်္ဘောဟာ  စနေ့နေ့ည ၁၁ နာရီ ၂၀ မိနစ်မှာ ဂျပန်ပင်လယ်လို့ ခေါ်တဲ့ အရှေ့ပင်လယ်ပြင်အတွင်းရှိ မြောက်ပိုင်းကန့်သတ်နယ်နိမိတ်မျဉ်းကို ဖြတ်သန်းဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်တွေက ဆိုပါတယ်။   သင်္ဘောနဲ့ သင်္ဘောပေါ်မှာ လိုက်ပါလာသူ သုံးဦးကို စစ်ဆေးမေးမြန်းဖို့အတွက်  တောင်ကိုရီးယား စစ်ဘက်ဆိပ်ကမ်းတစ်ခုသို့ ခေါ်ဆောင်သွားတယ်လို့ သူတို့က ပြောဆိုပါတယ်။   ထိန်းသိမ်းထားတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေဟာ  တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်းခိုလှုံဖို့ လာတာလား ဒါမှမဟုတ် ရေပိုင်နက်နယ်နိမိတ်ကို မတော်တဆဖြတ်ကျော်မိတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေးပါဘူး။…

Read More

ရွှေကြက်ယက် ရေချိုးဆိပ်ကမ်းအနီး ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်

မန္တလေး၊ ဇူလိုင် ၂၈ – ၂၀၁၉ စောပြည့်ချမ်းသာ(VOM)     မန္တလေးတိုင်း ရွှေကြက်ယက် တိုက်နယ်  အလံတိုင်ကျောင်း ရေချိုးဆိပ်အနီးမှာ ဘိလပ်မြေတင်လာတဲ့ ကုန်တင်သင်္ဘောတစ်စီး ဒီနေ့ နေ့လည်ပိုင်းက နစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။   အလျား ၁၆၈ ပေ၊ အနံ ၃၄ ပေရှိတဲ့  CPR 0311-10- 1541 အဲဒီ ကုန်တင်သင်္ဘောဟာ မန္တလေးမြို့ကနေ  မြောင်းမြမြို့ကို ပို့ဆောင်ဖို့အတွက် ဘိလပ်မြေ ၁၂၀၀၀ နဲ့မြေဆီ ၂၈၀၀ တင်ဆောင်လာတာဖြစ်ပြီး ဆိပ်ကမ်းမှာပဲ ခါးပိုင်းကနေ ပျက်ပြီး ငါးမိနစ်ခန့်အတွင်း နစ်မြုပ်သွားခဲ့တယ်လို့ အနီးနားရှိ မြင်တွေ့သူတစ်ဦးက ပြောပါတယ်။   အလံတိုင်ဆိပ်သို့ဆိုက်ကပ်နေစဉ် ဒီနေ့မ နက် ၁၁ နာရီ ၄၅ မိနစ်လောက်မှာ ခါးကျိုးပြီး  ဧရာဝတီမြစ်အတွင်း နစ်မြုပ်ခဲ့တာဖြစ်ပြီး ကုန်တင်သင်္ဘောတန်ဖိုးက ကျပ်သိန်း၂၀၀…

Read More

ရိုဟင်ဂျာတွေ ကိုယ်ပိုင်ပြည်နယ်တည်ထောင်ဖို့ နယ်မြေပေးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်ဆို

ကွာလာလမ်ပူ၊ ဇူလိုင်-၂၈-၂၀၁၉ မျိုးဆက် (VOM)   မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားပေးဖို့ ဒါမှမဟုတ် ကိုယ်ပိုင်ပြည်နယ်ဖွဲ့စည်းဖို့ အခွင့်အရေးပေးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောဆိုလိုက်တယ်လို့ The Daily Star သတင်းဌာနက ဇူလိုင် ၂၈ ရက်မှာ ဖော်ပြပါတယ်။   ပုံမှန်အားဖြင့် တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ဖို့ဆန္ဒမရှိပေမယ့် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်တာတွေ ဖြစ်နေတာကြောင့် ၀င်ရောက်ပြောဆိုရတာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။   မြန်မာနိုင်ငံဟာ တစ်ချိန်က ကိုယ်ပိုင်အုပ်ချုပ်တဲ့ ပြည်နယ်အများအပြားရှိခဲ့ကြောင်း၊ သို့သော် လူမျိုးစုများစွာ ရှိနေတာကြောင့် တစ်ပြည်ထောင်စနစ်နဲ့ အုပ်ချုပ်ဖို့ ဗြိတိသျှတို့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။   ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့် ဒါမှမဟုတ် သူတို့ကို…

Read More

ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေအပါ ၁၅ ဦးထက်မနည်းသေဆုံး

ဖားကန့်၊ ဇူလိုင် – ၂၈ – ၂၀၁၉ ဇော်မိုးထက် (ဖားကန့်)   ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စုမှာ အမြင့်ပေငါးရာကျော်ရှိတဲ့ စိန်လုံတောင် ကျောက်စိမ်းကမ်းပါးယံကြီး (ဒေသအခေါ် စိန်လုံတောင်ကြော)ဟာ ဇူလိုင် ၂၈ ရက် မနက် နှစ်နာရီခွဲလောက်က ပြိုကျခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ အနီးအနားမှာရှိတဲ့  ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးထံက သိရပါတယ်။   “မိုးကဒီမှာ တစ်ပတ်ကျော်လောက်ရှိပြီ ရွာနေတာဆိုတော့ အမြင့်ပေငါးရာကျော်လောက်ကနေ မြေကအက်ပြီးတော့ ရုတ်တရက်ကြီးပြိုကျလာတာ။ အဲ့နားမှာက ရေလှောင်ကန်လည်းရှိတယ်။ အဲလှောင်ကန်ဘေးမှာ လုပ်ကွက်စောင့်တဲ့၊ ခုချိန်က လုပ်ကွက်နားတာဆိုတော့ အစောင့်တွေထားထားတဲ့နေရာပေါ့။ အဲနားကို ရေအိုင်က ပတ်လိုက်တာဆိုတော့ အရှိန်နဲ့ဆိုတော့ ဆွဲချသွားသလိုဖြစ်တာပါ။” လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။   ဆိပ်မူအုပ်စု ကောင်စံကျေးရွာ၊ ကရင်ချောင်းကျေးရွာ ၊ချောင်းဖျားကျေးရွာတွေ…

Read More
VOM News

FREE
VIEW