မြောက်ကိုရီးယား သင်္ဘောတစ်စင်းနဲ့ လူသုံးဦးကို တောင်ကိုရီးယားထိန်းသိမ်းထား

ဆိုးလ်၊ ဇူလိုင်-၂၈-၂၀၁၉

မျိုးဆက် (VOM)

 

တောင်ကိုရီးယား ရေပိုက်နက်အတွင်းကို ဖြတ်သန်းဝင်ရောက်လာတဲ့ မြောက်ကိုရီးယားသင်္ဘောတစ်စင်းနဲ့ အတူ လိုက်ပါလာသူသုံးဦးကို ဆိပ်ကမ်းတစ်ခုဆီ ခေါ်ဆောင်ထိန်းသိမ်းထားတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်တွေကို ကိုးကားပြီး ယွန်ဟတ်သတင်းဌာနက ဇူလိုင် ၂၈ ရက်မှာ ဖော်ပြပါတယ်။

 

သစ်သားနဲ့ တည်ဆောက်ထားတဲ့ အဲဒီသင်္ဘောဟာ  စနေ့နေ့ည ၁၁ နာရီ ၂၀ မိနစ်မှာ ဂျပန်ပင်လယ်လို့ ခေါ်တဲ့ အရှေ့ပင်လယ်ပြင်အတွင်းရှိ မြောက်ပိုင်းကန့်သတ်နယ်နိမိတ်မျဉ်းကို ဖြတ်သန်းဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးချုပ်တွေက ဆိုပါတယ်။

 

သင်္ဘောနဲ့ သင်္ဘောပေါ်မှာ လိုက်ပါလာသူ သုံးဦးကို စစ်ဆေးမေးမြန်းဖို့အတွက်  တောင်ကိုရီးယား စစ်ဘက်ဆိပ်ကမ်းတစ်ခုသို့ ခေါ်ဆောင်သွားတယ်လို့ သူတို့က ပြောဆိုပါတယ်။

 

ထိန်းသိမ်းထားတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေဟာ  တောင်ကိုရီးယားနိုင်ငံကို ဘက်ပြောင်းခိုလှုံဖို့ လာတာလား ဒါမှမဟုတ် ရေပိုင်နက်နယ်နိမိတ်ကို မတော်တဆဖြတ်ကျော်မိတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေးပါဘူး။

 

ဇွန်လအတွင်းကလည်း လူလေးဦးလိုက်ပါလာတဲ့  မြောက်ကိုရီးယား ငါးဖမ်းလှေတစ်စင်းဟာ နှစ်နိုင်ငံအကြား မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းခဲ့ပါတယ်။ သူတို့ထဲက အမျိုးသားနှစ်ဦးကို မြောက်ကိုရီးယားကို  ပြန်လည်ပို့ဆောင်ခဲ့ပြီး ကျန်နှစ်ဦးကတော့ တောင်ကိုရီးယားမှာ ဘက်ပြောင်း ခိုလှုံခဲ့ကြပါတယ်။ ဒီလို ရေပိုင်နက်ထဲ သင်္ဘောဝင်ရောက်တာနဲ့ပတ်သက်ပြီး နယ်စပ်လုံခြုံရေးအပေါ် ဂရုစိုက်မှု အားနည်းတယ်ဆိုပြီး တောင်ကိုရီးယား ဗိုလ်ချုပ်တစ်ဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

 

Ref : CNA

Photo : AFP

 

#voiceofmyanmar #မြောက်ကိုရီးယား #သင်္ဘောတစ်စင်းနဲ့လူသုံးဦးကိုထိန်းသိမ်း #တောင်ကိုရီးယား

Related posts

Leave a Comment

VOM News

FREE
VIEW