ရိုဟင်ဂျာတွေ ကိုယ်ပိုင်ပြည်နယ်တည်ထောင်ဖို့ နယ်မြေပေးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်ဆို

ကွာလာလမ်ပူ၊ ဇူလိုင်-၂၈-၂၀၁၉

မျိုးဆက် (VOM)

 

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားပေးဖို့ ဒါမှမဟုတ် ကိုယ်ပိုင်ပြည်နယ်ဖွဲ့စည်းဖို့ အခွင့်အရေးပေးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မိုဟာမက်က ပြောဆိုလိုက်တယ်လို့ The Daily Star သတင်းဌာနက ဇူလိုင် ၂၈ ရက်မှာ ဖော်ပြပါတယ်။

 

ပုံမှန်အားဖြင့် တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ဖို့ဆန္ဒမရှိပေမယ့် မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေ သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်တာတွေ ဖြစ်နေတာကြောင့် ၀င်ရောက်ပြောဆိုရတာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ဆိုပါတယ်။

 

မြန်မာနိုင်ငံဟာ တစ်ချိန်က ကိုယ်ပိုင်အုပ်ချုပ်တဲ့ ပြည်နယ်အများအပြားရှိခဲ့ကြောင်း၊ သို့သော် လူမျိုးစုများစွာ ရှိနေတာကြောင့် တစ်ပြည်ထောင်စနစ်နဲ့ အုပ်ချုပ်ဖို့ ဗြိတိသျှတို့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

 

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့် ဒါမှမဟုတ် သူတို့ကို ကိုယ်ပိုင်ပြည်နယ်ဖွဲ့စည်းဖို့အတွက် နယ်မြေပေးသင့်တယ်လို့ တူရကီနိုင်ငံကို လေးရက်ကြာခရီးစဉ်အတွင်း တူရကီအခြေစိုက် Anadolu သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မဟာသီယာက ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံက အစ္စလမ်ဘာသာဝင် ၀ီဂါမျိုးနွယ်စုတွေဖိနှိပ်ခံရတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒီပဋိပက္ခ ပြေလည်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးတာ၊ ခုံသမာဓိ ဒါမှမဟုတ် တရားရုံးကတစ်ဆင့် ဖြေရှင်းဖို့ မလေးရှားနိုင်ငံက အမြဲထောက်ခံခဲ့ကြောင်း၊ သူတို့ကို နိုင်ငံသားအဖြစ်ပေးရေး တရုတ်နိုင်ငံကို မိမိတို့ တိုက်တွန်းသင့်ပြီး မတူညီတဲ့ ဘာသာကိုးကွယ်မှုကြောင့် ၀ီဂါမျိုးနွယ်စုတွေကို ဦးတည်ပြီး လွှမ်းမိုးကိုင်တွယ်မှုတွေ မလုပ်သင့်ဘူးလို့ မဟာသီယာမိုဟာမက်က ပြောပါတယ်။

 

Ref : The Daily Star

Photo : Reuters

 

#voiceofmyanmar #ရိုဟင်ဂျာ #ကိုယ်ပိုင်ပြည်နယ်တည်ထောင်ဖို့နယ်မြေပေးသင့် #မလေးရှားဝန်ကြီးချုပ် # မြန်မာ #ဘင်္ဂလားဒေ့ရှ် #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW