ဝါရှင်တန်၊ ဇူလိုင်-၁-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံ ရန်ကုန်မြို့မှာရှိတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်တစ်ဆိုင်ကို ပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်ပြီးနောက် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘက် ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့မှာဖွင့်လှစ်ထားတဲ့ ပြုံးယမ်းကော်ယိုစားသောက်ဆိုင်ကို ပိတ်သိမ်းခဲ့ရပြီး စားသောက်ဆိုင်ဝန်ထမ်း ၂၁ ဦးကိုလည်း မြောက်ကိုရီးယားကို ပြန်ဖို့ အမိန့်ထုတ်ခဲ့တယ်လို့ မြန်မာဘက်က ပြောဆိုခဲ့ကြောင်း အာအက်ဖ်အေ သတင်းဌာနက ဖော်ပြပါတယ်။ အဲဒီစားသောက်ဆိုင်ဟာ အရှေ့တောင်အာရှမှာ မြောက်ကိုရီးယားရဲ့ အကြီးဆုံးစားသောက်ဆိုင် တစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်မှာရှိတဲ့ စားသောက်ဆိုင်ကတော့ ပထမထပ်မှာ စားသောက်ခန်းမနဲ့ ဒုတိယထပ်မှာ ဗီအိုင်ဗီအခန်းတစ်ခန်းလည်း ရှိတယ်လို့ ဖော်ပြထားပြီး ငှားရမ်းခအနေနဲ့ တစ်လကို ဒေါ်လာသောင်းချီပေးရတယ်လို့ ဆိုပါတယ်။ ဒီလိုပိတ်သိမ်းဖို့ အမိန့်ထုတ်လိုက်တာဟာ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှု ဆုံးဖြတ်ချက်အမှတ် ၂၃၉၇…
Read MoreMonth: July 2019
မန္တလေးမြို့မှာ ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားမှုပြုလုပ်
မန္တလေး၊ ဇူလိုင် ၁- ၂၀၁၉ ရဲရင့်မင်းခန့် (VOM) မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီးမှာ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ဖျက်သိမ်းရေးအတွက် လူထုအသိပေး လက်ကမ်းစာဆောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုတစ်ခု ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။ “ကျနော်တို့က မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က နိုင်ငံတော်အစိုးရကို ပြည်သူတွေသိဖို့အတွက် တစ်လအတွင်း စာချုပ်ချပြပေးဖို့ တောင်းဆိုထားတယ်။ အဲ့ဒါကို ချမပြဘူး။ အခုဆိုတစ်လ ပြည့်သွားပါပြီ။ ဒါ့ကြောင့် ဒီနေ့မှာ ပြည်သူတွေ သိစေဖို့အတွက် လူထုအသိပေး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်တာပါ။”လို့ နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်စိုးမြင့်က ပြောပါတယ်။ အဲဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်၊ ဧရာဝတီကို ချစ်မြတ်နိုးသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ စုပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။…
Read Moreကျား၊မ ခွဲခြားခံရမှုကြောင့် အဆုံးစီရင်ခဲ့တဲ့ ကိုကျော်ဇင်ဝင်းအတွက် လိင်တူချစ်သူတွေ ဆုတောင်း
ပြည်၊ ဇူလိုင် ၁ – ၂၀၁၉ လမင်း (VOM) လုပ်ငန်းခွင်မှာ ကျား၊မ ခွဲခြားဆက်ဆံခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့ ကိုကျော်ဇင်ဝင်း ကောင်းရာဘုံဘ၀ရောက်စေဖို့ မနေ့ ဇွန် ၃၀ ရက်က ညနေ ၆ နာရီက ပြည်မြို့က ရွှေဆံတော်ဘုရား ရင်ပြင်မှာ လိင်တူချစ်တူတွေစုပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ် ။ “ အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအနှံ့အဟြးမှာ ခွဲခြားဆက်ဆံခံနေရပြီးတော့ အသက်ပါပေးလိုက်ကြတဲ့ LGBT တွေ အများကြီးရှိပါတယ်။ အဲ့ LGBT တွေ အားလုံးအတွက် ရည်ရွယ်ပြီးတော့ ၀မ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းမေတ္တာပို့တယ်။ ဘုရားရှိခိုးပြီး သူတို့အတွက် အမျှအတန်း ဝေကြတာပါ။” လို့ LGBT အခွင့်အရေး တက်ကြွလှုပ်ရှားသူ ကိုငြိမ်းက ဟြေပါတယ် ။ အဲဒီ ဆုတောင်းပွဲကို…
Read More