တပ်မတော်နဲ့ တပ်မတော်သားခွဲခြားသိပြီး ဝေဖန်ဖို့လို

နေပြည်တော်၊ သြဂုတ် ၅ – ၂၀၁၉

ကိုထွန်း(VOM)

 

တပ်မတော်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိနေတဲ့အပေါ်မှာ တပ်မတော်နဲ့ တပ်မတော်သားတွေဆိုပြီး ခွဲခြားသိမြင်ဖို့ လိုအပ်ကြောင်း တပ်မတော်ရဲ့ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့တဲ့ သူရဦးရွှေမန်းက ပြောဆိုပါတယ်။

 

“ဒီနေ့ နိုင်ငံတော်အတွင်းမှာ တပ်မတော်နဲ့ ပတ်သက်ပြီးအမျိုးအမျိုး ဝေဖန်ပြောဆိုနေကြတာ ရှိပါတယ်။ စိတ်လည်းမကောင်းပါဘူး။ တပ်မတော်သား၊ တပ်မတော်ဆိုပြီး ခွဲပြီးသိဖို့တော့ လိုပါတယ်။”လို့ မနေ့ သြဂုတ် ၄ ရက် ညနေပိုင်းက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာနဲ့ တွေ့ဆုံပွဲမှာ သူရဦးရွှေမန်းက ပြောဆိုခဲ့တာပါ။

 

တပ်မတော်သားတွေဖြစ်တဲ့ စစ်သားတွေဟာ မိဘဆွေမျိုးတွေနဲ့ ခွဲခွာပြီး အသက်ခန္ဓာကို ပေးလှူနေကြရတာ ဖြစ်တဲ့အတွက် လွန်စွာ သနားစရာကောင်းသလို အမိန့်ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

တပ်မတော်နဲ့ ပတ်သက်လို့ ဝေဖန်ပြောဆိုမယ်ဆိုရင် တပ်မတော်အပေါ်နားလည်ဖို့လိုပြီး တပ်မတော်ကို ဦးဆောင်သူတွေအကြောင်းလည်း နားလည်ဖို့ လိုပါတယ်။

“ဝါးလုံးရှည်နဲ့ သိမ်းပြီး ပြောလိုက်တဲ့ကိစ္စဟာ ရင်ကြားစေ့ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တဲ့အတွက် ဒါတွေကို သတိပြုဆင်ခြင်ရပါမယ်။ အဖွဲ့အစည်းကို နာမည်တပ်ပြီး ပြောဆိုဝေဖန်မယ်ဆိုရင် အင်မတန်သတိထားရပါမယ်။ တကယ်လို့ သတ္တိရှိတယ်ဆိုရင် လူပုဂ္ဂိုလ်ကိုပဲ ဖေါ်ထုတ်ပြောသင့်တယ်လို့ ယူဆမိတယ်။ ခြေမမကောင်းခြေမ၊ လက်မ မကောင်း လက်မပေါ့။” လို့ သူရဦးရွှေမန်းက ဆိုပါတယ်။

 

#voiceofmyanmar #နေပြည်တော် #သူရဦးရွှေမန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW