ပြည် သြဂုတ် ၁၁-၂၀၁၉ လမင်း (VOM) ပြည်မြို့ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်အနီးမှာရှိတဲ့ ပြန်ကြားရေးဌာနမြေနေရာက ညဈေးတန်းဈေးဆိုင်ခန်း ၁၁ ခန်းကို သြဂုတ်လ ၁၁ ရက်နေ့မနက်က အိမ်ရှေ့ဥပဇာမှု့နဲ့နှင်ထုတ်ရာမှာ ဈေးဆိုင်ခန်း ၃ ခန်းသာနှင်ထုတ်ရခဲ့ပြီး ကျန်ဆိုင်ခန်းတွေကဆိုင်ရှင်တွေကတော့ ဖယ်ပေးခဲ့ခြင်းမရှိတာကြောင့် အပြန်အလှန်ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ် ။ ဒီဆိုင်ခန်းတွေကို ပြန်ကြားရေးဌာနက ကန်ထရိုက်ပေးပြီးဆောက်လုပ်ခိုင်းခဲ့တာဖြစ်ပြီး ကန်ထရိုက်နဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ကန်ထရိုက်ကတဆင့် ယခုပိုင်ရှင်တွေထံငှားခဲ့ပြီး ၅ နှစ်ပြည့်သွားတဲ့အချိန်မှာတော့ ပြန်ကြားရေးဌာနနဲ့ ဆိုင်ရှင်တွေ တနှစ်တခါစာချုပ်ချုပ်ဆိုပြီး ဆက်လက်ငှားရမ်းခဲ့ကြတာပါ ။ ၂၀၁၅ ကစပြီး ဒီနေရာမှာ Community Center တစ်ခုဆောက်လုပ်မှာဖြစ်တာမို့ စာချုပ်ချုပ်ဆိုခြင်းမရှိတော့ဘဲ ဖယ်ခိုင်းနေတာဖြစ်ပါတယ် ။ ဒီနေ့လာရောက်ဖယ်ရှားခိုင်းတဲ့အချိန်မှာ လာရောက်ဖယ်ရှားသူတွေက ဆိုင်ခန်းရှင်တွေကို ၀ရမ်းမပြဘဲဖယ်ရှားပေးခိုင်းတာတွေရယ် ဆိုင်ခန်းရှင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ ပြန်ကြားရေးရုံးကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီး ၀န်ကြီးဌာနတွေကကို ဒီကိစ္စကိုမသိဘဲဆောင်ရွတ်တဲ့အတွက် လက်မခံသလို…
Read MoreDay: August 11, 2019
မွန်ပြည်နယ် ရေးမြို့မှာ ၂ပေလောက်ရေပြန်ကျပေမယ့် ဟံဂံ ကလော့ မာန်အောင်ကျေးရွာတွေမှာ ရေနစ်မြုပ်ပြီး လူပေါင်းထောင်ချီပိတ်မိနေသေး
ရေး- သြဂုတ် ၁၁-၂၀၁၉ မိုးယံ မွန်ပြည်နယ် ရေးမြို့မှာ ၂ပေလောက်ရေပြန်ကျပေမယ့် ဟံဂံ ကလော့ မာန်အောင်ကျေးရွာတွေမှာ လူပေါင်းထောင်ချီပိတ်မိနေတယ်လို့ မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းကွန်ယက်ကပြောပါတယ်။ `လောလောဆယ် ရေးမြို့အခြေအနေကတော့ ရေ ၂ပေလောက်ပြန်ကျတယ် လက်ရှိရာသီဥတုက မိုးမရွာတော့ ရေပြန်ကျနိုင်တယ် ဟံဂန် ကလော့ မာန်အောင်ရွာတွေကတော့ အဆက်အသွယ် ပြတ်ပြီးပိတ်မိနေတယ်၊ ဟံဂံကျေးရွာမှာ အိမ်ခြေ ၁၅၀၀ဝန်းကျင်ရှိတယ် ရေုးမြို့ကနေ ရေလမ်းက လှေနဲ့သွားဖို့လည်း အဆင်မပြေဘူး တောင်ကျချောင်းရေကရေအရမ်းကြမ်းတော့ သွားဖို့အဆင်မပြေဘူးကားလမ်းမှာလည်း ၂နေရာလောက်ရေကျော်နေတယ်၊ သွားဖို့အဆင်မပြေဘူးလို့´မွန်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းကွန်ယက်ရဲ့ ညှိနှိုင်းရေးမှူး ကိုမင်းအောင်ဖြိုးက ပြောပါတယ်။ ပိတ်မိနေတဲ့လူတွေက နှစ်ထပ်အိမ်တွေပေါ်မှာ တချို့နီးစပ်ရာ ဘုန်းကြီး ကျောင်းမှာနေကြရတယ် ကျနော်တို့လတ်တလောဆက်သွယ်မရဘူးဖြစ်နေတယ်လို့လည်းပြောဆိုပါတယ်။ `ကျနော်လည်း အသေးစိတ်တော့မသိသေးဘူး ဟံဂံ မာန်အောင် ကလော့ ကျေးရွာတွေကပိတ်မိနေတဲ့သဘောဖြစ်နေတယ်သွားရေးလာရေးခက်ခဲနေတော့ ရေစီးကလည်းသန်တယ် အဲ့ဒီနေရာ တွေမှာ တော်တော်…
Read Moreနေပြည်တော်က ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက် ပျဉ်းမနားမှာ ဆန္ဒဖေါ်ထုတ်
ပျဉ်းမနားသြဂုတ်၁၁-၂၀၁၉ ကိုထွန်း(VOM) သြဂုတ်၁၁ရက်မနက်ပိုင်းက ပြည်ထောင်စုနယ်မြေပျဉ်းမနားမှာလူ၅၀ခန့်ကဗစ်တိုးရီးယားအတွက်တရားမျှတမှုရရှိရေး၊လူ့အဖွဲ့အစည်းတွင် တရားဥပဒေစိုးမိုးရေး၊ မျိုးဆက်သစ်များအတွက် လုံခြုံစိတ်ချရတဲ့လူ့အဖွဲ့အစည်းတစ်ခုဖန်တီးပေးရေး၊ နောက်ထပ်ဗစ်တိုးရီးယားများအလိုမရှိစတဲ့ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ပြီးတော့အောင်မင်္ဂလာကားဝင်းကနေကျောက်တိုင်ကွင်းအထိလမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။ ဒီပွဲကိုဦးဆောင်တဲ့ကိုထက်ပိုင်စိုးက “တရားရေးမှာလွဲနေတာတွေ့ရတယ်၊ဒါကြောင့်အမှန်တရားပေါ်ပေါက်ရေးအတွက်ဆန္ဒပြတာပါ၊နောက်တစ်ခုကနိုင်ငံလုံးဆိုင်ရာသက်ငယ်မုဒိမ်းပပျောက်ဖို့အတွက်တောင်းဆိုတာပါ၊ အခုဖြစ်နေတာကကျွန်တော်တို့တွေရဲစခန်းမှာအကူအညီတောင်းလို့မရတော့ဘူး၊တရားရုံးတွေမှာအကူအညီသွားတောင်းလို့မရတော့ဘူး၊ဘာကြောင့်လည်းဆိုတော့တရားရေးမဏ္ဍိုင်ကလဲပြိုကျနေပါပြီ၊ဒါကြောင့်တရားရေးမဏ္ဍိုင်ကိုတည့်မတ်ပေးနိုင်သူဆိုလို့နိုင်ငံကိုအုပ်ချုပ်နေတဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တစ်ယောက်သာရှိပါတော့တယ်၊သူကတော့ဥပဒေဘောင်တွင်းကမှန်မှန်ကန်ကန်ဆောင်ရွက်ပေးဖို့ညွှန်ကြားတာဘဲ၊ဒါပေမယ့်ဥပဒေဘောင်အတွင်းမရှိတဲ့ဝန်ထမ်းတွေကတော့ဥပဒေမဲ့လုပ်နေကြပါတယ်၊ဒါကြောင့်သမ္မတကြီးထံတိုက်ရိုက်အကူအညီတောင်းရခြင်းဖြစ်ကြောင်း “ ပြောပါတယ်။ နေပြည်တော်ကWisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှာ၃နှစ်မပြည့်သေးတဲ့ကလေးငယ်ကိုအဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတကယ့်တရားခံအစစ်ကိုအရေးယူစေချင်လို့ နိုင်ငံတဝှမ်းမြို့ကြီးအတော်များများမှာဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။အဲဒီနောက် ဒီကိစ္စအမှုမှန်ပေါ်ပေါက်ဖို့ နိုင်ငံတော်သမ္မတရုံးကလိုလားတဲ့အကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာခုလိုတရားခံမိထားပြီဆိုပြီးကျောင်းကားမောင်းသူကိုဖမ်းဆီးရုံးတင်ပြီးစစ်ဆေးနေတာဖြစ်ပါတယ်။ #voiceofmyanmar #ပျဉ်းမနား#သက်ငယ်မုဒိန်း#Wisdom Hill
Read Moreအမေရိကန်နဲ့စစ်ရေးလေ့ကျင့်တာကြောင့် တောင်ကိုရီးယားနဲ့ မဆွေးနွေးတော့ဘူးလို့ မြောက်ကိုရီးယားဆို
ပြုံးယမ်း၊ သြဂုတ်-၁၁-၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်ဟာ သြဂုတ် ၁၀ ရက်ကပြုလုပ်တဲ့ လက်နက်သစ်စမ်းသပ် ပစ်ခတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပြီး အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်တာကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား ဆွေးနွေးပွဲတွေ ဖြစ်နိုင်ခြေမရှိတော့ဘူးလို့ မြောက်ကိုရီးယား ထိပ်တန်းသံတမန်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ သီတင်းပတ်နှစ်ပတ်အတွင်း ငါးကြိမ်မြောက်အဖြစ် သြဂုတ် ၁၀ ရက်မှာ တာတိုပစ်ဒုံးပျံနှစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာကို ဆန့်ကျင်ကာ အင်အားပြသမှု တစ်ရပ်အဖြစ် တောင်ကိုရီးယားက ရှုမြင်ထားပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား နျူကလီးယားဆွေးနွေးပွဲတွေ အလျင်စလိုရပ်ဆိုင်းသွားခဲ့ရတဲ့ ပြီးခဲ့တဲ့ နှစ်စဉ်အကြီးစားစစ်ရေးလေ့ကျင့်မှုအစား အခြားရွေးချယ်စရာတစ်ခုအဖြစ် ကွန်ပြူတာနည်းပညာတွေ အများအပြားပါဝင်တဲ့ ၁၀ ရက်ကြာအသေးစားစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ပွဲအတွက် အကြိုပြင်ဆင်တာဖြစ်တယ်လို့ မြောက်ကိုရီးယားက…
Read Moreမြေပြိုမှုဖြစ်ခဲ့တဲ့ ပေါင်မြို့နယ်က ကယ်ဆယ်ရေးလုပ်နေတဲ့နေရာတွေကို အများပြည်သူမလာဖို့်ဆော်သြ
ပေါင် သြဂုတ် ၁၁-၂၀၁၉ မိုးယံ မွန်ပြည်နယ် ပေါင်မြိ့နယ် သဲဖြုကုန်းကျေးရွာ သံဖြူရပ်ကွက် မြေပြိုမှုဖြစ်ပွားလို့ ရှာဖွေကယ်ဆယ် ပြုလုပ်နေတဲ့နေရာတွေဟာ အန္တရယ်များတဲ့အတွက် အများပြည်သူမလာကြဖို့ သက်ဆိုင်ရာက ဆော်သြထားပါတယ်။ “ လောလောဆယ် လုပ်ငန်းလုပ်နေတဲ့နေရာကိုဆော်သြထားတယ်ပေါ့ ပြည်သူတွေလာပြီးတော့ကြည့် တာတို့ဘာတို့မရှိအောင်ကားတွေကိုလည်း မြို့ရှောင်လမ်းကနေ လမ်းလွှဲလုပ်ပေးထားတယ်၊ လုပ်ငန်းလုပ်နေတဲ့အချိန်မှာ ယန္တယားတွေနဲ့လုပ်နေတဲ့အတွက် ထိခိုက်မှာလည်းစိုးတယ် ပြီးတော့ဒီတောင်ကပဲ့ကျနေတုန်းဘဲ မိုးကလည်းဆက်တိုက်ရွာနေတာဆိုတော့ ကျောက်တုံးကြီးတွေ ပိကျမှာစိုးလို့ လမ်းကနေမဖြတ်ခိုင်ဘူး ဒီလမ်းကလည်းလမ်းဆုံဖြစ်နေတော့ အများပြည်သူမသွားမဖြစ်သွားကြတော့ ဒါတွေဖြတ်မသွားအောင်ထိန်းချုပ်ပေးရတာပေါ့လို့ “ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းကပြောပါတယ်။ `ပိတ်မိနေတာတွေကို ဆက်ပြီးရှာဖွေကယ်ဆယ် နေကြပါတယ် အဆောက်အဦး အလိုက် ထရပ်ကားတွေရော အပေါ်ကကျောက်တုံးကြီးတွေဖုံးထားသလိုဖြစ်နေတော့ စက်ယန္တယားတွေနဲ့ကယ်ထုတ်နေရတယ် အောက်မှာအသက်ရှင်ကျန်သေးလား ဘယ်လိုအခြေအနေ ရှိနေလဲ ဆိုတာ ရန်ကုန်ကကယ်ဆယ်ရေးအဖွဲ့တွေ ကိရိယာတွေနဲ့စမ်းသပ်ပြီး ကယ်ထုတ်နေပါတယ်လို့´လည်း ပြောပါတယ်။ ပိတ်မိနေတာတွေကို ဒီနေ့နံက် ၆နာရီမှာစတင်ပီး…
Read More