နေပြည်တော်က ဗစ်တိုးရီးယားအမှု တရားမျှတရေးအတွက်  ပျဉ်းမနားမှာ ဆန္ဒဖေါ်ထုတ်

ပျဉ်းမနားသြဂုတ်၁၁-၂၀၁၉

ကိုထွန်း(VOM)

 

သြဂုတ်၁၁ရက်မနက်ပိုင်းက  ပြည်ထောင်စုနယ်မြေပျဉ်းမနားမှာလူ၅၀ခန့်ကဗစ်​တိုးရီးယား​အတွက်​တရားမျှတမှုရရှိ​ရေး၊လူ့အဖွဲ့အစည်းတွင်​ တရားဥပ​ဒေစိုးမိုး​ရေး၊ မျိုးဆက်​သစ်​များအတွက်​ လုံခြုံစိတ်​ချရတဲ့လူ့အဖွဲ့အစည်းတစ်​ခုဖန်​တီး​ပေး​ရေး၊ ​နောက်​ထပ်​ဗစ်​တိုးရီးယားများအလိုမရှိစတဲ့ဗီနိုင်းဆိုင်းဘုတ်တွေကိုင်ဆောင်ပြီးတော့အောင်​မင်္ဂလာကားဝင်းကနေ​ကျောက်​တိုင်​ကွင်းအထိလမ်းလျှောက်ဆန္ဒဖေါ်ထုတ်ခဲ့ပါတယ်။

ဒီပွဲကိုဦးဆောင်တဲ့ကိုထက်ပိုင်စိုးက

“တရား​ရေးမှာလွဲ​နေတာ​တွေ့ရတယ်​၊ဒါ​ကြောင့်​အမှန်​တရား​ပေါ်​ပေါက်​​ရေးအတွက်​ဆန္ဒပြတာပါ၊​နောက်​တစ်​ခုကနိုင်​ငံလုံးဆိုင်​ရာသက်​ငယ်​မုဒိမ်းပ​ပျောက်​ဖို့အတွက်​​တောင်းဆိုတာပါ၊ အခုဖြစ်​​နေတာကကျွန်​​တော်​တို့​တွေရဲစခန်းမှာအကူအညီ​တောင်းလို့မရ​တော့ဘူး၊တရားရုံး​တွေမှာအကူအညီသွား​တောင်းလို့မရ​တော့ဘူး၊ဘာ​ကြောင့်​လည်းဆို​တော့တရား​ရေးမဏ္ဍိုင်​ကလဲပြိုကျ​နေပါပြီ၊ဒါ​ကြောင့်​တရား​ရေးမဏ္ဍိုင်​ကိုတည့်​မတ်​​ပေးနိုင်​သူဆိုလို့နိုင်​ငံကိုအုပ်​ချုပ်​​နေတဲ့နိုင်​ငံ​တော်​သမ္မတဦးဝင်းမြင့်​တစ်​​ယောက်​သာရှိပါ​တော့တယ်​၊သူက​တော့ဥပ​ဒေ​ဘောင်​တွင်းကမှန်​မှန်​ကန်​ကန်​​ဆောင်​ရွက်​​ပေးဖို့ညွှန်ကြားတာဘဲ၊ဒါ​ပေမယ့်​ဥပ​ဒေ​ဘောင်​အတွင်းမရှိတဲ့ဝန်​ထမ်း​တွေက​တော့ဥပဒေမဲ့လုပ်​​နေကြပါတယ်​၊​ဒါ​ကြောင့်​သမ္မတကြီးထံတိုက်​ရိုက်​အကူအညီ​တောင်းရခြင်းဖြစ်​ကြောင်း  “

ပြောပါတယ်။

နေပြည်တော်ကWisdom Hill ပုဂ္ဂလိကမူကြိုကျောင်းမှာ၃နှစ်မပြည့်သေးတဲ့ကလေးငယ်ကိုအဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတကယ့်တရားခံအစစ်ကိုအရေးယူစေချင်လို့ နိုင်ငံတဝှမ်းမြို့ကြီးအတော်များများမှာဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။အဲဒီနောက် ဒီကိစ္စအမှုမှန်ပေါ်ပေါက်ဖို့  နိုင်ငံတော်သမ္မတရုံးကလိုလားတဲ့အကြောင်းထုတ်ပြန်ပြီးတဲ့နောက်မှာခုလိုတရားခံမိထားပြီဆိုပြီးကျောင်းကားမောင်းသူကိုဖမ်းဆီးရုံးတင်ပြီးစစ်ဆေးနေတာဖြစ်ပါတယ်။

 

#voiceofmyanmar #ပျဉ်းမနား#သက်ငယ်မုဒိန်း#Wisdom Hill

Related posts

Leave a Comment

VOM News

FREE
VIEW