ငပုတောမှာ ကမ္ဘာ့ဆင်များနေ့ ကျင်းပ

ငပုတော၊ သြဂုတ် ၁၂ – ၂၀၁၉

ကိုအောင်(VOM)

 

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို  ဧရာဝတီတိုင်း ငပုတောမြို့နယ် တင်းချောင်းကျေးရွာက ထန်းတစ်ပင်ဆင်စခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

 

သစ်ထုတ်လုပ်ရေးလုပ်ကိုင်ခဲ့တဲ့ ဆင်အို ၅ ကောင်နဲ့ တောဆင်ရိုင်း ထိန်းသိမ်းရေးလုပ်ငန်းမှာ ပါဝင် ကူညီနေတဲ့ ကွန်ဂျီဆင် ၃ ကောင်ကို ကြံ၊ ဌက်ပျောသီး၊ ပြောင်းဖူး၊ ဖရဲသီး၊ ၀ါးရွက်နု စတဲ့ အစားအစာတွေကို ဘူဖေးပုံစံနဲ့ ကျွေးခဲ့ပါတယ်။

 

ဆင်တွေကို တန်ဖိုးထားတတ်စေဖို့နဲ့ ဆင်သတ်ဖြတ်မှုတွေ လျော့ကျဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေတွေမှာ တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ ခန့်၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင်ကောင်ရေက ၆၀၀၀ ခန့်ထိရှိပြီး ဧရာဝတီတိုင်းမှာတော့  ဆင်ကောင်ရေ ၄၅၀ ကျော်ရှိတဲ့အတွက် မြန်မနိုင်ငံမှာ အများဆုံးလို့ သိရပါတယ်။

 

#voiceofmyanmar #ငပုတော #ကမ္ဘာ့ဆင်များနေ့

Related posts

Leave a Comment

VOM News

FREE
VIEW