ငပုတောမှာ ကမ္ဘာ့ဆင်များနေ့ ကျင်းပ

ငပုတော၊ သြဂုတ် ၁၂ – ၂၀၁၉ ကိုအောင်(VOM)   ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် အခမ်းအနားကို  ဧရာဝတီတိုင်း ငပုတောမြို့နယ် တင်းချောင်းကျေးရွာက ထန်းတစ်ပင်ဆင်စခန်းမှာ ပြုလုပ်ခဲ့ပါတယ်။   သစ်ထုတ်လုပ်ရေးလုပ်ကိုင်ခဲ့တဲ့ ဆင်အို ၅ ကောင်နဲ့ တောဆင်ရိုင်း ထိန်းသိမ်းရေးလုပ်ငန်းမှာ ပါဝင် ကူညီနေတဲ့ ကွန်ဂျီဆင် ၃ ကောင်ကို ကြံ၊ ဌက်ပျောသီး၊ ပြောင်းဖူး၊ ဖရဲသီး၊ ၀ါးရွက်နု စတဲ့ အစားအစာတွေကို ဘူဖေးပုံစံနဲ့ ကျွေးခဲ့ပါတယ်။   ဆင်တွေကို တန်ဖိုးထားတတ်စေဖို့နဲ့ ဆင်သတ်ဖြတ်မှုတွေ လျော့ကျဖို့ ရည်ရွယ်ကျင်းပတာလို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်း သဘာဝသစ်တောနယ်မြေတွေမှာ တောင်ဆင်ရိုင်း ခန့်မှန်းကောင်ရေ ၁၅၀၀ ခန့်၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင် မှတ်ပုံတင်ထားတဲ့ ဆင်ကောင်ရေက ၆၀၀၀ ခန့်ထိရှိပြီး ဧရာဝတီတိုင်းမှာတော့  ဆင်ကောင်ရေ ၄၅၀ ကျော်ရှိတဲ့အတွက်…

Read More

ကျိုက်မရောမြို့နယ်က ကျေးရွာအချို့ ရေနစ်မြုပ် ကယ်ဆယ်ရေးမျှော်လင့်နေ

ကျိုက်မရော၊ သြဂုတ် ၁၂ -၂၀၁၉ သူရိန်(VOM)   မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဦးလေးကျေးရွာနဲ့ ငပြေးမကျေးရွာဘက်မှာ ရေပတ်လည်ဝိုင်းနေတဲ့အတွက် ထွက်ပေါက်မရှိဘဲ ပိတ်မိနေလို့ ကယ်ဆယ်ရေးအဖွဲ့​တွေ မျှော်နေတယ်​လို့ ဒေသခံတွေဆီက သိရပါတယ်​။   “ရေပတ်လည်ဝိုင်းရံနေတော့ ကျေးရွာသူရွာသားများ ပိတ်မိနေတယ်။ တချို့လှေရှိသူ မိသားစုအနည်းငယ်သာ ထွက်ပြေးနိုင်တယ်။ ကျိုက်မရောမြို့က လာတဲ့လမ်းကလည်း တစ်မိုင်လောက် ရေမြုပ်နေလို့ ကယ်ဆယ်ရေးအဖွဲ့များ လာရောက်နိုင်ဖို့ အခက်အခဲ ဖြစ်နေတယ်။” လို့ ဦးလေးကျေးရွာရှိ ဝေဠုဝန် ကျောင်းထိုင်ဆရာတော် အရှင်ပုံညာနန္ဒက မိန့်ပါတယ်။   အဲဒီကျေးရွာတွေဟာ ကျိုက်မရောမြို့နဲ့ ဆယ်မိုင်လောက် အကွာမှာရှိပြီး ဦးလေးကျေးရွာမှာ အိမ်ထောင်စု ၅၀၀ လူဦးရေ ၃၀၀၀ ခန့်၊ ငပြေးမကျေးရွာမှာတော့ အဆက်အသွယ်မရလို့ လူဦးရေစာရင်းတိတိကျကျ မသိရှိရပေမယ့် အိမ်ခြေ ၂၁၀ ခန့် ရှိနေတယ်လို့ သိရပါတယ်။   ဦးလေးကျေးရွာမှာ…

Read More

ကမ္ဘာ့ဆင်များနေ့ အထိမ်းအမှတ် ပြည်မြို့ နတ်မှော်ဆင်စခန်းမှာ ကျင်းပ

ပြည်၊ သြဂုတ် ၁၂ -၂၀၁၉ ဂျန်ကိုးလ်(VOM)   ဒီနေ့ သြဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆင်များနေ့ အခမ်းအနားကို ပဲခူးတိုင်း ပြည်မြို့ နတ်မှော်ဆင်စခန်းမှာ မနက်အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။ “အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆင်တွေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပတာပေါ့။ ဆင်ကလေးတွေကို သနားကျင်နာတတ်ဖို့၊ သဘာဝလောကရဲ့ အဖိုးတန်ဆင်ရတနာလေးတွေကို အားလုံး ၀ိုင်းဝန်းကူညီထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ဆင်လေးတွေအပေါ်မှာ လွဲမှားစွာအသုံးအမပြုကြဖို့၊  ဆင်စွယ်ဖြတ်တောက်တာတွေကို မပြုလုပ်ကြဖို့ တပ်လှန့်နှိုးဆော်တဲ့အနေနဲ့ ကျင်းပရခြင်းဖြစ်ပါတယ်။”လို့ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဒေါ်ရတနာမြင့်အောင်က ပြောပါတယ်။   ကမ္ဘာပေါ်မှာရှိတဲ့ ဆင်တွေဟာ တရားမ၀င်သတ်ဖြတ်ခံရတာ၊ သူတို့ရဲ့ နေရင်းဒေသပျောက်ဆုံးတာတွေနဲ့ ကြုံရသလို လူတွေနဲ့ ဆင်တွေပဋိပက္ခဖြစ်ရတဲ့ အခြေအနေတွေလည်း  ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံ သစ်ထုတ်လုပ်ရေးကလည်း လျှော့ချထားတဲ့အတွက် ဆင်တွေကို ထိမ်းသိမ်းစောင့်ရှောက်ထားပြီး အဲဒီလို ဆောင်ရွက်ထားခြင်းကြောင့်…

Read More

သီပေါမြို့နယ်မှာ နွားတွေတင်လာတဲ့ကား ပစ်ခတ်ခံရ လူတစ်ဦးသေ

သီပေါ၊ သြဂုတ် ၁၂ – ၂၀၁၉ ဖြူဖြူ (VOM)   ရှမ်းပြည်နယ် သီပေါမြို့နယ် စံလောင်ရွာနဲ့ ကုံးမုံရွာကြားမှာ ဒီနေ့ သြဂုတ် ၁၂ ရက် နေ့လည်ပိုင်းက နွားတွေတင်ဆောင်လာတဲ့ကားတစ်စီး သေနတ်ပစ်ခတ်ခံရလို့  လူတစ်ဦးသေပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ နယ်စည်းမခြား ပရဟိတအဖွဲ့(သီပေါ)က သိရပါတယ်။   “ဖြစ်တဲ့အချိန်တော့ မသိဘူး။ ကျနော်တို့ကိုအကြောင်းကြားတာကတော့ ၁၂ နာရီလောက်ကပေါ့။ အကြောင်းကြားတော့ ကျနော်တို့ ကားနှစ်စီးနဲ့သွားတယ်။ ဟိုရောက်တော့ တစ်ယောက်သေဆုံးတယ်၊ တစ်ယောက်ဒဏ်ရာရတယ်ပေါ့။” လို့ နယ်စည်းမခြားပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုမျိုးက ပြောပါတယ်။   လက်ရှိမှာတော့ သေဆုံးရုပ်အလောင်းကို သီပေါရင်ခွဲရုံမှာ ပို့ဆောင်ထားပြီး ဒဏ်ရာရ လူနာကိုတော့ သီပေါဆေးရုံကနေတစ်ဆင့် လားရှိုးဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။   အခုလို ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ သီပေါမြို့မရဲစခန်းက ရဲမှူးမျိုးနိုင်ကတော့ “လက်ရှိတော့ ဘာမှမလုပ်ရသေးဘူး၊…

Read More

မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနက တရားခွင် သရုပ်ပြ ပြိုင်ပွဲကျင်းပ

မန္တလေး၊ဩဂုတ် ၁၂-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ်ဥပဒေဌာနနဲ့ Mandalay University Law Students’ Association-MULSA ကျောင်းသား၊ ကျောင်းသူတွေ စုပေါင်းကာ တရားခွင်ပုံစံအစစ်နဲ့ အနီးကပ်ဆုံးတူညီအောင်ပြုလုပ်ထားတဲ့ တရားခွင်(သရုပ်ပြ)ပြိုင်ပွဲကို မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ဩဂုတ် ၁၁၊ ၁၂ ရက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။   တက္ကသိုလ်မှာ စာတွေ့သာသင်ကြားနေရပြီး လက်တွေ့သင်ကြားမှု အားနည်းနေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ လက်တွေ့ကျကျ တရားခွင်မှာ စစ်မေးနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။   #vouceofmyanmar #မန္တလေး

Read More

ပေါင်​​ မြေပြိုမှုဧရိယာမှာ ​​တောင်​ထပ်​ပြိုနိုင်လို့ အမိန့်​နဲ့​ပြောင်းခိုင်းပေမယ့်​ ဒေသခံတွေ မ​ပြောင်းရွှေ့ချင်

ပေါင်၊​ သြဂုတ်​ ၁၂ – ၂၀၁၉ မိုးယံ( VOM)   မွန်​ပြည်​နယ်​ ​ပေါင်​မြို့နယ်​ ကျွဲခြံ​ကျေးရွာဘက်မှာ တောင်​ထပ်​ပြိုနိုင်​တဲ့ အန္တရာယ်​ရှိအ​နေအထား​ဖြစ်တာကြောင့်​ ​ဒေသခံ​တွေကို အမိန့်​နဲ့​ပြောင်း​ရွှေ့ခိုင်းပေ​မယ့်​ ​ပြောင်း​ရွှေ့မှုမရှိဘူးလို့ မွန်​ပြည်​နယ်​ လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်ခိုင်​ခိုင်​လဲ့က ​ပြောပါတယ်​။   “အန္တရာယ်​ရှိတဲ့အ​နေအထားဖြစ်​​နေလို့ ကျမတို့က ​ဒေသခံ​တွေကို ​ပြောင်းခိုင်းတာ၊ မ​ပြောင်းကြဘူး။ အမိန့်​နဲ့​ပြောင်းခိုင်းတယ်​၊ ​ပြောင်းဖို့အကုန်​လုပ်​​ပေးတယ်​။ အုပ်​ချုပ်​​ရေးမှူး​တွေကို​ ပြောင်း​ရွှေ့ခိုင်းတာသိ​ကြောင်း လက်​မှတ်​ထိုးခိုင်းတယ်၊​ အတင်းလည်း ​ပြောင်းခိုင်းတယ်​၊ သင့်​​တော်​ရာကိုလည်း ​ရွှေ့ခိုင်းတယ်။ အဲ့ဒါကို ညကျ သူတို့သ​ဘောနဲ့သူတို့ပြန်​လာအိပ်​ကျတယ်​။” လို့ ​ဒေါ်ခိုင်​ခိုင်​လဲ့က ​ပြောပါတယ်​။   မွန်ပြည်နယ်မှာ သြဂုတ် ၉ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလတ်တောင်ပြိုကျခဲ့တာကြောင့် လူနေအိမ်တွေပျက်စီးပြီး သေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဒီနေ့အချိန်အထိ ရှာဖွေကယ်ဆယ်ရေးတွေလည်း ဆောင်ရွက်နေရဆဲ အခြေအနေဖြစ်ပါတယ်။   ရှာဖွယ်ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး…

Read More

၆၉ နှစ်​​မြောက်​ ကရင့်​အာဇာနည်​​နေ့ အခမ်းအနားကျင်းပ

ဘားအံ၊ သြဂုတ်​ ၁၂- ၂၀၁၉ သူရိန်(VOM)   ၆၉ နှစ်​​မြောက်​ ကရင့်​အာဇာနည်​​နေ့ အခမ်းအနားကို ဒီ​နေ့ သြဂုတ် ၁၂ ရက် မနက်​ပိုင်းက ကရင်​ပြည်​နယ်​၊ ဘားအံမြို့ မေတ္တာလမ်း အမှတ်​ ၉ ရပ်​ကွက်မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်​။   ‌ကရင့်​အာဇာနည်​​နေ့အဖြစ်​ ကရင့်​​တော်​လှန်​​ရေး​နေရာ​တွေနဲ့ တပ်​မဟာအသီးသီးမှာ ကျင်းပခဲ့တာ ၆၉ နှစ်​​ရှိ​ခဲ့ပေမယ့်​ ကရင်​ပြည်နယ်ရဲ့မြို့​တော်​ ဇွဲကပင်​​တောင်​ရှိတဲ့ ဘားအံမြို့​ပေါ်မှာ ကျင်းပခဲ့တာကတော့ ဒီနှစ်​ဆိုရင်​ ၆ ကြိမ်​​မြောက်​ပဲ ရှိပါသေးတယ်။   “အခုလို ကျင်းပနိုင်​​အောင်​​ ဒေသခံ​တွေ၊ လယ်​သိမ်း​ မြေယာသိမ်းခံရသူတွေအပါအဝင်​ ဖိနှိပ်​ခံကရင့်​လူတန်းစား​တွေကပဲ ကျင်းပ​နေ​ကြတာကို ​တွေ့မြင်​ရမှာပါ။ ကရင့်​အာဇာနည်​​နေ့လို့ ပြောလိုက်​တိုင်း လူ​တွေအများစုကတော့ ဆန့်​ကျင်​လက်​မခံနိုင်​ကြတာလည်း​ တွေ့မြင်​ရ​တယ်​။ အဲ့ဒီလူ​တွေက​တော့ ဖယ်​ဒရယ်​ပြည်​​ထောင်​စု မလိုလားသူ​တွေ၊ ငြိမ်းချမ်း​ရေးကို လိုလားတယ်​ဆိုပြီး ဟန်​​ဆောင်​လိမ်​ညာသူ​တွေ၊ တိုင်းရင်းသားအချင်းချင်း တန်းတူအခွင့်​အ​ရေး မ​ပေးချင်​သူ​တွေနဲ့…

Read More
VOM News

FREE
VIEW