အိန္ဒိယနိုင်ငံမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၆၅ ဦးရှိလာ

ဒေလီ၊ သြဂုတ်-၁၃-၂၀၁၉

မျိုးဆက် (VOM)

 

အိန္ဒိယနိုင်ငံ ပြည်နယ်လေးခုရှိ ကျေးရွာတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုတာတွေနဲ့ မြစ်ရေကြီးတာတွေကြောင့် လူ ၁၆၀ ကျော်သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

 

လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းမှုတွေပြီးနောက် အိန္ဒိယနိုင်ငံ အနောက်ပိုင်းတစ်လျှောက်မှာ သေဆုံးသူအရေအတွက်ဟာ ၁၆၅ ဦးအထိ တိုးမြင့်လာတယ်လို့ အိန္ဒိယတူဒေး သတင်းဌာနက ဖော်ပြပါတယ်။

 

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်ကတည်းက ကီရာလာပြည်နယ်မှာ လူ ၆၈ ဦးသေဆုံးခဲ့ပြီး လူ ၂၂၇၀၀၀ ဦးကတော့ ကယ်ဆယ်ရေးစခန်း ၁၅၀၀ မှာ ခိုလှုံနေကြရတယ်လို့  ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီဗီဂျေအန် ကပြောဆိုပါတယ်။

 

ပြည်နယ်အတွင်း တောင်ပြိုကျမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲဖြစ်ခဲ့ရတယ်လို့ သူကဆိုပါတယ်။

 

ဒီအတောအတွင်း ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့နဲ့ လိုအပ်နေသူတွေဆီကို အစားအသောက်တွေပေးပို့ဖို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ အိန္ဒိယကမ်းခြေစောင့်တပ်နဲ့ လေတပ်တို့က လုပ်ဆောင်နေကြပါတယ်။

 

Ref : UPI

Photo : Indian Ministry of Defense

 

#voiceofmyanmar  #အိန္ဒိယ #ရေကြီး၊ မြေပြို  #သေဆုံးသူ ၁၆၅ ဦးရှိလာ

Related posts

Leave a Comment

VOM News

FREE
VIEW