စစ်ကိုင်းမှာ ပထမဆုံးအကြိမ် ကျောက်မျက်ရတနာ အရောင်းပြပွဲ ပြုလုပ်မယ်

စစ်ကိုင်း၊ သြဂုတ် ၁၃ -၂၀၁၉ စောပြည့်ချမ်းသာ(VOM)     စစ်ကိုင်းမြို့မှာ ပထမဆုံးအကြိမ် ကျောက်မျက်ရတနာ အရောင်းပြပွဲကို သြဂုတ်လ  ၂၈ ရက်က စတင်ပြီး စက်တင်ဘာ ၁ ရက်အထိ ၅ ရက်တိုင်  ကျင်းပသွားမယ်လို့ စစ်ကိုင်းတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက သိရပါတယ်။   အဲဒီပြပွဲကို စစ်ကိုင်းမြို့ စာရေးရွာဘက်သွားရာ ခရိုင်ချင်းဆက်လမ်းဘေးမှာရှိတဲ့  ထက်ကျော် (ကိုယ်ပိုင် အထက်ကျောင်းဝန်း)အတွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။   စစ်ကိုင်းမြို့ အနောက်တာရွာမှာ နေထိုင်သူအများစုဟာ အဲဒီ ကျောက်စိမ်းပုတီးကို အဓိကထား လုပ်ကိုင်ကြတာဖြစ်ပြီး ကျောက်စိမ်းကုန်ကြမ်းကို မန္တလေးမြို့ ကျောက်ဝိုင်းနဲ့ ဖားကန့် ကျောက်စိမ်းမှော်တို့မှာ သွားရောက်ဝယ်ယူရတာဖြစ်တယ်လို့ ကျောက်လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။   #voiceofmyanmar  #စစ်ကိုင်း #ကျောက်မျက်အရောင်းပြပွဲ

Read More

အိန္ဒိယနိုင်ငံမှာ ရေကြီး၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၆၅ ဦးရှိလာ

ဒေလီ၊ သြဂုတ်-၁၃-၂၀၁၉ မျိုးဆက် (VOM)   အိန္ဒိယနိုင်ငံ ပြည်နယ်လေးခုရှိ ကျေးရွာတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုတာတွေနဲ့ မြစ်ရေကြီးတာတွေကြောင့် လူ ၁၆၀ ကျော်သေဆုံးသွားတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။   လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းမှုတွေပြီးနောက် အိန္ဒိယနိုင်ငံ အနောက်ပိုင်းတစ်လျှောက်မှာ သေဆုံးသူအရေအတွက်ဟာ ၁၆၅ ဦးအထိ တိုးမြင့်လာတယ်လို့ အိန္ဒိယတူဒေး သတင်းဌာနက ဖော်ပြပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်ကတည်းက ကီရာလာပြည်နယ်မှာ လူ ၆၈ ဦးသေဆုံးခဲ့ပြီး လူ ၂၂၇၀၀၀ ဦးကတော့ ကယ်ဆယ်ရေးစခန်း ၁၅၀၀ မှာ ခိုလှုံနေကြရတယ်လို့  ပြည်နယ်ဝန်ကြီးချုပ် ပီနာရာယီဗီဂျေအန် ကပြောဆိုပါတယ်။   ပြည်နယ်အတွင်း တောင်ပြိုကျမှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်အခဲဖြစ်ခဲ့ရတယ်လို့ သူကဆိုပါတယ်။   ဒီအတောအတွင်း ပိတ်မိနေသူတွေကို…

Read More

ပေါင်းတည်မှာ ရေကြီးလို့ စာသင်ကျောင်းတချို့ပိတ်လိုက်ရပြီ

ပေါင်းတည်၊ သြဂုတ် ၁၃-၂၀၁၉ ဂျန်ကိုးလ်(VOM)   ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ်မှာ နွားသတ်ချောင်း မိုးကြီးရေလျှံမှုကြောင့် ကျေးရွာတချို့ ရေနစ်မြုပ်ပြီး စာသင်ကျောင်းတချို့ကိုလည်း ပိတ်ထားလိုက်ရပြီလို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာက သိရပါတယ်။   သြဂုတ်လ ၁၁ ရက်က စတင်ဝင်ရောက်လာခဲ့တဲ့ရေကြောင့် မြို့ပေါ်ရပ်ကွက်  ၅ ခု ကျေးရွာအုပ်စုနှစ်ခုတို့ ရေကြီးနစ်မြုပ်ခဲ့သလို ဒီနေ့ သြဂုတ် ၁၃ ရက်မှာတော့ စာသင်ကျောင်းအချို့လည်း ပိတ်ထားလိုက်ရတယ်လို့ သိရပါတယ်။   “ကျနော်တို့ရုံးလည်း ရေဝင်နေတဲ့အတွက် စာရွက်စာတမ်းတွေကို ရေလွတ်ရာပြောင်းပြီးတော့ ရုံးခန်းကို မင်းရပ် ရပ်ကွက် အ.ထ.က မှာ ယာယီဖွင့်လှစ်ထားပါတယ်။ ပိတ်ထားတဲ့ကျောင်းတွေကတော့ ရေကျသွားရင် ပိတ်တဲ့ရက်တွေအတွက် အစားပြန်သင်တာတွေ ပြုလုပ်ပေးသွားမှာပါ။”လို့ မြို့နယ်ဒုတိယပညာရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။   ရေကြီးရေလျှံမှုကြောင့် ပေါင်းတည် အ.ထ.က၊ အ.လ.က ဘုရားငါးဆူ အ.လ.က…

Read More

ကျောပိုးအိတ်​စက်​ရုံက တရုတ်​နိုင်​ငံသားတစ်​ဦး ကိုယ့်​ကိုယ်​ကိုယ်သတ်​​သေ

ရန်​ကုန်​၊ သြဂုတ် ​၁၃ – ၂၀၁၉ မိုးယံ(VOM)   ​ရန်​ကုန်​တိုင်း ​ရွှေပြည်​သာမြို့နယ်​  အမှတ်​၂ ရပ်​ကွက်​ ဝါးတစ်​ရာ စက်​မှုဇုန်အတွင်း ကျောပိုးအိတ်စက်ရုံတစ်ခုမှာ  တရုတ်​နိုင်ငံသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သက်သေသွားတယ်လို့ ရွှေပြည်သာ လှော်ကားနယ်မြေရဲစခန်းက သိရပါတယ်။   “စစ်ဆေးချက်တွေအရတော့ လည်ပင်းမှာ တစ်ချက်တည်းနဲ့ လှီးထားတာတွေ့ရတယ်။ လူသတ်မှု မဟုတ်ပါဘူး၊ သူ့ဘာသာ သေကြောင်းကြံပြီး သတ်သေတာပါ။” လို့ လှော်ကားနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်စိန်အောင်က ပြောပါတယ်။   Mr.WANG MAI ပိုင်​ဆိုင်​တဲ့ ဝမ်​ရှင်​ဒါ(မြန်​မာ) ခရီးသွားလာ​ရေးပစ္စည်း ကုမ္ပဏီလီမိတက်​ပိုင် ကျောပိုးအိတ်​စက်​ရုံအတွင်းမှာ မ​နေ့ သြဂုတ် ၁၂ ရက် ​နေ့လည်​ပိုင်းက အဲဒီအမှုကိစ္စဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။   အဲဒီစက်​ရုံရဲ့ အလုပ်​သမားဖြစ်​တဲ့ အသက်​ ၃၃ နှစ်​ရှိ တရုတ်လူမျိုး Mr.XIA YAN ဆိုသူဟာ…

Read More

HIV ကလေးတို့ရဲ့ ခိုကိုးရာ

မန္တလေး၊ သြဂုတ် ၁၃ – ၂၀၁၉ ဖြူဖြူ (VOM)   HIV ဝေဒနာသည်လို့ကြားရင် ရှောင်ကျဉ်တတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကလည်း ရှိနေသေးတဲ့အချိန်မှာ ဒီရောဂါခံစားနေရသူတွေအတွက် နေ့စဉ်ဖြတ်သန်းမှုတွေက ခက်ခဲပါတယ်။   အထူးသဖြင့် မိဘမရှိတော့တဲ့ HIV ရောဂါသည် ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင် လူ့ပတ်ဝန်းကျင်မှာ အများနည်းတူရှင်သန်နိုင်ဖို့ ခက်ခဲသလို အဲဒီကလေးတွေ ကိုယ်တိုင်ကလည်း စိတ်ခွန်အားကျဆင်းမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။   ဒီလိုကလေးတွေအတွက် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မြဝတီမင်းကြီးကျောင်းတိုက်ဧရိယာထဲမှာ သုခရိပ်မြုံဆိုတဲ့ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလေးက ကြိုဆိုနေပါတယ်။   အသက်တစ်နှစ်ခွဲကနေ ၁၂ နှစ်အတွင်း HIV ရောဂါခံစားနေရတဲ့ ကလေးငယ်တွေကို လူမျိုးဘာသာမရွေး လက်ခံကာ တရားဝင်မွေးစားပြီး   ပြုစုစောင့်ရှောက်ထားပါတယ်။ အဲဒီကလေးတွေ အိမ်ထောင်ကျတဲ့အထိ ဒါမှမဟုတ် ကိုယ်တိုင်စီးပွားရေးလုပ်ကိုင် အခြေကျသွားတဲ့အထိ စောင့်ရှောက်ပေးထားတာ ဖြစ်ပါတယ်။   သုခရိမ်မြုံဂေဟာကို…

Read More

ပါရှန်ပင်လယ်ကွေ့ ညွှန့်ပေါင်းအဖွဲ့မှာ အစ္စရေးပါဝင်လာရင် စစ်ဖြစ်နိုင်ခြေရှိတယ်လို့ အီရန်သတိပေး

တီဟီရန်၊ သြဂုတ်-၁၃-၂၀၁၉ မျိုးဆက် (VOM)   ပါရှန်ပင်လယ်ကွေ့အတွင်း ရေကြောင်းလုံခြုံရေးညွှန့်ပေါင်းအဖွဲ့မှာ အစ္စရေးနိုင်ငံပါဝင်ခဲ့မယ်ဆိုရင် စစ်ဖြစ်နိုင်ဖို့ အလားအလာရှိတယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ်က သတိပေးပြောဆိုလိုက်ပါတယ်။   ပါရှန်ပင်လယ်ကွေ့အတွင်းမှာ လုံခြုံရေးဆိုင်ရာ ကာကွယ်ဖို့ အမေရိကန်ဦးဆောင်တဲ့ ကြိုးစားအားထုတ်မှုတွေကို ကူညီသွားမယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ခက်ဇ်က ပြီးခဲ့တဲ့အပတ်မှာ ပြောဆိုခဲ့ပါတယ်။   ဒီလို ရေကြောင်းလုံခြုံရေးညွှန့်ပေါင်းဖွဲ့ဖို့ကိစ္စဟာ တရားမ၀င်ဘူးလို့ အီရန်ကယူဆထားပြီး အမေရိကန်နဲ့ ဗြိတိန်ခေါင်းဆောင်တွေအနေနဲ့ ပါရှန်ပင်လယ်ကွေ့မှာ သူတို့ရဲ့ရေတပ်တွေ ထားရှိဖို့ကို တရားဝင်ဖြစ်ဖို့ မတော်တဆမှုတွေကိုလည်း လုပ်ကြံဖန်တီးနေတယ်လို့ အီရန်ဘက်က ဆိုပါတယ်။   ပါရှန်ပင်လယ်ကွေ့မှာ အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုအတွက် အမေရိကန်နဲ့ဗြိတိန်တို့အနေနဲ့ မဖြစ်မနေ တာဝန်ယူရမယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် ရေတပ်ဗိုလ်ချုပ် အာလီရီဇာက ပြောပါတယ်။   ဒီရေပြင်မှာ အစ္စရေးရဲ့ ဘယ်လိုပါဝင်ပတ်သက်မှုမျိုးမဆိုဟာ တရားမ၀င်ဖြစ်ပြီး ရလဒ်အနေနဲ့ ဒေသတွင်းမှာ စစ်ပွဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာဖွယ်ရှိတယ်လို့ သူက…

Read More

ပုသိမ်မှာ ကရင်ရိုးရာ လက်ချည်ပွဲ ကျင်းပ

ပုသိမ်၊ သြဂုတ် ၁၃ – ၂၀၁၉ ကိုအောင် (VOM)   ကရင်တိုင်းရင်းသားတွေရဲ့ ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား(ကရင်ရိုးရာလက်ချည်ပွဲ)ကို ဧရာဝတီတိုင်း ပုသိမ်မြို့ မြို့တော်ခန်းမမှာ ဒီနေ့ သြဂုတ် ၁၃ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။   ကွဲကွာနေတဲ့မိသားစုတွေ ပြန်လည်တွေ့ဆုံခွင့်ရခြင်း၊ တစ်ရွာနဲ့တစ်ရွာ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လုပ်ငန်းများ နှီးနှောဖလှယ်နိုင်ခြင်း၊ လူမှုရေးကိစ္စများ ညှနှိုင်းခွင့်ရခြင်း၊ လူငယ်များ ချစ်ကြည်သွေးစည်းမှုရရှိနိုင်ခြင်း စတဲ့ ကောင်းကျိုးမင်္ဂလာတွေ ရရှိဖို့ ရည်ရွယ်ကျင်းပတာလို့ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီက သိရပါတယ်။   “ဝါခေါင်လမှာရေကြီးတယ်၊ ဘေးအန္တရာယ်ပေါတတ်တဲ့အတွက် ကရင်လူကြီးတွေက လူငယ်တွေကို အန္တရာယ်ကင်းအောင် ချည်ဖြူဖွဲ့ပေးရင်း ရိုးရာပွဲဖြစ်လာတာ။”လို့  ဧရာဝတီတိုင်း အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက ပြောပါတယ်။   ချည်ဖြူဖွဲ့ရာမှာ ယောင်မတစ်ချောင်းနဲ့ ထမင်းထုပ်၊ ကောက်ညှင်းထုပ်၊ ငှက်ပျောသီး၊ ပန်းခတ်၊ ကြံစစ်၊…

Read More
VOM News

FREE
VIEW