ကျောပိုးအိတ်​စက်​ရုံက တရုတ်​နိုင်​ငံသားတစ်​ဦး ကိုယ့်​ကိုယ်​ကိုယ်သတ်​​သေ

ရန်​ကုန်​၊ သြဂုတ် ​၁၃ – ၂၀၁၉

မိုးယံ(VOM)

 

ရန်​ကုန်​တိုင်း ​ရွှေပြည်​သာမြို့နယ်​  အမှတ်​၂ ရပ်​ကွက်​ ဝါးတစ်​ရာ စက်​မှုဇုန်အတွင်း ကျောပိုးအိတ်စက်ရုံတစ်ခုမှာ  တရုတ်​နိုင်ငံသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် သက်သေသွားတယ်လို့ ရွှေပြည်သာ လှော်ကားနယ်မြေရဲစခန်းက သိရပါတယ်။

 

“စစ်ဆေးချက်တွေအရတော့ လည်ပင်းမှာ တစ်ချက်တည်းနဲ့ လှီးထားတာတွေ့ရတယ်။ လူသတ်မှု မဟုတ်ပါဘူး၊ သူ့ဘာသာ သေကြောင်းကြံပြီး သတ်သေတာပါ။” လို့ လှော်ကားနယ်မြေရဲစခန်း စခန်းမှူး ရဲအုပ်စိန်အောင်က ပြောပါတယ်။

 

Mr.WANG MAI ပိုင်​ဆိုင်​တဲ့ ဝမ်​ရှင်​ဒါ(မြန်​မာ) ခရီးသွားလာ​ရေးပစ္စည်း ကုမ္ပဏီလီမိတက်​ပိုင် ကျောပိုးအိတ်​စက်​ရုံအတွင်းမှာ မ​နေ့ သြဂုတ် ၁၂ ရက် ​နေ့လည်​ပိုင်းက အဲဒီအမှုကိစ္စဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီစက်​ရုံရဲ့ အလုပ်​သမားဖြစ်​တဲ့ အသက်​ ၃၃ နှစ်​ရှိ တရုတ်လူမျိုး Mr.XIA YAN ဆိုသူဟာ မနက်​စာ ထမင်းစားချိန်မှာ လာမစားလို့ စက်​ရုံအတွင်း လိုက်​လံရှာ​ဖွေကြရာကနေ အခန်းတစ်​ခုထဲမှာ ​သေဆုံးနေတာ​တွေ့ရတယ်​လို့ လုပ်​​ဖော်​ကိုင်​ဖက်​တစ်​ဦးက ​ပြောပါတယ်​။

 

“သူ့ကိုရှာကြ​တော့ အခန်းတစ်​ခုထဲမှာ ​သွေးအိုင်​ထဲမှာ ​သေဆုံး​နေတာ​တွေ့ရတာပါ။ ဒီနေ့က အလုပ်​ပိတ်​ရက်​ဆို​တော့ အလုပ်​သမား​တွေ မရှိကြဘူး။ CCTVထဲမှာလည်း သူတစ်​​ယောက်​ပဲ တွေ့တယ်​။”လို့ စက်​ရုံရဲ့HR မန်​​နေဂျာ ​ဒေါ်မြသက်​​အောင်​က ​ပြောပါတယ်​။

 

အဲဒီကျောပိုးအိတ်​ချုပ်​တဲ့ စက်​ရုံကို ၂၀၁၉ ခုနှစ်​ မေလ ၉ ရက်​​က စတင်​ဖွင့်​လှစ်​တာဖြစ်​ပြီး ပြည်​တွင်းအလုပ်​သမား ၃၀၀​ ကျော်​၊ နိုင်​ငံခြားသား တရုတ်​လူမျိုး ၂၀​ ကျော်​ လုပ်​ကိုင်​​နေကြတာလို့ သိရပါတယ်​။

 

တရုတ်နိုင်ငံသား သေဆုံးမှုနဲ့ ပတ်သက်ပြီး မိမိကိုယ်​ကိုယ်​ ​သေ​ကြောင်းကြံစည်​မှုနဲ့ အမှုဖွင့်စစ်​​ဆေး​နေတယ်​လို့ ​လှော်ကားနယ်​​မြေရဲစခန်းက သိရပါတယ်​။

 

#voiceofmyanmar #လှော်ကား #ရန်ကုန် #တရုတ်နိုင်ငံသားတစ်ဦးသေဆုံး

 

Related posts

Leave a Comment

VOM News

FREE
VIEW