စစ်ကိုင်းမှာ ပထမဆုံးအကြိမ် ကျောက်မျက်ရတနာ အရောင်းပြပွဲ ပြုလုပ်မယ်

စစ်ကိုင်း၊ သြဂုတ် ၁၃ -၂၀၁၉

စောပြည့်ချမ်းသာ(VOM)

 

 

စစ်ကိုင်းမြို့မှာ ပထမဆုံးအကြိမ် ကျောက်မျက်ရတနာ အရောင်းပြပွဲကို သြဂုတ်လ  ၂၈ ရက်က စတင်ပြီး စက်တင်ဘာ ၁ ရက်အထိ ၅ ရက်တိုင်  ကျင်းပသွားမယ်လို့ စစ်ကိုင်းတိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက သိရပါတယ်။

 

အဲဒီပြပွဲကို စစ်ကိုင်းမြို့ စာရေးရွာဘက်သွားရာ ခရိုင်ချင်းဆက်လမ်းဘေးမှာရှိတဲ့  ထက်ကျော် (ကိုယ်ပိုင် အထက်ကျောင်းဝန်း)အတွင်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

စစ်ကိုင်းမြို့ အနောက်တာရွာမှာ နေထိုင်သူအများစုဟာ အဲဒီ ကျောက်စိမ်းပုတီးကို အဓိကထား လုပ်ကိုင်ကြတာဖြစ်ပြီး ကျောက်စိမ်းကုန်ကြမ်းကို မန္တလေးမြို့ ကျောက်ဝိုင်းနဲ့ ဖားကန့် ကျောက်စိမ်းမှော်တို့မှာ သွားရောက်ဝယ်ယူရတာဖြစ်တယ်လို့ ကျောက်လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။

 

#voiceofmyanmar  #စစ်ကိုင်း #ကျောက်မျက်အရောင်းပြပွဲ

Related posts

✕
VOM News

FREE
VIEW