ဖခင်က အသက်မပြည့်သေးတဲ့သမီးအရင်းကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြု

နေပြည်တော်၊ သြဂုတ် ၂၀-၂၀၁၉

ကိုထွန်း(VOM)

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရပ်ကွက်နေ ဦးဝင်း(အမည်လွဲ)ဆိုသူက KG တန်းတက်နေတဲ့ သမီးအရင်းဖြစ်သူကို လိင်ပိုင်းဆိုင်ရာမဖွယ်မရာ ပြုလုပ်ခဲ့လို့ဆိုပြီး အမှတ် ၆ နယ်မြေရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

 

“ကျနော်တို့ ဖမ်းဆီးစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ဒီလောက်ပဲပြောနိုင်ပါတယ်။” လို့ အမှတ် ၆ နယ်မြေရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဖြစ်စဉ်မှာ  သြဂုတ် ၁၃ ရက် ညနေငါးနာရီးဝန်းကျင်က ဦးဝင်း(အမည်လွဲ)ဟာ ဇနီးဖြစ်သူမရှိခိုက် နေအိမ် အိပ်ခန်းကုတင်မှာ အသက်မပြည့်သေးတဲ့ သမီးရင်းရဲ့ မိန်းမကိုယ်ကို လက်နဲ့မဖွယ်မရာပြုလုပ်ခဲ့ပါတယ်။ ကျောင်းပို့ချိန်မှာ ကလေးငယ်ဆီးအောင့်နေလို့ဆိုပြီး မပို့ဘဲ သေးခံအဝတ်တွေ ဝတ်ဆင်ပေးထားခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

 

အဲဒီနောက် သြဂုတ် ၁၈ ရက် ညဆယ်နာရီခွဲခန့်မှာ မိခင်ဖြစ်သူက ကလေးကိုကြည့်ရှုရာကနေ သွေးစအနည်းငယ်တွေ့ရတဲ့အတွက် ကလေးအထူးကုဆရာဝန်ထံ သွားရောက်ပြသရာမှာ အခုလို ဖခင်အရင်းက မဖွယ်မရာပြုလုပ်ခဲ့တာဖြစ်ကြောင်း သိခဲ့ရတယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလေးငယ်ရဲ့မိခင်ဖြစ်သူက သမီးအရင်းကို မဖွယ်မရာပြုလုပ်ခဲ့တဲ့ ခင်ပွန်းဖြစ်သူ ဦးဝင်း(ကျပန်းလုပ်ကိုင်)ကို အရေးယူပေးဖို့ သြဂုတ် ၁၈ ရက်က အမှတ် ၆ နယ်မြေရဲစခန်းမှာ တိုင်တန်းခဲ့ပါတယ်။

 

ဒါကြောင့် အမှတ် ၆ နယ်မြေရဲစခန်းကနေ (ပ)၃၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ မှုဖွင့်ပေးခဲ့ပြီး ဦးဝင်းးကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။ ကလေးငယ်ကိုတော့ ကုတင် ၁၀၀၀ ဆေးရုံကြီးမှာ မှုခင်းဆေးစာရယူဖို့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #နေပြည်တော် #ဖခင်ကအသက်မပြည့်သေးတဲ့သမီးအရင်းကို မဖွယ်မရာပြု

 

ဓါတ်ပုံ – crd ရဲတပ်ဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW