မြစ်​ကြီးနား ပညာ​ရေး​ကောလိပ်​​ကျောင်းသားသမဂ္ဂ​တွေ ဖဲကြိုးစိမ်းလှုပ်​ရှားမှု ပြုလုပ်

မြစ်ကြီးနား၊ သြဂုတ် ၂၁ – ၂၀၁၉

ရန်အောင်ထွန်း(VOM)

 

မြစ်​ကြီးနား ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂတွေက ဦးစီးပြုလုပ်​တဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ဒီနေ့ သြဂုတ် ၂၁ ရက် မနက်ပိုင်းက ပြုလုပ်​ခဲ့ပြီး အချက်​ ၃ ချက်​ ​တောင်းဆိုခဲ့ပါတယ်။

 

B.A(Edu) နဲ့ B.Sc (Edu) ဘွဲ့တွေအတွက်​ ပွင့်​လင်းမြင်​သာပြီး တိကျတဲ့ မူဝါဒ ချမှတ်​​ပေးဖို့၊ ပညာ​ရေးဝန်​ထမ်းတွေ အ​ဝေးသင်​​တက္ကသိုလ်​ တက်​​ရောက်​တဲ့အခါ လစာဖြတ်​​တောက်​မှု မပြုဖို့ ၊ ​ကျောင်းသားသမဂ္ဂ​တွေကို ဖိနှိပ်​မှုတွေမပြုဖို့ စတာတွေတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

 

တောင်းဆိုထားတဲ့ အချက်​တွေအ​ပေါ် အစိုးရဘက်​က တုံ့​ပြန်​လာမှုနဲ့ ပတ်​သက်​ပြီးလည်း  ” ဝန်​ကြီးဌာနဘက်​က ဒီ​တောင်းဆိုမှုတွေကို အ​ရေးယူမ​ပေးဘူး၊ ​ဆောင်​ရွက်​မ​ပေးဘူးဆိုရင်​ လှုပ်​ရှားမှုတွေ ဆက်​လုပ်​သွားမယ်။ အခု​တောင်းဆိုတာ​တွေ မရမချင်း ဆက်​လုပ်​သွားဖို့ရှိပါတယ်​။ “လို့  မြစ်​ကြီးနား ပညာ​ရေး​ကောလိပ်​​ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကို​အောင်​​အောင်​က ​ပြောပါတယ်။

 

ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီက ဦးဆောင်တဲ့ ဖဲကြိုးစိမ်း လှုပ်​ရှားမှုကို တစ်ရက်ကို ၂ ကျောင်းနှုန်းနဲ့ ပြုလုပ်​​​နေပြီး သြဂုတ်​လ ၁၉ ရက်​​က မန္တလေးနဲ့ မုံရွာ ပညာရေးကောလိပ်၊ သြဂုတ်​ ၂၀ ရက်​က လားရှိုးနဲ့ ပခုက္ကူပညာ​ရေး​ကောလိပ်​၊ ​ဒီ​​နေ့မှာတော့ ရန်​ကုန်​မြို့ ရန်​ကင်းပညာ​ရေး​ကောလိပ်​နဲ့ မြစ်​ကြီးနား ပညာ​ရေး​ကောလိပ်တို့မှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

တောင်းဆိုမှုတွေ မရမချင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီလှုပ်ရှားမှုတွေကို  ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂတွေ ချိတ်ဆက်ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။

 

#voiceofmyanmar  #ဖဲကြိုးစိမ်းလှုပ်ရှားမှု #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW