ရှမ်းမြောက်မှာ လတ်တလောတိုက်ပွဲတွေကြောင့် စစ်ရှောင် နှစ်ထောင်ဝန်းကျင်ရှိ၊ အရပ်သားတွေကို စာနာဖို့ အရပ်ဖက်အဖွဲ့တွေ တောင်းဆို

မန္တလေး၊ သြဂုတ် ၂၁ – ၂၀၁၉ ဖြူဖြူ (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်ထောင်ဝန်းကျင် ရှိနေပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးနဲ့ စစ်ပွဲတွေ ရပ်တန့်ပေးဖို့ ရှမ်းမြောက်အခြေစိုက် အရပ်ဖက်အဖွဲ့ ၁၁ ဖွဲ့က တောင်းဆိုပါတယ်။   “တိုက်ပွဲတွေကြောင့် ထိခိုက်ခံစားနေရတဲ့အများပြည်သူကို စာနာဖို့၊ ပိတ်မိနေတဲ့ အရပ်သားတွေ လွတ်မြောက်ဖို့ပေါ့။ ဒီနေ့တော့ လွတ်ပြီလို့တော့လည်းကြားပါတယ်။ ဟိုရက်တွေကတော့ ကယ်ဆယ်ရေးတောင် ပေးမဝင်ဘူးလေ။ ပြီးတော့ နှစ်ဖက်အမြန်ဆုံးတွေ့ဆုံဆွေးနွေးကြဖို့ပေါ့။”လို့ အလင်းမီးအိမ် အဖွဲ့ခေါင်းဆောင် ကိုချမ်းငြိမ်းမိုးက ပြောပါတယ်။   မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA(တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ AA(ရခိုင့်တပ်မတော်)၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(ကိုးကန့်အဖွဲ့)နဲ့ တပ်မတော်တို့ သြဂုတ် ၁၅ ရက်ကတည်းက တိုက်ပွဲတွေ ဖြစ်ပေါ်နေကြတာ ဖြစ်ပါတယ်။   ဒီနေ့ သြဂုတ် ၂၁…

Read More

ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာတွေမြန်မာနိုင်ငံမပြန်လိုကြ ၊ပြန်ပို့ရေးအစီအစဉ်ရပ်ဖို့HRW တိုက်တွန်း

နယူးယောက်၊သြဂုတ်-၂၁-၂၀၁၉ မျိုးဆက်(VOM)   ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ရိုဟင်ဂျာတွေအနေနဲ့လုံခြုံပြီးမိမိဆန္ဒအလျောက်ဂုဏ်သိက္ခာရှိရှိပြန်နိုင်မယ့်အချိန်အထိရခိုင်ပြည်နယ်ကိုပြန်ပို့မယ့်အစီအစဉ်ကိုမြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ရပ်ဆိုင်းထားသင့်တယ်လို့လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့HRW က တိုက်တွန်းပြောဆိုလိုက်ပါတယ်။   ရိုဟင်ဂျာတွေပြန်လည်လက်ခံရေးအစီအစဉ်ကိုမနက်ဖြန်မှာစတင်တော့မှာဖြစ်ပြီးမြန်မာနိုင်ငံကထွက်ပြေးလာခဲ့တဲ့အချိန်ကလိုဘဲအကြမ်းဖက်မှုနဲ့ဖိနှိပ်မှုတွေကြုံတွေရလိမ့်မယ်ဆိုပြီးဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေမှာရိုဟင်ဂျာတွေဆန္ဒပြခဲ့ကြတယ်လို့ဆိုပါတယ်။   ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေပေးပို့လာတဲ့ရိုဟင်ဂျာ၂၂၀၀၀စာရင်းထဲမှ  ပထမအသုတ်အဖြစ်ရိုဟင်ဂျာ၃၄၅၄ဦးကိုပြန်လည်လက်ခံဖို့မြန်မာနိုင်ငံဘက်ကအတည်ြ့ပုထားပြီးဖြစ်ပါတယ်။ဒါပေမယ့်ရိုဟင်ဂျာတွေပြန်လိုတဲ့ဆန္ဒရှိမရှိကိုအတည်ပြုဖို့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက လုပ်ဆောင်နေတယ်လို့HRW(human rights watch) ကပြောပါတယ်။     ရိုဟင်ဂျာတွေအပေါ်စနစ်တကျညှဉ်ပန်းနှိပ်စက်တာတွေနဲ့အကြမ်းဖက်မှုတွေလုပ်ဆောင်ခဲ့တာတွေကိုမြန်မာဘက်ကဖြေရှင်းတာမျိုးမရှိသေးတဲ့နေရပ်ပြန်ရင်ဘေးကင်းလုံခြုံမှုအတွက်ရိုဟင်ဂျာတွေရဲ့စိုးရိမ်မှုဟာသဘာဝကျတယ်လို့HRW ရဲ့တောင်အာရှရေးရာညွှန်ကြားရေးမှူးMeenakshi Ganguly ကဆိုပါတယ်။   ဒုက္ခသည်စခန်းကရိုဟင်ဂျာတွေကတော့မြန်မာနိုင်ငံကိုပြန်ပို့မယ့်အစီအစဉ်ကြေညာပြီးနောက်ဆန္ဒပြတာတွေလုပ်ခဲ့ကြပြီးအကြမ်းဖက်မှုတွေလုပ်ခဲ့ကြတဲ့တာဝန်ရှိသူတွေကိုအရေးယူဖို့တောင်းဆိုခဲ့ကြပါတယ်။   ဒါ့အပြင်သူတို့ကိုနိုင်ငံသားဖြစ်ခွင့်အပြည့်အ၀ပေးဖို့၊မြန်မာစစ်တပ်ရဲ့မီးရှို့မှုကြောင့်ပျက်စီးသွားတဲ့နေအိမ်နဲ့စီးပွားရေးလုပ်ငန်းတွေအတွက်လျော်ကြေးငွေအပါအ၀င်မြေနဲ့ပိုင်ဆိုင်မှုတွေပြန်ပေးဖို့မြန်မာအစိုးရကအာမခံရမယ်လို့ရိုဟင်ဂျာတွေကတောင်းဆိုထားကြပါတယ်။   Ref : HRW Photo : Getty Images   #voiceofmyanmar #ရိုဟင်ဂျာ #ဘင်္ဂလားဒေရှ် #HRW

Read More

ဂုတ်တွင်းက ပျက်စီးသွားတဲ့ တံတားဘေးမှာ နောက်ထပ်အသစ်တစ်စင်း ဆောက်မယ်

နောင်ချို၊ သြဂုတ် ၂၁ – ၂၀၁၉ ကိုထွန်း(VOM)   မိုင်းခွဲဖျက်စီးခံခဲ့ရတဲ့ နောင်ချိုမြို့နယ်ထဲက ဂုတ်တွင်းတံတားနေရာမှာ ပြန်လည်ပြုပြင်တည်ဆောက်ထားတဲ့ ဘေလီတံတားဟာ ၃၆ တန် ယာဉ်တွေသာ သွားလာနိုင်သေးတာဖြစ်တဲ့အတွက် ၄၈ တန်ရှိတွဲကားကြီးတွေ သွားလာနိုင်ဖို့ နှစ်လမ်းသွား တံတားအသစ်တစ်စင်း ထပ်မံတည်ဆောက်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောပါတယ်။   “လောလောဆယ် ၃၆ တန်ပဲဖြတ်လို့ ရတယ်။ လားရှိုးကိုသွားတဲ့ ကားတွေက ၄၈ တန်တွဲကားကြီးတွေ များတယ်။ ဒါကြောင့်တွဲကားကြီးတွေ သွားနိုင်အောင် ကျနော်တို့ ဆက်ကြိုးစားသွားမှာပါ။ အများဆုံး တစ်လလောက်တော့ ကြာဦးမှာပေါ့။”လို့ သူက ပြောခဲ့တာပါ။   ဒီနေ့ သြဂုတ် ၂၁ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ ဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။   ပြီးခဲ့တဲ့ သြဂုတ်…

Read More

မငြိမ်မသက်ဖြစ်နေတဲ့ အင်ဒိုနီးရှား ပါပူအာဒေသမှာ အကျဉ်းသား ၂၅၀ ကျော် ထောင်ဖောက်ပြေး

ဂျကာတာ၊ သြဂုတ်-၂၁-၂၀၁၉ မျိုးဆက် (VOM)   အင်ဒိုနီးရှားနိုင်ငံ အနောက်ပါပူအာပြည်နယ်အတွင်းရှိ အကျဉ်းထောင်တစ်ခုကနေ  လွတ်မြောက်သွားတဲ့ အကျဉ်းသား ၂၅၀ ကျော်ကို ဖမ်းဆီးရမိရေးအတွက် အင်ဒိုနီးရှားအာဏာပိုင်တွေက လုပ်ဆောင်နေပါတယ်။   ပါပူအာဒေသရှိ မြို့အချို့မှာ ဆန္ဒပြသူတွေက လမ်းတွေကိုပိတ်ဆို့ခဲ့ကြပြီး ထောင်တွေအပါအ၀င် အဆောက်အအုံတွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့တာကြောင့် သြဂုတ် ၁၉ ရက်မှာ အကျဉ်းထောင်ဖောက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။   အင်ဒိုနီးရှားနိုင်ငံအလံကို မလေးမစားပြုလုပ်ပြီး စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဆူရာဘာယာမြို့ရှိ ပါပူအာကျောင်းသားတွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာကနေ အဲဒီဒေသမှာ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်နေခဲ့ပါတယ်။   ဆက်ပြီးလုပ်ဖို့ စီစဉ်ထားတဲ့  ဆန္ဒပြပွဲတွေမတိုင်မီ ပါပူအာဒေသကို ရဲတပ်ဖွဲ့ စစ်ကူတွေ ပိုမိုစေလွှတ်ထားပါတယ်။ ထောင်ပေါင်းများစွာသော ပါပူအာဒေသခံတွေဟာ ကျောင်းသားတွေ အဖမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆိုရောင်း၊ မာနော့ဝါရီနဲ့ ဂျယာပူရာ အပါအ၀င်မြို့တွေရဲ့ လမ်းတွေပေါ်မှာ သြဂုတ်…

Read More

မြစ်​ကြီးနား ပညာ​ရေး​ကောလိပ်​​ကျောင်းသားသမဂ္ဂ​တွေ ဖဲကြိုးစိမ်းလှုပ်​ရှားမှု ပြုလုပ်

မြစ်ကြီးနား၊ သြဂုတ် ၂၁ – ၂၀၁၉ ရန်အောင်ထွန်း(VOM)   မြစ်​ကြီးနား ပညာရေးကောလိပ်ကျောင်းသားသမဂ္ဂတွေက ဦးစီးပြုလုပ်​တဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှုကို ဒီနေ့ သြဂုတ် ၂၁ ရက် မနက်ပိုင်းက ပြုလုပ်​ခဲ့ပြီး အချက်​ ၃ ချက်​ ​တောင်းဆိုခဲ့ပါတယ်။   ​B.A(Edu) နဲ့ B.Sc (Edu) ဘွဲ့တွေအတွက်​ ပွင့်​လင်းမြင်​သာပြီး တိကျတဲ့ မူဝါဒ ချမှတ်​​ပေးဖို့၊ ပညာ​ရေးဝန်​ထမ်းတွေ အ​ဝေးသင်​​တက္ကသိုလ်​ တက်​​ရောက်​တဲ့အခါ လစာဖြတ်​​တောက်​မှု မပြုဖို့ ၊ ​ကျောင်းသားသမဂ္ဂ​တွေကို ဖိနှိပ်​မှုတွေမပြုဖို့ စတာတွေတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။   ​တောင်းဆိုထားတဲ့ အချက်​တွေအ​ပေါ် အစိုးရဘက်​က တုံ့​ပြန်​လာမှုနဲ့ ပတ်​သက်​ပြီးလည်း  ” ဝန်​ကြီးဌာနဘက်​က ဒီ​တောင်းဆိုမှုတွေကို အ​ရေးယူမ​ပေးဘူး၊ ​ဆောင်​ရွက်​မ​ပေးဘူးဆိုရင်​ လှုပ်​ရှားမှုတွေ ဆက်​လုပ်​သွားမယ်။ အခု​တောင်းဆိုတာ​တွေ မရမချင်း ဆက်​လုပ်​သွားဖို့ရှိပါတယ်​။ “လို့  မြစ်​ကြီးနား…

Read More

ရသေ့တောင်မြို့နယ်က ကျေးရွာသားတွေ စစ်တွေမြို့မှာ လာရောက်ခိုလှုံ

ရသေ့တောင်၊ သြဂုတ် ၂၁-၂၀၁၉ ခိုင်းလင်းစံ (VOM)   ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်တဲ့ ရသေ့တောင်မြို့နယ်မှာ တပ်မတော်စစ်ကြောင်းတွေ ကျေးရွာတွေထဲကို ရောက်ရှိလာတာကြောင့် ရွာသားတွေဟာ စိုးရိမ်ပြီး စစ်တွေမြို့မှာ လာရောက်ခိုလှုံနေကြပါတယ်။   အဲ့ဒီကျေးရွာသားတွေဟာ ရသေ့တောင်မြို့နယ် တောင်ပိုင်းဒေသမှာရှိတဲ့ ရွှေလောင်းတင်နဲ့ မြသီတာကျေးရွာသားတွေ ဖြစ်ကြပြီး အရင်ကတော့ အဲ့ဒီဒေသတွေဟာ တိုက်ပွဲဖြစ်ပွားရာ နေရာတွေမဟုတ်ဘူးလို့ ထွက်ပြေးလာခဲ့ကြသူတွေက ပြောပါတယ်။   “ကျနော်တို့ရွာကို စစ်တပ်ကရောက်လာတယ်။ အစကတော့ ရွာသားတွေ ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ နောက် ပစ်ခတ်သံတွေကိုကြားရတော့ ထွက်ပြေးလာခဲ့ကြတယ်။ မနေရဲတော့ဘူး။ ရွာထဲကိုဝင်ပြီးတော့ ပစ်မှာကိုလည်း စိုးရိမ်တယ်။ တခြားရွာတွေမှာလို ဖြစ်မှာကိုကြောက်တာပေါ့။”လို့ အုန်းရည်ဖော်ကျေးရွာကို ရောက်ရှိနေတဲ့ ဦးသန်းဝင်းက ပြောပါတယ်။   အခုလ ပထမအပါတ်မှာ ထွက်ပြေးလာခဲ့ကြတဲ့ မြသီတာကျေးရွာသား ၆၀ ကျော်တို့ဟာ စစ်တွေမြို့မှာရှိတဲ့ အလိုတော်ပြည့်…

Read More
VOM News

FREE
VIEW