အောင်သပြေရွာသား အကျဉ်းထောင်ထဲမှာ သေဆုံးတာဟာ နှစ်ကြီး အကျဉ်းသားတစ်ဦး နှိပ်စက်မှုကြောင့်သာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြော

မန္တလေး၊ ဩဂုတ် ၂၄-၂၀၁၉

ဟိန်းကို(VOM)

 

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်မှာ ထွန်းမြင့်ဝင်းဆိုသူ ပါဝင်ခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က သူ့ကိုဖမ်းစီးကာ အကျဉ်းထောင်တွင်းပို့ဆောင်ထားစဉ် သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။

 

အကျဉ်းထောင်ထဲ ပို့ထားပြီး နှစ်ရက်နီးပါအကြာ ဇွန်လ ၅ ရက်မှာတော့ ထွန်းမြင့်ဝင်းဟာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး  ဒါဟာ နှစ်ကြီးအကျဉ်းသားရဲ့ နှိပ်စက်မှုကြောင့် ဖြစ်တယ်လို့ ဒီနေ့ သြဂုတ် ၂၄ ရက် နေ့လည်ပိုင်းက မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရဲမှူးစိုးအောင်က ပြောခဲ့ပါတယ်။

 

#voiceofmyanmar #မန္တလေး #အောင်သပြေ #အကျဉ်းသားသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW