ရိုဟင်ဂျာအရေးမှာ မြန်မာအစိုးရရဲ့ ထောင်ချောက်မိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဆို

ဒါကာ၊ သြဂုတ်-၃၀-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာပြသနာ အဆုံးသတ်ရေး သံတမန်ရေးရာဆောင်ရွက်မှုတွေ မအောင်မြင်ခဲ့ဘဲ မြန်မာနိုင်ငံ ဆင်ထားတဲ့ ထောင်ချောက်ထဲ ၀င်သွားတယ်လို့ အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဖာရူလ်က သြဂုတ် ၂၉ ရက်မှာ သူ့အစိုးကို ဝေဖန်ပြောဆို လိုက်ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုဆန့်ကျင်တဲ့  အားကောင်းမောင်းသန် ဘယ်လိုမှတ်ချက်မျိုးမှ ထွက်ပေါ်မလာခဲ့သလို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မျိုးနွယ်စုရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်ဆိုတာမျိုး ထုတ်ပြန်ချက်မျိုးလည်း မထုတ်ပြန်နိုင်ခဲ့တာကြောင့် ဒီအခြေအနေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာအစိုးရရဲ့ ထောင်ချောက်မိသွားတဲ့ သဘောဖြစ်တယ်လို့ အတိုက်အခံပါတီခေါင်းဆောင် ဖာရူလ်က ပြောပါတယ်။

 

ဒါ့အပြင် အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့  ရုရှားနိုင်ငံတို့က မြန်မာနိုင်ငံဘက်ကို မျက်နှာသာပေးရပ်တည်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို မျက်နှာသာပေး ရပ်တည်မယ့် နိုင်ငံမရှိဘူးလို့ သူကထောက်ပြပြောဆိုပါတယ်။

 

အိန္ဒိယ၊ တရုတ်နိုင်ငံတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက အခိုင်အမာ ပြောဆိုထားပေမယ့် ရိုဟင်ဂျာပြသနာဖြေရှင်းရေးအတွက် ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အဲဒီနှစ်နိုင်ငံက ဘာတွေလုပ်ပေးခဲ့သလဲလို့ ဖာရူလ်က မေးခွန်းထုတ်ခဲပါတယ်။

 

ကော့ဘဇားမှာခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ပြန်ရေးအတွက် ဒုတိယအကြိမ်အားထုတ်မှုကို သြဂုတ်လအတွင်းက လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရိုဟင်ဂျာတွေကို ပြန်လက်ခံရေးအတွက် မြန်မာဘက်က ဆန္ဒမရှိဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူမိုမန်က စွပ်စွဲပြောဆိုထားသလို မြန်မာဘက်က ကိုင်တွယ်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

 

Ref & Photo: The daily star

 

#voiceofmyanmar #မြန်မာ #ဘင်္ဂလားဒေ့ရှ် #ရိုဟင်ဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW