တရားစွဲခံထားရတဲ့ ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ကျန်းမာရေးအာမခံအတွက် နောက်ရုံးချိန်း ပြန်ချိန်း

ပုသိမ်၊ သြဂုတ် ၃၀ – ၂၀၁၉ ကိုအောင် (VOM)   ယုံကြည်အပ်နှံဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ ဧရာဝတီတိုင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအာမခံအတွက် ဆရာဝန်ကိုစစ်ဆေးပြီး အာမခံပေး၊ မပေး ဆုံးဖြတ်မှာဖြစ်ပေမယ့်  ဒီနေ့ သြဂုတ် ၃၀ ရက် ရုံးချိန်းမှာ  ဆရာဝန်ရောက်မလာတာကြောင့် ပုသိမ်မြို့နယ်တရားရုံးကနေ စက်တင်ဘာ ၄ ရက်ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။   ဦးစံမင်းအောင်ဘက်က တရားရုံးကို ဆေးစာတွေဖတ်ဖို့ ပုသိမ်ထောင် ဆရာဝန်ကို တင်သွင်းပေမယ့် တရားရုံးကို လာရောက်ခြင်းမရှိတာကြောင့် တိုင်းကျန်းမာရေးက ဆရာဝန်တစ်ဦးကို ပြောင်းလဲ လျှောက်ထားခဲ့တယ်လို့ သူ့ရှေ့နေ ဦးနေလင်းအောင်က ပြောပါတယ်။   “ပထမ ထောင်ဆရာဝန်က လာမယ်ပြောပြီး ထောင်ကို တရားရုံးလာဖို့ သမ္မာန်စာ ရောက်မလာတာကြောင့် မလာဖြစ်တော့ဘူးပြောတယ်။ ဒါကြောင့် ကျန်းမာရေးဋ္ဌာနက သက်ဆိုင်ရာ ဆရာဝန်တစ်ဦးကို အစားထိုးဖို့ပဲ…

Read More

တရုတ်-မြန်မာ နယ်စပ်မှာကုန်စည်ပြပွဲ​တွေ ကျင်းပ​တော့မည်​မဟုတ်

မူဆယ်၊ သြဂုတ်​ ၃၀ – ၂၀၁၉ သူရိန်(VOM)   မြန်မာ့ကုန်ပစ္စည်း​တွေ ဈေးနှိမ်ဝယ်​ယူတာကို ကာကွယ်ဖို့အတွက် တရုတ်-မြန်မာ နယ်စပ်မြို့​တွေမှာ ကုန်​စည်​ပြပွဲတွေ လုပ်ဆောင်တော့မှာမဟုတ်ဘဲ လားရှိုးလို အတွင်းပိုင်းမြို့​တွေမှာ ပြောင်းရွှေ့လုပ်ဆောင်သွားမယ်​လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနက သိရပါတယ်​။   “အရင်က နယ်စပ်ကုန်စည်ပြပွဲတွေ အကုန်လုံးက နယ်စပ်မှာ သွားလုပ်တယ်။ နယ်စပ်သွားလုပ်တော့ ကျနော်တို့ဘက်မှာ ဘာမှ မပြည့်စုံဘူး။ ကျနော်တို့ဘက်က လူတွေကလည်း ဟိုဘက်မှာ ထမင်းသွားစားတယ်၊ ဟိုဘက်မှာ အိပ်တယ်။ မနက်ကျမှ ကုန်စည်ပြပွဲလာတယ်။ ဟိုဘက်က တရုတ်ကလည်း မနက်ကျမှ ကုန်စည်ပြပွဲ ထလာတယ်ဆိုတော့ ကျနော်တို့နိုင်ငံအတွက် ဘာမှမကျန်ဘူး။”လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောပါတယ်။   ဒါကြောင့် နှစ်စဉ် အလှည့်ကျ ကျင်းပလာတဲ့…

Read More

ရိုဟင်ဂျာအရေးမှာ မြန်မာအစိုးရရဲ့ ထောင်ချောက်မိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီဆို

ဒါကာ၊ သြဂုတ်-၃၀-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာပြသနာ အဆုံးသတ်ရေး သံတမန်ရေးရာဆောင်ရွက်မှုတွေ မအောင်မြင်ခဲ့ဘဲ မြန်မာနိုင်ငံ ဆင်ထားတဲ့ ထောင်ချောက်ထဲ ၀င်သွားတယ်လို့ အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဖာရူလ်က သြဂုတ် ၂၉ ရက်မှာ သူ့အစိုးကို ဝေဖန်ပြောဆို လိုက်ပါတယ်။   ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုဆန့်ကျင်တဲ့  အားကောင်းမောင်းသန် ဘယ်လိုမှတ်ချက်မျိုးမှ ထွက်ပေါ်မလာခဲ့သလို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မျိုးနွယ်စုရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်ဆိုတာမျိုး ထုတ်ပြန်ချက်မျိုးလည်း မထုတ်ပြန်နိုင်ခဲ့တာကြောင့် ဒီအခြေအနေဟာ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာအစိုးရရဲ့ ထောင်ချောက်မိသွားတဲ့ သဘောဖြစ်တယ်လို့ အတိုက်အခံပါတီခေါင်းဆောင် ဖာရူလ်က ပြောပါတယ်။   ဒါ့အပြင် အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့  ရုရှားနိုင်ငံတို့က မြန်မာနိုင်ငံဘက်ကို မျက်နှာသာပေးရပ်တည်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို မျက်နှာသာပေး ရပ်တည်မယ့် နိုင်ငံမရှိဘူးလို့ သူကထောက်ပြပြောဆိုပါတယ်။   အိန္ဒိယ၊ တရုတ်နိုင်ငံတို့နဲ့…

Read More

စဥ့်ကိုင်မှာ နေအိမ်မီးလောင် သုံးနှစ်နဲ့ ငါးနှစ်အရွယ် ကလေးနှစ်ဦးသေဆုံး

စဥ့်ကိုင်၊ သြဂုတ် ၃၀ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ်မှာ နေအိမ်မီးလောင်ရာက အိမ်ထဲမှာ ပိတ်မိနေတဲ့ ကလေးငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့ စဥ့်ကိုင်မြို့မရဲစခန်းက သိရပါတယ်။   “ကလေးနှစ်ဦး မီးကျွမ်းသွားတယ်ဗျ။ သူ့ရဲ့မိဘတွေက အလုပ်သွားတော့ တံခါးပိတ်ခဲ့တယ်ထင်တယ်၊ ကလေးတွေက ငါးနှစ်နဲ့ သုံးနှစ်ဆိုတော့ ထွက်မပြေးတတ်ဘူးလေ။”လို့ စဥ့်ကိုင်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ဒီနေ့ သြဂုတ် ၃၀ ရက် မနက်ပိုင်းက စဥ့်ကိုင်မြို့နယ် သပြေရိုးရွာရှိ ဦးတင်ဝင်းဆိုသူရဲ့နေအိမ်မှာ ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းရာကနေ နေအိမ်ထဲမှာ ရှိနေတဲ့ ၃ နှစ်အရွယ် မိန်းကလေးနဲ့ ၅ နှစ်အရွယ် ယောက်ျားလေးတို့ မီးလောင်ကျွမ်းသေဆုံးခဲ့တာ ဖြစ်ပါတယ်။   မီးလောင်ကျွမ်းမှုကြောင့် ကလေးနှစ်ဦးသေဆုံးခဲ့သလို ကျပ် ၂၇၂၀၀၀ ကျော်ဖိုးပျက်စီးဆုံးရှုံးခဲ့ပေမယ့် အနီးပတ်ဝန်းကျင်မှာ…

Read More

တရုတ်လုပ်ငန်းရှင်ကို သတ်တဲ့သံသယကြောင့် မြန်မာလုပ်သားလေးဦး ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ သြဂုတ်-၃၀-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းနိုင်ငံသားပိုင်ရှင်ဆီကနေ ဘန်ကောက်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို လွှဲပြောင်းဝယ်ယူလိုက်တဲ့ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သံသယကြောင့် မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။   သံသယရှိသူမြန်မာလုပ်သားလေးဦးကို သြဂုတ် ၂၉ ရက်ညက ပတ္တရားမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ၀န်ထောင်လန်ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။   ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားလေးဦးရဲ့ အချက်အလက်တွေကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ဖို့ ငြင်းဆိုထားပေမယ့် သတင်းရင်းမြစ်တွေရဲ့အဆိုအရ သူတို့ဟာ အားတီ၊ အရှင်းနဲ့ဂျေကြီးဆိုသူတွေဖြစ်တယ်လို့ သိရပါတယ်။   သူတို့ဟာသြဂုတ် ၂၉ ရက် အစောပိုင်းက ၀န်ထောင်လန်ခရိုင်ရှိ အခင်းဖြစ်ရာစားသောက်ဆိုင်မှာ တရုတ်လုပ်ငန်းရှင် ချန်ယီဟိုင်ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာလုပ်သားခုနှစ်ဦးထဲက လေးဦးဖြစ်တယ်လို့ ဆိုပါတယ်။   စီစီတီဗီမှတ်တမ်းတွေအရ မြန်မာလုပ်သား ခုနှစ်ဦးဟာ အခင်းဖြစ်ရာ စားသောက်ဆိုင်ကနေ မနက်…

Read More

မန္တလေး-မူဆယ်လမ်းမကြီးမှာ နှစ်ရက်ဆက်တိုက် ကားတွေမီးရှို့ခံနေရ လမ်းအသုံးပြုနေသူတွေ စိုးရိမ်နေ

မန္တလေး၊ သြဂုတ် ၃၀ – ၂၀၁၉ ဖြူဖြူ (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေ မီးရှို့ဖျက်စီးခံရမှု နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။   ဒီနေ့ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ခရီးသည်တွေကို အောက်ဆင်းခိုင်းကာ ခရီးသည်တင်ကား၊ ကုန်ကား၊ အိမ်စီးကားနဲ့ဆိုင်ကယ်တစ်စီးတို့ သိန္နီမြို့နယ်ထဲမှာ မီးရှို့ဖျက်စီးခံခဲ့ရသလို မနေ့ သြဂုတ် ၂၉ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာလမ်းပိုင်းမှာ ကားတစ်စီး၊ ကွတ်ခိုင် ရှုခင်းသာမှာ ကုန်တင်ကားကြီးတစ်စီးကို မီးရှို့ဖျက်စီးသွားကြတယ်လို့ အဲဒီဒေသဘက်တွေကလာတဲ့ သတင်းတွေအရ သိရပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး နောက်ဆက်တွဲကတော့ လမ်းတံတားတွေ ဖျက်စီးခံရတာ၊ ခရီးသည်တွေ သေနတ်ပစ်ခတ်ခံရတာ၊ ပရဟိတကားတွေ ပစ်ခတ်ခံရတာ၊ မူဆယ် –…

Read More
VOM News

FREE
VIEW