မန္တလေး၊ ဩဂုတ် ၂၇-၂၀၁၉ ဟိန်းကို၊ ဖြူဖြူ (VOM) မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးက ရေကြည်ကျေးရွာမှာ ရွာသူ၊ ရွာသားတွေ ပိုင်ဆိုင်တဲ့မြေကို ရေတံခွန်တောင်စီမံကိန်းနယ်မြေဆိုပြီး သြဂုတ် ၂၅ ရက် မနက်ပိုင်းက စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခြံဝင်းခတ်မှုပြုလုပ်စဉ် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားစဉ်မှာ တောင်သူ မလှခိုင်ဆိုသူ ဓါးခုတ်ခံခဲ့ရကာ ဂုတ်ပိုးနဲ့နားထင် ဒဏ်ရာရရှိခဲ့တဲ့အတွက် မလှခိုင်ရဲ့ ဖခင်ဖြစ်သူက အရေးယူပေးဖို့ ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှာ တိုင်တန်းခဲ့ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)နဲ့ ရဲစခန်းက အမှုဖွင့်ပေးထားပါတယ်။ ကျူးလွန်သူဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံအချို့က စွပ်စွဲပြောဆိုတာတွေလည်းရှိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးလှမြင့်ကတော့ “အဲဒါမဟုတ်ပါဘူး။ ခြံခတ်တဲ့နေ့စားဝန်ထမ်းတွေ ဖြစ်ပါလိမ့်မယ်။ ရဲကတော့ လုံးဝလုံးဝမလုပ်ပါဘူး။ ကျနော်တို့ဘက်က သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းနဲ့အညီ…
Read MoreMonth: August 2019
အီရန်သမ္မတရူဟာနီနဲ့ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံဆွေးနွေးဖို့ အလားအလာရှိနေ
ပါရီ၊ သြဂုတ်-၂၇ -၂၀၁၉ မျိုးဆက် (VOM) မှန်ကန်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်အောက်မှာ အီရန်သမ္မတရူဟာနီနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၂၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။ သြဂုတ် ၂၅ ရက်မှာပြုလုပ်တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ဂျီ-၇ ဆွေးနွေးပွဲကို မမျှော်လင့်ဘဲ အီရန်နိုင်ငံခြား ရေးဝန်ကြီး တက်ရောက်လာပြီးနောက် ဒေါ်နယ်ထရန့်က အခုလို မှတ်ချက်ပြုပြောဆိုလိုက်တာ ဖြစ်ပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားတဲ့ ၂၀၁၅ သဘောတူညီစာချုပ်ကနေ ပြီးခဲ့တဲ့နှစ်က အမေရိကန် နုတ်ထွက်သွားပြီးနောက်ပိုင်း အီရန်နဲ့ အမေရိကန်အကြား ဆက်ဆံရေးတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဒါပေမယ့် အီရန်နဲ့ နျူကလီးယားသဘောတူညီမှုအသစ်ပြုလုပ်ရေး အလားအလာတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရိပ်အယောင်တွေကို ခံစားနေရတယ်လို့ ဒေါ်နယ်ထရန့်ကဆိုပါတယ်။ အီရန်သမ္မတရိုဟာနီကတော့ အီရန်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ ခံစားရတယ်ဆိုရင်…
Read Moreကျောက်မီးသွေးတွင်းပြိုကျပြီး လေးဦးပိတ်မိရာမှာ နှစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ပြီ
မင်းလှ၊ သြဂုတ်၂၇ – ၂၀၁၉ ဂျန်ကိုးလ်၊ ဖြူဖြူ (VOM) မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် ဆပ်ပြာကျေးရွာရဲ့ တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခု ပြိုကျလို့ လူ ၄ ဦးပိတ်မိနေတဲ့ထဲက ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ထုတ်ထားပြီလို့ အဲဒီကျောက်မီးသွေးတွင်းရှိ အလုပ်သမားတွေဆီက သိရပါတယ်။ “အလောင်းနှစ်လောင်းတော့ အပေါ်ရောက်ပြီ။ ဆက်ပြီးရှာဖွေယ်ရေး၊ ကယ်ဆယ်ရေးလုပ်နေတယ်။ ဝင်သွားတာလေးယောက်လို့ သိရတယ်။ ဒီမနက်အထိတော့နှစ်ယောက်တော့ရပြီ။”လို့ မင်းလှမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက ပြောပါတယ်။ သြဂုတ် ၂၅ ရက်ညနေပိုင်းက တောင်ကျရေကြောင့် ကျောက်မီးသွေးတွင်းထဲ ရေဝင်ပြိုကျခဲ့တာဖြစ်ပြီး စိုးအောင် (၁၉ နှစ်)၊ ပိုင်စိုးဝင်း (၂၈ နှစ်)၊ နိုင်ထက်ဦး (၂၀ နှစ်)၊ အောင်ချမ်းသာ (၁၆ နှစ်) တို့ လေးဦးပိတ်မိနေခဲ့ရာမှာ…
Read Moreဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လူငယ်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
ရန်ကုန်၊ သြဂုတ် ၂၆ – ၂၀၁၉ မိုးယံ(VOM) ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူငယ်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတစ်ခုကို တိုင်းအတွင်း ခရိုင်လေးခုက NLD ရုံးတွေမှာ ဒီနေ့ သြဂုတ် ၂၆ ရက် မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ဖို့ကြိုးစားနေချိန်မှာ ကျနော်တို့ပါတီက လူငယ်တွေ တော်တော်များများ ပိုမိုနားလည်ဖို့ ပညာပေးလိုတာရယ်၊ ဒီပြိုင်ပွဲကတစ်ဆင့် ပြည်သူတွေဆီ ရောက်သွားအောင်ရယ်၊ အဲဒီရည်ရွယ်ချက်တွေနဲ့ ဒီပြိုင်ပွဲကို ပြုလုပ်ရခြင်း ဖြစ်တယ်။”လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။ ခရိုင်အဆင့်ပြိုင်ပွဲမှာ ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်လေးခုက လူဦးရေ ၈၀ ဝန်းကျင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရန်ကုန် မြောက်ပိုင်းခရိုင်အနေနဲ့ ၁၆ ယောက်ဝင်ပြိုင်ရာမှာ ပထမဆုရရှိခဲ့တဲ့…
Read Moreညအချိန် တုတ်၊ဓါးတွေနဲ့ အုပ်စုဖွဲ့ ရမ်းကားတဲ့ လူငယ်တွေကို ဖမ်းဆီး
ပုသိမ်၊ သြဂုတ် ၂၆ – ၂၀၁၉ ကိုအောင် (VOM) ဧရာဝတီတိုင်း ပုသိမ်မြို့မြကျွန်းသာအိမ်ယာဝင်းလမ်းမပေါ်မှာ မနေ့ သြဂုတ် ၂၅ ရက်ညအချိန်က အုပ်စုဖွဲ့ပြီး တုတ်၊ ဓါးလက်နက်တွေနဲ့ လမ်းသွားလမ်းလာတွေတွေကို အန္တရာယ်ပြုခဲ့တဲ့ လူငယ်တချို့ကို ဖမ်းဆီးထိမ်းသိမ်းထားတယ်လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။ “ညတွင်းချင်း ၇ ယောက် ချက်ချင်း မိပါတယ်။ ကျန်တဲ့ တရားခံတွေမိဖို့လည်း ကြိုးစားဆောင်ရွက်နေပါတယ်။”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။ လူငယ် ၁၀ ဦးဟာ အရက်သေစာသောက်စားကာ တုတ်တွေ၊ ဓါးမြှောင်တွေနဲ့ အန္တရာယ်ပြုခဲ့တာကြောင့် ဆိုင်ကယ်စီး လည်ပတ်နေတဲ့လူငယ် ၆ ဦး၊ လမ်းမှာဆိုင်ကယ်စီးသင်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ၃ ဦးတို့ ဒဏ်ရာတွေရရှိခဲ့ပြီး ပုသိမ်ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ခေါင်းကွဲ၊ ပြတ်ရှဒဏ်ရာ ရရှိကြပေမယ့်…
Read Moreဟောင်ကောင်ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်ပြီး ရဲတပ်ဖွဲ့သတိပေး၊ လူ ၃၆ ဦးဖမ်းဆီးခံရ
ဟောင်ကောင်၊ သြဂုတ်-၂၆-၂၀၁၉ မျိုးဆက် (VOM) သြဂုတ် ၂၅ ရက်က ဟောင်ကောင်ဆန္ဒပြပွဲတွေ ပြုလုပ်ရာမှာ ဟောင်ကောင်ရဲအရာရှိတစ်ဦးက ဆန္ဒပြသူတွေကို ပထမဆုံးအကြိမ်အဖြစ် သေနတ်ပစ်ဖောက်သတိပေးခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ ဇွန်လအတွင်း ဆန္ဒပြပွဲတွေ စတင်ဖြစ်ပွားပြီးကတည်းက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ တုတ်တွေကိုင်ဆောင်ပြီး တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်အချို့က သေနတ်နဲ့ ချိန်ရွယ်ထားတဲ့ ဓါတ်ပုံတွေလည်းပျံ့နှံ့နေပါတယ်။ ရဲတပ်ဖွဲ့ဟာ တနင်္ဂနွေနေ့အစောပိုင်းက ဆန္ဒပြသူတွေကို ဟန့်တားဖို့အတွက် ရေအမြောက်တွေကိုလည်း ဖြန့်ကြက်ချထားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေဟာ ချွှန်ဝန်ခရိုင်မှာစတင်ခဲ့ပြီးနောက်မှာတော့ ဆင်းရှားဆူခရိုင်ကို ပြန့်နှံ့သွားပါတယ်။ သြဂုတ် ၂၅ ရက် ဆန္ဒပြမှုတွေမှာ လူ ၃၆ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဖမ်းခံရသူထဲက အသက်အငယ်ဆုံးကတော့ ၁၂ နှစ်အရွယ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဆန္ဒပြမှုတွေဟာ အငြင်းပွား တရားခံလွှဲပြောင်းရေးဥပဒေကြမ်းကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲအသွင်…
Read Moreမြို့နယ်တရားရုံးက ပလပ်ထားတဲ့ ကိုဆွေဝင်းအမှုကို ခရိုင်တရားရုံးသို့ ရာဇဝတ်ပြင်ဆင်ချက် ဆက်တက်
မန္တလေး၊ဩဂုတ် ၂၆-၂၀၁၉ ဟိန်းကို(VOM) ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ(၆၆/ဃ) နဲ့ တရားစွဲဆိုထားမှုမှာ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ ငြိစွန်းမှုမရှိဆိုပြီး မဟာအောင်မြေတရားရုံးကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်က အမှုကို ပလပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနောင်းသတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ လူမှုကွန်ယက်စာမျက်နှာမှာ ဆရာတော် ဦးဝီရသူရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင်ရေးသားလို့ဆိုပြီး ဆရာတော် ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေကနေ မဟာအောင်မြေတရားရုံးမှာ တရားစွဲဆိုထားခဲ့တာပါ။ တရားရုံးက ပလပ်ထားတဲ့အမှုကို တရားလို ကိုကျော်မျိုးရွှေဘက်က ကျေနပ်မှုမရှိတဲ့အတွက် ဒီနေ့ သြဂုတ် ၂၆ ရက်မနက်ပိုင်းမှာတော့ မန္တလေးခရိုင်တရားရုံးမှာ ဥပဒေပြင်ဆင်ချက် ဆက်တက်ခဲ့ပြီး ခရိုင်တရားရုံးက လက်ခံမယ်၊ လက်မခံဘူးဆိုတာကိုလည်း စောင့်ကြည်သွားမယ်လို့ သိရပါတယ်။ #voiceofmyanmar #မန္တလေး #ကိုဆွေဝင်း #
Read Moreမင်းလှမှာ ကျောက်မီးသွေးတွင်း ပြိုကျ လေးဦးပိတ်မိ
မင်းလှ၊ သြဂုတ်၂၆ – ၂၀၁၉ ဂျန်ကိုးလ်(VOM) မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် ဆပ်ပြာကျေးရွာရဲ့ တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခု မနေ့ သြဂုတ်၂၅ ရက် ညနေက ပြိုကျခဲ့ပြီး လူ ၄ ဦးပိတ်မိနေတယ်လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ်။ “အင်ကြင်းတောင် ကုမ္ပဏီက တူးဖေါ်နေတဲ့ ကျောက်မီးသွေးတွင်းပါ။ မနေ့က ညနေပိုင်းက ရွာတဲ့ မိုးရေတွေဟာ တောင်ကျချောင်းရေတွေနဲ့ပေါင်းပြီး တွင်းထဲကို ဒလဟောစီးဆင်းပြီး ပြိုကျခဲ့တာ။”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ဆပ်ပြာရွာသားတစ်ဦးက ပြောပါတယ်။ ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေသူတွေကို မင်းလှမြို့နဲ့ ရေနံနယ်မြေရဲစခန်းတို့က ရဲတပ်ဖွဲ့ဝင်တွေ၊ ဆပ်ပြာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ကျောက်မီးသွေးတွင်း အလုပ်သမားတွေ စုပေါင်းတဲ့လူ ၂၀ ခန့်က ရေတွေကို ရေစုတ်စက်နဲ့စုတ်ထုတ်နေပြီး ကယ်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။ ပိတ်မိသူတွေဟာ စိုးအောင်…
Read Moreအီရန်နဲ့ တင်းမာနေစဉ် ပင်လယ်ကွေ့ဒေသသို့ တတိယမြောက်စစ်သင်္ဘော ဗြိတိန်စေလွှတ်
လန်ဒန်၊ သြဂုတ်-၂၅-၂၀၁၉ မျိုးဆက် (VOM) အီရန်နဲ့ တင်းမာမှုတွေမြင့်တက်နေချိန်မှာ ပင်လယ်ကွေ့ဒေသကို ဗြိတိန်နိုင်ငံဘက်ကနေ တတိယမြောက်စစ်သင်္ဘော စေလွှတ်လိုက်ပါတယ်။ ပါရှန်ပင်လယ်ကွေ့မှာ သင်္ဘောတွေကိုကာကွယ်ရေးအတွက် နိုင်ငံတကာညွှန့်ပေါင်းအဖွဲ့ ဖွဲ့ဖို့ အမေရိကန်ရဲ့ အစီအစဉ်ကို လက်ရှိအချိန်ထိ ဗြိတိန်နိုင်ငံက အကြီးအကျယ် ထောက်ခံနေပါတယ်။ အိပ်ခ်ျအမ်အက်စ် ဒီဖန်ဒါ ဖျက်သင်္ဘောဟာ အခုလအစောပိုင်းကတည်းက ပို့စ်မောက်ဆိပ်ကမ်းကနေ ထွက်ခွာသွားခဲ့ပြီး ပင်လယ်ကွေ့ကိုသွားဖို့ နောက်ဆုံး ဆုံးဖြတ်ချက်ကို သြဂုတ် ၂၄ ရက်မှသာ ကြေညာခဲ့တာဖြစ်ပါတယ်။ ပင်လယ်ကွေ့ဒေသမှာ ဗြိတိန်ရဲ့ အိပ်ခ်ျအမ်အက်စ် ခန့် နဲ့ အိပ်ခ်ျအမ်အက်စ် မောင့်ရို့စ် ဖရီးဂိတ် စစ်သင်္ဘောနှစ်စင်းရှိနှင့်ပြီး ဖြစ်ပါတယ်။ ဂျီဘရော်လ်တာရေလက်ကြားမှာ အီရန်ရေနံတင်သင်္ဘော Grace 1 ကို ဗြိတိန်တော်ဝင်ရေတပ်က အစောပိုင်းမှာ ထိန်းသိမ်းလိုက်တဲ့အတွက် ဇူလိုင်လမှာတော့ Stena Impero သင်္ဘောကို…
Read Moreရေကြည်ရွာမှာ စီမံကိန်းနယ်မြေကို ခြံဝင်းခတ်ရာက ပဋိပက္ခဖြစ်ပွား ရွာသားတစ်ဦး ဓားခုတ်ခံရ
မန္တလေး၊ ဩဂုတ် ၂၅-၂၀၁၉ ဟိန်းကို(VOM) မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးက ရေကြည်ကျေးရွာမှာ ရွာသူ၊ရွာသားတွေ ပိုင်ဆိုင်တဲ့မြေကို စီမံကိန်းနယ်မြေဆိုကာ စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခြံဝင်ခတ်မှုပြုလုပ်နေစဉ် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။ ပဋိပက္ခဖြစ်ပွားမှုကြောင့် ရဲတပ်ဖွဲ့ဝင် အချို့ဒဏ်ရာရသလို ကျူးရှင်းလင်းရေးအဖွဲ့ကြောင့် ကျေးရွာသူတစ်ဦး ဓားခုတ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ကနဦးပြောပြချက်အရ သိရပါတယ်။ လက်ရှိအချိန်ထိတော့ စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ရေတံခွန်တောင် သွားတဲ့လမ်းကို ပိတ်ထားပြီး ခြံဝင်းခတ်နေမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ #voiceofmyanmar #မန္တလေး #ပုသိမ်ကြီး
Read More