တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းက လက်နက်ကိုင်သုံးဖွဲ့အပါအဝင် ကေအိုင်အေနဲ့ အစိုးရငြိမ်းချမ်းရေးကောင်စီ ကျိုင်းတုံမှာတွေ့ဖို့ သေချာပြီ

သြဂုတ်၂၉ -၂၀၁၉ နေလင်း(VOM)   တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်လုပ်နိုင်ဖို့  ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ လက်ရှိ တိုက်ပွဲတွေဖြစ်နေတဲ့ တအာန်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(ကိုးကန့်) MNDAA ၊ ရခိုင့်တပ်မတော် (AA) တို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကောင်စီတို့ဟာ သြဂုတ် ၃၁ ရက်မှာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှာ တွေ့ဖို့ တချို့စတင်ခရီးထွက်သွားကြပြီ ဖြစ်ပါတယ်။   အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က သွားမယ့်အစီအစဉ်နဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေပြောပြတာက “ဗိုလ်ချုပ်ကြီးခင်ဇော်ဦးညှိနေတာ ခုတော့  ၃၁ ရက်နေ့ သတ်မှတ်လိုက်ပါပြီ။ နေရာက ကျိုင်းတုံဆိုတာတော့ သေချာပါပြီ ကျနော်တို့ဘက်က ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ဦးဆောင်သွားမှာပါ။”  လို့ ဆိုပါတယ်။   တပ်မတော်ဘက်က ပါမယ်၊ မပါဘူးဆိုတာတော့ အတတ်မပြောနိုင်သေးဘူးလို့လည်း သိရပါတယ်။…

Read More

ဝန်ထမ်းအနေနဲ့ ပတ်စ်ပို့စ်လျှောက်ရင် ခက်ခဲလို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေမှာ တခြားအလုပ်အကိုင်နဲ့ ဖေါ်ပြနေရ

နေပြည်တော်၊ သြဂုတ် ၂၉ – ၂၀၁၉ ကိုထွန်း(VOM)   နိုင်ငံ့ဝန်ထမ်းတွေ နိုင်ငံကူးလက်မှတ်လျှောက်တဲ့အခါမှာ အခက်အခဲတွေရှိနေလို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားတွေကို ပျက်စီး၊ ပျောက်ဆုံးလျှောက်ပြီး အလုပ်အကိုင်မှာ ကုန်သည်နဲ့ တခြားဖြည့်စွက်ကာ လွယ်ကူအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေရတယ်လို့ ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက ပြောပါတယ်။   နိုင်ငံ့ဝန်ထမ်းများ နိုင်ငံခြားသို့ တရားဝင်သွားရောက်လည်ပတ်ခွင့်နဲ့ နိုင်ငံကူးလက်မှတ် လွယ်ကူလွတ်လပ်စွာ လျှောက်ထားရယူခြင်းနဲ့ ပတ်သက်ပြီး ခွင့်ပြုပေးဖို့ အစီအစဉ် ရှိမရှိ ဒီနေ့ သြဂုတ် ၂၉ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းစဉ် ဒေါ်မြင့်မြင့်စိုးက ထည့်သွင်းပြောဆိုခဲ့တာပါ။   လက်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးတွေမှာ အများပြည်သူအနေနဲ့ လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ပေမယ့် ဝန်ထမ်းတွေ ပတ်စ်ပိုစ့် ပြုလုပ်တဲ့အခါ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားရှိ အလုပ်အကိုင်နေရာမှာ ဝန်ထမ်း ဒါမှမဟုတ် ဆရာဝန်၊…

Read More

ဗစ်တိုးရီးယားအမှု ငါးကြိမ်မြောက်ရုံးချိန်းကို ဒီနေ့ စစ်ဆေးခဲ့

နေပြည်တော်၊ သြဂုတ် ၂၈ – ၂၀၁၉ ကိုထွန်း(VOM)   လူအများစိတ်ဝင်စားခဲ့တဲ့ နေပြည်တော်က ဗစ်​တိုးရီယားအမှုနဲ့ ပတ်သက်ပြီး ပဉ္စမအကြိမ်မြောက်ရုံးချိန်းကို  ဒီနေ့ သြဂုတ် ၂၈ ရက်နေ့လည်ပိုင်းက နေပြည်တော်ဒက္ခိဏခရိုင်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။   ဒီနေ့ ရုံးချိန်းမှာ ဗစ်တိုးရီးယားရဲ့အဘွားနဲ့ ကျောင်းက cctv ကိုအပ်နှံခဲ့တဲ့ ကိုရန်နိုင်ဌေးကိုစစ်ဖို့ ချိန်းထားခဲ့ရာမှာ အဘွားဖြစ်သူကို စစ်ဆေးခဲ့ပေမယ့် ကိုရန်နိုင်ဌေးဘက်က ကွန်ပျူတာပုံးသာပါပြီး Hard disk ပါမလာတဲ့အတွက် စစ်ဆေးဖို့ခက်ခဲတာကြောင့် နောက်ရုံးချိန်းကို ပြန်လည်ရွှေ့ဆိုင်းခဲ့ရပါတယ်။   နောက်​တစ်​ပတ်​ရုံးချိန်းကို စက်တင်ဘာ ၁၁ ရက်​​သို့ ပြန်​လည်​ချိန်​ဆိုခဲ့ပြီး ဗစ်​တိုးရီယား​(ကလေးငယ်)ကိုလည်း စစ်​​ဆေးမယ်လို့ ကလေးငယ်ဘက်က ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောပါတယ်။   #voiceofmyanmar #နေပြည်တော် #ဗစ်တိုးရီးယား

Read More

ဆရာဝန်ကို စစ်ပြီးမှ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ အာမခံရမရ သိရမည်

ပုသိမ်-သြဂုတ် ၂၈-၂၀၁၉ ကိုအောင်(VOM)     ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအာမခံလျှောက်ထားမူကို ဆရာဝန်အားစစ်ဆေးပြီးမှသာ အာမခံပေးမပေး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပုသိမ်မြို့နယ် တရားသူကြီးက ဒေါ်ခင်မြတ်မြတ်ထွန်းက ဒီကနေ့ တရားခွင်အပြီးမှာ ပြောပါတယ်။   “သူတင်ပြလာတဲ့ ကျန်းမာရေးဆေးစာတွေကို ကျွမ်းကျင်တဲ့ဆရာဝန်တစ်ဦး ကိုယ်တိုင် ဖတ်ကြားပြမှ အာမခံပေးမပေးဆုံးဖြတ်ရမှာ ၃၀ရက်နေ့ကို သူတို့ဘက်က ဆရာဝန်တစ်ဦးကို စစ်ဆေးပါ့မယ်”   ပုသိမ်မြို့နယ်တရားရုံးမှာ ပုဒ်မ ၄၀၉ဖြင့်စတင်တရားစွဲဆိုခံနေတဲ့ လွှတ်တော်ဒုဥက္ကဌဟောင်းကို ဒီနေ့ရုံးချိန်းမှာ  ကျန်းမာရေးအာမခံအတွက် တင်ပြထားတဲ့ဆေးစာတွေအပေါ့် တရားရုံးက သက်သေအဖြစ်သတ်မှတ်လို့မရလို့ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးကို စစ်ဆေးဖို့  သြဂုတ်လ ၃၀ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။   ဦးစံမင်းအောင်ဟာ နလုံးသွေးကြောကျဉ်းရောဂါ ၊ တီဘီရောဂါနဲ့  လိပ်ခေါင်းရောဂါတွေ ခံစားနေရတယ်လို့ ဆေးစာတင်ပြထားတာဖြစ်ပါတယ်။     ဦးစံမင်းအောင်ရဲ့ရှေ့နေက တော့ ၃၀ရက်နေ့ဆရာဝန်ကိုစစ်ဆေးပြီး အာမခံပေးမပေး ဆုံးဖြတ်ချက်ကို ကျေနပ်မူမရှိရင်…

Read More

ဗောဓိတစ်ထောင်ဆင်စခန်းဟာ ဖွင့်လှစ်တဲ့ တစ်လကျော်အတွင်း တခြားစခန်းတွေထက် ဝင်ငွေအကောင်းဆုံးဖြစ်

မုံရွာ-သြဂုတ်၂၈-၂၀၁၉ ရန်နိုင်စိုး(VOM)       မကြာသေးခင် ဇူလိုင်လ ၁၄ ရက်နေ့က ဖွင့်လှစ်လိုက်တဲ့  မုံရွာမြို့အနီးက ဗောဓိတစ်ထောင် အပမ်းဖြေဆင်စခန်းဟာ တစ်လကျော်အတွင်း မြန်မာပြည်တဝှမ်းမှာရှိတဲ့ ဆင်စခန်း ၂၁ ခုအနက် ဝင်ငွေအကောင်းဆုံးဖြစ်လာတယ်လို့ သိရပါတယ်။   တစ်လကျော်အတွင်းမှာ ဆင်စခန်းကို လာရောက်လေ့လာသူ ၇၉၀၀ ကျော်ရှိပြီး ဝင်ငွေကတော့ ၈၅ သိန်းကျော်ရှိတယ်လို့ ဆင်စခန်းရဲ့ လက်ထောက်မန်နေဂျာ ကိုသော်ဇင်အောင်ကပြောပြတာက     ” ကျနော်တို့ ဆင်စခန်းက ဗောဓိတစ်ထောင်ဘုရားနယ်မြေမှာဆိုတော့ ဘုရားဖူးဧည့်သည်တွေ အသွားလာအများဆုံးနေရာတစ်ခုမှာ တည်ရှိတာပါ။ အနယ်နယ်အရပ်ရပ်က ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေလာပြီး ဆင်စခန်းကို ဝင်လေ့လာကြတယ်။ ဆင်စာတွေလဲ ဝယ်ယူကျွေးနိုင်အောင် စီစဉ်ထားတယ်။ ဆင်စီးခအနေနဲ့ကတော့ မြန်မာနိုင်ငံသားတစ်ဦးကို ၅ ထောင်နှုန်းနဲ့ တခြားနိုင်ငံခြားသားဆိုရင်တော့ ၁ သောင်းနှုန်းကောက်ခံပါတယ်။ ဆင်လာရောက်စီးသူတွေကိုလဲ ထိုင်တော်မူဆင်းတုတော်ကြီးဘက်အထိပတ်ပေးတယ်။ ဘုရားလည်း ဖူးရတာပေါ့။…

Read More

သဖန်းဆိပ်ဆည်အောက် နစ်မြုပ်သွားတဲ့ ရွာတချို့ ဆည်ရေကျချိန်ပြန်ပေါ်လာ

ကျွန်းလှ၊ဩဂုတ်၂၈-၂၀၁၉ ဟိန်းကို(VOM)   စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့ရှိ၁၉၉၆ခုနှစ်ကသဖန်းဆိပ်ဆည်တည်ဆောက်အပြီးမှာဆည်အတွင်းနှစ်မြုပ်သွားတဲ့ကျေးရွာ(၇၃)ရွာထဲကရွာအချို့ဟာယခုလ၂၄ရက်နေ့ကဆည်ရေကျချိန်မှာပြန်ပေါ်လာတယ်လို့ဒေသခံတွေပြောကြားချက်အရသိရပါတယ်။   ကျွန်းလှမြို့ နယ်မှာ၁၉၉၆ခုနှစ်ကနိုင်​ငံ​တော်​ အစိုးရရဲ့စီမံချက်​နဲ့​ရေ​လှောင်​တမံတည်​​ဆောက်​ခဲ့ပြီး​ရေ​လှောင်​တမံအမည်​ကိုသဖန်းဆိပ်​ဟုမှည့်​​ခေါ်ခဲ့ကာသဖန်းဆိပ်​ဆည်​ တည်​​ဆောက်​ဖို့အတွက်​ ကျွန်းလှမြို့အပါအဝင်​ကျေးရွာ(၇၃) ရွာလုံး​ပြောင်း​ရွှေ့​ပေးခဲ့ရတာလည်းဖြစ်ပါတယ်။   “ခုပေါ်လာတာကတော့ဘုန်းကြီးကျောင်းအချို့ရယ်၊ ရေတွင်းပျက်တွေ၊စေတီအချို့ပေါ်လာတာပါဆည်ဆောက်ပြီးနှစ်၂၀အတွင်းမှာခုလိုပေါ်တာပါ၊ကိုယ့်ရွာကိုလွမ်းတဲ့သူအချို့ကတော့လာကြည့်ရင်းငိုတဲ့သူတွေလည်းရှိတယ်လို့” ကျွန်းလှမြို့ဒေသခံကိုနေခြည်ထက်ကပြောပါတယ်။   ကျွန်းလှမြို့ဟောင်းအပါအဝင်ရွာပေါင်း(၇၃)ရွာနှစ်မြုပ်တဲ့အထဲမှာလက်ရှိတင်းတိန်​ရံ၊ရွာသီရွာ၊ရွှေ​တောင်​၊ပိ​တောက်​ကုန်း၊လက်​ပံကြီး​တော၊ပေါက်​ကုန်း၊ကျွဲတဲ၊ကျီကုန်း၊အင်​တိုင်းရွာတို့ဟာဆည်ရေကျချိန်တပိုင်းတစပြန်ပေါ်လာခဲ့ပြီးအင်တိုင်းရွာကတော့တစ်ရွာလုံးနီးပါပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။သဖန်းဆိပ်ဆည်ရဲ့ကန်ရေပြည့်အမှတ်ဟာ၅၄၅ရှိပြီးလက်ရှိမှာ၅၀၆အထိဆည်ရေကျဆင်းမှုဖြစ်ပေါ်ခဲ့ကာရေနှစ်မြုပ်ခဲ့ပြီးပြန်ပေါ်လာတဲ့ရွာအချို့ကိုသက်ဆိုင်ရာရှေးဟောင်းသုတေသနနဲ့ အဖွဲ့အစည်းတွေက  ထိန်းသိမ်းလေ့လာသင့်တယ်လို့ဒေသခံအချို့ကပြောပါတယ်။   ဆည်တည်ဆောက်ပြီး ၁၉၉၈ ကတစ်ကြိမ်ရေနည်းချိန်မှာ ရွာဟောင်းတွေပေါ်ခဲ့ဘူးပေမယ့် ခုလောက် များများစားစား ပေါ်တာမရှိပဲ ဆည်ထဲမှာရေနည်းသွားလို့ ခုမှ ထင်ထင်ရှားရှားပေါ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ ခုလိုမိုးတွင်းမှာ ဆည်ရေနည်းနေတာဟာ နွေရာသီအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့လည်း ဒေသခံလူကြီးတွေက ခန့်မှန်းနေကြပါတယ်။     #voiceofmyanmar# ကျွန်းလှ #သဖန်းဆိပ်ဆည်    

Read More

ဂျပန်မှာ စံချိန်တင်မိုးရွာသွန်းနေလို့ အရေးပေါ်အခြေအနေကြေညာပြီး လူရှစ်သိန်းခွဲနီးပါး ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ထုတ်

တိုကျို၊ သြဂုတ်-၂၈-၂၀၁၉ မျိုးဆက် (VOM)   ဂျပန်နိုင်ငံတောင်ပိုင်းမှာ  သြဂုတ် ၂၈ ရက်အစောပိုင်းက မိုးရေချိန်စံချိန်တင်ရွာသွန်းခဲ့တာကြောင့် မြေပြိုခြင်း၊ ရေကြီးခြင်းနဲ့  အခြားသဘာဝဘေးအန္တရာယ်ဖြစ်ပွားလာမယ့်အန္တရယ်ရှိနေတာကြောင့်  ကျူရှူးကျွန်းရှိ ဒေသခံတွေကို အရေးပေါ်အခြေအနေကြေညာပြီး ဂျပန်မိုးလေ၀သဌာနက သတိပေးထားပါတယ်။   တစ်ချို့နေရာတွေမှာ တစ်နာရီအတွင်း မိုးရေချိန် လေးလက်မကျော်အထိရွာသွန်းခဲ့တဲ့ ဆာဂါပြည်နယ်မှာ အမျိုးသားတစ်ဦးဟာ သူမောင်းနှင်လာတဲ့ ကားပေါ်က ဆင်းလိုက်ချိန်မှာ ရေမျောသွားတာကြောင့် သေဆုံးသွားပြီး အမျိုးသမီးတစ်ဦးလည်း ကားရေစီးထဲမျောပါသွားပြီးနောက် သေဆုံးသွားတယ်လို့ ဂျပန်အခြေစိုက် အင်န်အိပ်ခ်ျ်ကေသတင်းဌာနက ဖော်ပြပါတယ်။ မြစ်အချို့ရေကြီးမြင့်လာတာကြောင့် လမ်းတွေပေါ်မှာ ရေကြီးနေပြီး မော်တော်ယာဉ်ဘီးတွေ ရေအောက်မြုပ်နေပြီး ဒူးလောက်ရှိတဲ့ ရေအနက်မှာ ဒေသခံတွေ သွားလာနေရတဲ့ ပုံရိပ်တွေကို ရုပ်မြင်သံကြားဌာနတွေက ထုတ်လွှင့်ခဲ့ပါတယ်။   ကျူရှူးကျွန်းမြောက်ပိုင်းရှိ ဖူကူအိုကာ၊ နာဂါဆာကီ နဲ့ ဆာဂါပြည်နယ်တွေက ဒေသခံ ရှစ်သိန်းခွဲနီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းကြဖို့  အမိန့်ထုတ်ထားတယ်လို့ ကျိုဒို…

Read More

ဓါးပြဆန်ဆန်ကောက်ခံနေတဲ့ မီတာခအလိုမရှိဆိုပြီး ဆန္ဒထုတ်ဖေါ်

ပဲခူး၊ သြဂုတ်​ ၂၈ – ၂၀၁၉ မိုးယံ(VOM)   ပဲခူးတိုင်း ပဲခူးမြို့နယ်​မှာ မ​နေ့ သြဂုတ် ၂၇ ရက် ည ၇ နာရီကျော်က ဓါးပြဆန်ဆန်ကောက်ခံနေတဲ့ မီတာခများအလိုမရှိစာသားပါ ဗီနိုင်းကိုင်ဆောင်ပြီး တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ပါတယ်။   ပဲခူးတိုင်းအတွင်းရှိ ပဲခူးမြို့၊ အင်းတကော်မြို့၊ ဘုရားလေးမြို့၊ ဘုရားကြီးမြို့တို့ကို အစိုးရလျှပ်စစ်ဌာနကနေ ရွှေစွမ်းအင်ကုမ္မဏီကို ၂၀၁၅ ခုနှစ်ကတည်းက တင်ဒါပေးခဲ့တာဖြစ်ပြီး အဲဒီကုမ္ပဏီအနေနဲ့ စာချုပ်ပါနှုန်းထားထက် တိုးကောက်နေတာတွေကို ကျေနပ်မှုမရှိလို့ ဆန္ဒထုတ်ဖော်တာလို့ သိရပါတယ်။   “မီတာကိုကျသင့်တာထက် ပိုကောက်နေတဲ့ ရွှေစွမ်းအင်ကုမ္မဏီကို မကျေနပ်ဘူး။ ကျနော်ဆန္ဒပြတာ နိုင်ငံတော် အစိုးရကိုပြတာမဟုတ်ဘူး။ ရွှေစွမ်းအင်ကုမ္ပဏီကို ဆန္ဒပြတာပါ။ ပဲခူးကရဲစခန်းတစ်ခုမှာ မီတာခ ငါးသိန်းဆောင်ရတယ်။ စာသင်ကျောင်းတွေမှာလည်း ကျောင်းသားမိဘ ဆရာဆရာမတွေပေါင်းပြီး မီတာခဆောင်ရတယ်။ သာသနာပြုတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း မနိုင်ဝန်ထမ်းနေရတယ်။ နိုင်ငံတော်ကကောက်တာထက် ရွှေစွမ်းအင်ကုမ္ပဏီက…

Read More

ကြီးထွားလာတဲ့ ဟောင်ကောင်အကြမ်းဖက်ဆန္ဒပြမှုတွေကို ကိုင်တွယ်နိုင်တယ်လို့ အုပ်ချုပ်ရေးမှူး ကာရီလမ်းဆို

ဟောင်ကောင်၊ သြဂုတ်-၂၇-၂၀၁၉ မျိုးဆက် (VOM)   ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပေမယ့် ဒီပြသနာကိုအစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ယုံကြည်မှုရှိကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းက သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။   တုတ်တွေ၊ ဓါတ်ဆီပုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့တဲ့ ရဲတွေအကြား တနင်္ဂနွေနေ့က တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ပထဆုံးအကြိမ်အဖြစ် ဟောင်ကောင်ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။   ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်နိုင်ငံသို့လွှဲပြောင်းပေးပြီးကတည်းက လက်ရှိမှာနိုင်ငံရေး အကြပ်အတည်း ကြီးကြီးမားမားဖြစ်ပေါ်နေပြီး ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို နှိမ်နှင်းဖို့အတွက် အင်အားသုံးရှင်းနိုင်တယ်လို့ တရုတ်အစိုးရက အတိအလင်း သတိပေးထားပါတယ်။   ဒါပေမယ့် ဒီမငြိမ်မသက်မှုတွေကို ဟောင်ကောင်အစိုးရကိုယ်တိုင် ထိန်းချုပ်ကိုင်တွယ်နိုင်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတည်ဆောက်နေတာကိုလည်း လက်လျှော့မှာမဟုတ်ဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက…

Read More

အမိမြေဂျာနယ်မှာ မဟုတ်မမှန် ရေးသားလို့ ဆိုပြီး ပုပ္ပါးအောင်မင်းခေါင် သာမဏေကျော်ကျောင်းတိုက်ဆရာတော်ပြန်လည်ရှင်းပြ

ပုပ္ပါး- သြဂုတ် ၂၇-၂၀၁၉ နေလင်း     မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာသာမဏေကျော်စာသင်တိုက်ကို လက်ရှိပိုင်ဆိုင်ထားသူ မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော်  ဒေါက်တာ တေဇောသာရာဘိသံသ ဟာ ပျံလွန်တော်မူသွားတဲ့  အောင်မင်းခေါင်သာမဏေကျော်ဆရာတော်ဆီက အတင်းအဓမ္မဝင်ရောက် ကျောင်းလု သွားတယ်ဆိုတဲ့  သတင်းတပုဒ် အမိမြေဂျာနယ်က ရေးသားခဲ့ပါတယ်။   အောင်မင်းခေါင်သာမဏေကျော်ကျောင်းတိုက်မှာ တစ်ဝါသာ နေသွားခဲ့တဲ့ ရဟန်းတပါးရဲ့ မှတ်ချက်နဲ့  လက်ရှိကျောင်းတိုင်ဆရာတော်ကို မမေးမြန်းဘဲ အမိမြေဂျာနယ်မှာ ရေးသားခဲ့တဲ့အတွက် ကျောင်းတိုက်ဂုဏ်သိက္ခာကျဆင်းပြီး အများပြည်သူထင်ယောင်ထင်မှားဖြစ်စေတာကြောင့် လက်ရှိ စာသင်တိုက်ကို တာဝန်ယူအုပ်ချုပ်နေတဲ့ ကျောင်းထိုင်ဆရာတော် ဦးခေမိန္ဒက သြဂုတ်လ ၂၅ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   အမိမြေဂျာနယ် သတင်းမှာပါတဲ့  ကျောင်းတိုက်မှာ တစ်ဝါသာနေသွားတယ်ဆိုတဲ့  ဦးသြဘာသကို တယ်လီဖုန်းနဲ့ဆက်သွယ်လျှောက်ထားတော့ ဒီကျောင်းဟာ အများပိုင်ဖြစ်တာမို့  ကျောင်းတိုက်လွဲပြောင်းစဉ်က စာချုပ်မှာပါတဲ့အချက်တွေကို သူတို့မဖတ်ခဲ့ရဘဲ လက်မှတ်ထိုးခဲ့ရတာဟာ တရားမဝင်ဘူးဆိုပြီး သက်ဆိုင်ရာ သံဃအဖွဲ့အစည်းတွေကို တိုင်ကြားထားတာဖြစ်တယ်လို့…

Read More
VOM News

FREE
VIEW