သဖန်းဆိပ်ဆည်အောက် နစ်မြုပ်သွားတဲ့ ရွာတချို့ ဆည်ရေကျချိန်ပြန်ပေါ်လာ

ကျွန်းလှ၊ဩဂုတ်၂၈-၂၀၁၉

ဟိန်းကို(VOM)

 

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊ကျွန်းလှမြို့ရှိ၁၉၉၆ခုနှစ်ကသဖန်းဆိပ်ဆည်တည်ဆောက်အပြီးမှာဆည်အတွင်းနှစ်မြုပ်သွားတဲ့ကျေးရွာ(၇၃)ရွာထဲကရွာအချို့ဟာယခုလ၂၄ရက်နေ့ကဆည်ရေကျချိန်မှာပြန်ပေါ်လာတယ်လို့ဒေသခံတွေပြောကြားချက်အရသိရပါတယ်။

 

ကျွန်းလှမြို့ နယ်မှာ၁၉၉၆ခုနှစ်ကနိုင်​ငံ​တော်​ အစိုးရရဲ့စီမံချက်​နဲ့​ရေ​လှောင်​တမံတည်​​ဆောက်​ခဲ့ပြီး​ရေ​လှောင်​တမံအမည်​ကိုသဖန်းဆိပ်​ဟုမှည့်​​ခေါ်ခဲ့ကာသဖန်းဆိပ်​ဆည်​ တည်​​ဆောက်​ဖို့အတွက်​ ကျွန်းလှမြို့အပါအဝင်​ကျေးရွာ(၇၃) ရွာလုံး​ပြောင်း​ရွှေ့​ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

 

“ခုပေါ်လာတာကတော့ဘုန်းကြီးကျောင်းအချို့ရယ်၊ ရေတွင်းပျက်တွေ၊စေတီအချို့ပေါ်လာတာပါဆည်ဆောက်ပြီးနှစ်၂၀အတွင်းမှာခုလိုပေါ်တာပါ၊ကိုယ့်ရွာကိုလွမ်းတဲ့သူအချို့ကတော့လာကြည့်ရင်းငိုတဲ့သူတွေလည်းရှိတယ်လို့” ကျွန်းလှမြို့ဒေသခံကိုနေခြည်ထက်ကပြောပါတယ်။

 

ကျွန်းလှမြို့ဟောင်းအပါအဝင်ရွာပေါင်း(၇၃)ရွာနှစ်မြုပ်တဲ့အထဲမှာလက်ရှိတင်းတိန်​ရံ၊ရွာသီရွာ၊ရွှေ​တောင်​၊ပိ​တောက်​ကုန်း၊လက်​ပံကြီး​တော၊ပေါက်​ကုန်း၊ကျွဲတဲ၊ကျီကုန်း၊အင်​တိုင်းရွာတို့ဟာဆည်ရေကျချိန်တပိုင်းတစပြန်ပေါ်လာခဲ့ပြီးအင်တိုင်းရွာကတော့တစ်ရွာလုံးနီးပါပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။သဖန်းဆိပ်ဆည်ရဲ့ကန်ရေပြည့်အမှတ်ဟာ၅၄၅ရှိပြီးလက်ရှိမှာ၅၀၆အထိဆည်ရေကျဆင်းမှုဖြစ်ပေါ်ခဲ့ကာရေနှစ်မြုပ်ခဲ့ပြီးပြန်ပေါ်လာတဲ့ရွာအချို့ကိုသက်ဆိုင်ရာရှေးဟောင်းသုတေသနနဲ့ အဖွဲ့အစည်းတွေက  ထိန်းသိမ်းလေ့လာသင့်တယ်လို့ဒေသခံအချို့ကပြောပါတယ်။

 

ဆည်တည်ဆောက်ပြီး ၁၉၉၈ ကတစ်ကြိမ်ရေနည်းချိန်မှာ ရွာဟောင်းတွေပေါ်ခဲ့ဘူးပေမယ့် ခုလောက် များများစားစား ပေါ်တာမရှိပဲ ဆည်ထဲမှာရေနည်းသွားလို့ ခုမှ ထင်ထင်ရှားရှားပေါ်လာတာလို့ ဒေသခံတွေကဆိုပါတယ်။ ခုလိုမိုးတွင်းမှာ ဆည်ရေနည်းနေတာဟာ နွေရာသီအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူးလို့လည်း ဒေသခံလူကြီးတွေက ခန့်မှန်းနေကြပါတယ်။

 

 

#voiceofmyanmar# ကျွန်းလှ #သဖန်းဆိပ်ဆည်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW