ဆရာဝန်ကို စစ်ပြီးမှ ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ အာမခံရမရ သိရမည်

ပုသိမ်-သြဂုတ် ၂၈-၂၀၁၉

ကိုအောင်(VOM)

 

 

ဧရာဝတီတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ရဲ့ ကျန်းမာရေးအာမခံလျှောက်ထားမူကို ဆရာဝန်အားစစ်ဆေးပြီးမှသာ အာမခံပေးမပေး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ပုသိမ်မြို့နယ် တရားသူကြီးက ဒေါ်ခင်မြတ်မြတ်ထွန်းက ဒီကနေ့ တရားခွင်အပြီးမှာ ပြောပါတယ်။

 

“သူတင်ပြလာတဲ့ ကျန်းမာရေးဆေးစာတွေကို ကျွမ်းကျင်တဲ့ဆရာဝန်တစ်ဦး ကိုယ်တိုင် ဖတ်ကြားပြမှ အာမခံပေးမပေးဆုံးဖြတ်ရမှာ ၃၀ရက်နေ့ကို သူတို့ဘက်က ဆရာဝန်တစ်ဦးကို စစ်ဆေးပါ့မယ်”

 

ပုသိမ်မြို့နယ်တရားရုံးမှာ ပုဒ်မ ၄၀၉ဖြင့်စတင်တရားစွဲဆိုခံနေတဲ့ လွှတ်တော်ဒုဥက္ကဌဟောင်းကို ဒီနေ့ရုံးချိန်းမှာ  ကျန်းမာရေးအာမခံအတွက် တင်ပြထားတဲ့ဆေးစာတွေအပေါ့် တရားရုံးက သက်သေအဖြစ်သတ်မှတ်လို့မရလို့ ကျွမ်းကျင်တဲ့ ဆရာဝန်တစ်ဦးကို စစ်ဆေးဖို့  သြဂုတ်လ ၃၀ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

 

ဦးစံမင်းအောင်ဟာ နလုံးသွေးကြောကျဉ်းရောဂါ ၊ တီဘီရောဂါနဲ့  လိပ်ခေါင်းရောဂါတွေ ခံစားနေရတယ်လို့ ဆေးစာတင်ပြထားတာဖြစ်ပါတယ်။

 

 

ဦးစံမင်းအောင်ရဲ့ရှေ့နေက တော့ ၃၀ရက်နေ့ဆရာဝန်ကိုစစ်ဆေးပြီး အာမခံပေးမပေး ဆုံးဖြတ်ချက်ကို ကျေနပ်မူမရှိရင် အာမခံရရှိရေးအတွက် အဆင့်ဆင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်

 

ဦးစံမင်းအောင်ဟာ ၂၀၁၈ခုနစ်ကပြည်ထောင်စုလွှတ်တော်ရန်ပုံငွေ မှခွင့်ပြုငွေ ကျပ်သိန်း ၁၅၈၀ကိုအသုံးပြုပီး ကား၅စီးဝယ်ယူခဲ့ရာမှာ ငွေကျပ် ၁၉သိန်း၎သောင်းကို ကိုယ်ကျိုးအတွက်အသုံးပြုတယ်ဆိုပြီး သြဂုတ်လ၂၂ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းက တရားလိုပြုလုပ် တရားစွဲဆိုခဲ့တာပါ၊ ဒီအမှုကိုရက်ပေါင်း၂၇၀အတွင်းအပြီးစစ်ဆေးသွားမယ်လို့လဲသိရပါတယ်။

 

#voiceofmyanmar #ပုသိမ် #ဧရာဝတီတိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ

 

Related posts

Leave a Comment

VOM News

FREE
VIEW