တရုတ်လုပ်ငန်းရှင်ကို သတ်တဲ့သံသယကြောင့် မြန်မာလုပ်သားလေးဦး ထိုင်းမှာအဖမ်းခံရ

ဘန်ကောက်၊ သြဂုတ်-၃၀-၂၀၁၉ မျိုးဆက် (VOM)   ထိုင်းနိုင်ငံသားပိုင်ရှင်ဆီကနေ ဘန်ကောက်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို လွှဲပြောင်းဝယ်ယူလိုက်တဲ့ တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သံသယကြောင့် မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။   သံသယရှိသူမြန်မာလုပ်သားလေးဦးကို သြဂုတ် ၂၉ ရက်ညက ပတ္တရားမှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး သူတို့ကို စစ်ဆေးမေးမြန်းဖို့အတွက် ၀န်ထောင်လန်ရဲစခန်းကို လွှဲပြောင်းပေးထားပါတယ်။   ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားလေးဦးရဲ့ အချက်အလက်တွေကို ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ဖို့ ငြင်းဆိုထားပေမယ့် သတင်းရင်းမြစ်တွေရဲ့အဆိုအရ သူတို့ဟာ အားတီ၊ အရှင်းနဲ့ဂျေကြီးဆိုသူတွေဖြစ်တယ်လို့ သိရပါတယ်။   သူတို့ဟာသြဂုတ် ၂၉ ရက် အစောပိုင်းက ၀န်ထောင်လန်ခရိုင်ရှိ အခင်းဖြစ်ရာစားသောက်ဆိုင်မှာ တရုတ်လုပ်ငန်းရှင် ချန်ယီဟိုင်ကို သတ်ဖြတ်ရာမှာ ပါဝင်ခဲ့တဲ့ မြန်မာလုပ်သားခုနှစ်ဦးထဲက လေးဦးဖြစ်တယ်လို့ ဆိုပါတယ်။   စီစီတီဗီမှတ်တမ်းတွေအရ မြန်မာလုပ်သား ခုနှစ်ဦးဟာ အခင်းဖြစ်ရာ စားသောက်ဆိုင်ကနေ မနက်…

Read More

မန္တလေး-မူဆယ်လမ်းမကြီးမှာ နှစ်ရက်ဆက်တိုက် ကားတွေမီးရှို့ခံနေရ လမ်းအသုံးပြုနေသူတွေ စိုးရိမ်နေ

မန္တလေး၊ သြဂုတ် ၃၀ – ၂၀၁၉ ဖြူဖြူ (VOM)   ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ယာဉ်တွေ မီးရှို့ဖျက်စီးခံရမှု နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။   ဒီနေ့ သြဂုတ် ၃၀ ရက် မနက်ပိုင်းက ခရီးသည်တွေကို အောက်ဆင်းခိုင်းကာ ခရီးသည်တင်ကား၊ ကုန်ကား၊ အိမ်စီးကားနဲ့ဆိုင်ကယ်တစ်စီးတို့ သိန္နီမြို့နယ်ထဲမှာ မီးရှို့ဖျက်စီးခံခဲ့ရသလို မနေ့ သြဂုတ် ၂၉ ရက်ကလည်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာလမ်းပိုင်းမှာ ကားတစ်စီး၊ ကွတ်ခိုင် ရှုခင်းသာမှာ ကုန်တင်ကားကြီးတစ်စီးကို မီးရှို့ဖျက်စီးသွားကြတယ်လို့ အဲဒီဒေသဘက်တွေကလာတဲ့ သတင်းတွေအရ သိရပါတယ်။   ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး နောက်ဆက်တွဲကတော့ လမ်းတံတားတွေ ဖျက်စီးခံရတာ၊ ခရီးသည်တွေ သေနတ်ပစ်ခတ်ခံရတာ၊ ပရဟိတကားတွေ ပစ်ခတ်ခံရတာ၊ မူဆယ် –…

Read More

သတင်းရေးသားမှုကို မကျေနပ်လို့ ဧရာဝတီသတင်းဋ္ဌာနက သတင်းထောက်ကို လုပ်ငန်းရှင်တယောက်က ၆၆(ဃ) နဲ့ တရားစွဲ

ရန်ကုန်၊ သြဂုတ် ၂၉ -၂၀၁၉ နေလင်း(VOM)   ရခိုင်ပြည်နယ် သံတွဲမြို့အနီးမှာရှိတဲ့ ငပလီကမ်းခြေက Amara Ocean Resort ရဲ့ ပိုင်ဆိုင်မှု အငြင်းပွားတဲ့ သတင်းကို ပြီးတဲ့နှစ် ဧပြီလက ဧရာဝတီသတင်းဋ္ဌာနရဲ့ အင်္ဂလိပ်ဘာသာအစီအစဉ်မှာ ရေးသားခဲ့လို့  သတင်းထောက် ကိုမိုးမြင့်ကို  Amara Ocean Resort ပိုင်ရှင် ဒေါ်ကလျာမိုးက  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဆိုတာဖြစ်ပါတယ်။   ဒီတရားစွဲဆိုမှုနဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းဌာန အင်္ဂလိပ်ဘာသာအစီအစဉ်ရဲ့ အယ်ဒီတာ ဦးကျော်ဖြိုးသာက ခုလိုရှင်းပြပါတယ်။   “ သူတို့ဟိုတယ်ပိုင်ဆိုင်မှု အငြင်းပွားနဲ့ ပတ်သက်ပြီး ကျနော်တို့ဆီက ပြီးခဲ့တဲ့နှစ်က သုံးပုဒ်ရေးခဲ့ဖူးတယ်။ အဲသုံးပုဒ်နဲ့ပတ်သက်ပြီး သူက အချက်အလက်မှားတယ်ဆိုပြီးတော့ ပြောတယ်ပေါ့လေ။ ဖြစ်စဉ်က မမှန်မကန်ရေးတယ်ဆိုပြီး သူက သတင်းစာမှာ ကြော်ညာထည့်တယ်ဗျာ။ ထည့်ပြီး ကျနော်တို့ကို တောင်းပန်ခိုင်းတယ်။ …

Read More

မြို့နယ်တရားရုံး အချုပ်ခန်းအတွင်းက အချုပ်သား ထွက်ပြေးမှု ဖြစ်ပွား ပြန်မမိသေး

မန္တလေး၊ဩဂုတ် ၂၉-၂၀၁၉ ဟိန်းကို(VOM)   မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၈၆ လမ်းနဲ့ ၁၃ လမ်းထောင့်ရှိ အောင်မြေသာစံမြို့နယ်တရားရုံးမှာ ဒီနေ့ သြဂုတ် ၂၉ ရက် မနက်ပိုင်းက ခိုးမှုနဲ့ အချုပ်ကျနေတဲ့ အချုပ်သားတစ်ဦးကို အချုပ်ရမာန်ယူဖို့အတွက် ရုံးထုတ်လာပြီး တရားရုံး အချုပ်ခန်းအတွင်း ချုပ်နှောင်ထားစဉ် ထွက်ပြေးခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။   “ဒီကနေ့ မနက်ကဖြစ်တာ၊ တရားရုံးအချုပ်ခန်းကနေ ထွက်ပြေးသွားတာပါ။ ဖြစ်စဉ်က မှန်ပါတယ်။” လို့ အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   တရားရုံးအချုပ်ခန်းကနေ ထွက်ပြေးသွားသူမှာ စစ်ကိုင်းတိုင်း ကသာမြို့နယ် သာစည်ကျေးရွာနေသူ  မောင်မောင်(ခ)ငမောင်( ၂၆ နှစ်) ဖြစ်ပြီး သူ့ကို အမှတ်(၅)မြို့မရဲစခန်း (ပ)၅၇၆ /၂၀၁၉၊ ရာဇာတ်သတ်ကြီး ဥပဒေပုဒ်မ – ၃၈၀ နဲ့ အမှုဖွင့် ခံထားရတာ ဖြစ်ပါတယ်။…

Read More

ဝါးစိမ်းတောင်ဒေသခံတောင်သူတွေ လယ်ယာမြေပုံစံ ၇ ရရှိရေး တောင်းဆို

မုံရွာ၊ သြဂုတ် ၂၉ – ၂၀၁၉ ရန်နိုင်စိုး(VOM)   စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ တောင်ပုအုပ်စု ကျေးရွာတွေမှာ ဒေသခံတွေဟာ လယ်ယာမြေပုံစံ ၇ မရရှိသေးတာကြောင့် သြဂုတ်လ ၂၉ ရက်က မုံရွာမြို့မှာ ဝါးစိမ်းတောင်ဒေသ လယ်ယာမြေကဏ္ဍ ရင်ဖွင့်သံခေါင်းစဉ်နဲ့  ရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။   ဝါးစိမ်းတောင်အနီးက လယ်ယာမြေတွေကို သစ်တောကြိုးဝိုင်း အတွင်းအပြင် ခွဲခြားထားပြီး လယ်ယာမြေ စီစစ်ရေးကော်မတီကတော့ ကြိုးဝိုင်းပြင်ပ ဧက ၄၀၀ ကျော်ကိုသာ ပုံစံ ၇ လျှောက်ခွင့်ပြုထားတာပါ။  ကြိုးဝိုင်းအတွင်းကတော့ သစ်တောကကန့်ထားတာကြောင့် သစ်တောပေးမှ ရမယ်လို့ သိရပါတယ်။   ” ကျွန်တော်တို့ဆီမှာ အရင်ဆောင်ထားတဲ့ မြေခွန်ပြေစာတွေရှိပါတယ်။ အခုလက်ရှိမှာလည်း ဆောင်နေရဆဲပဲ။ ဒါပေမယ့် အဲ့ပြေစာတွေက သစ်တောရဲ့ စိမ်းလန်းစိုပြေရေးဆိုတဲ့ အပင်တွေအောက်မှာ ရောက်နေသလိုပဲ။ ဒီမြေတွေက ကျနော်တို့ ဘိုးဘွားအစဉ်အဆက်က…

Read More

လိပ်ကျွန်းအယူခံရှုံးနိမ့်မှု ထိုင်းဘုရင်ဆီ အသနားခံစာတင်ပေးဖို့ အစိုးရကို မေတ္တာရပ်ခံမယ်

ရန်ကုန်၊ သြဂုတ် ၂၉ – ၂၀၁၉ သူရိန်(VOM)   ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း)မှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ကိုဇော်လင်းနဲ့ ကိုဝင်းထွန်းတို့ နှစ်ဦးကို တရားစွဲဆိုထားမှုဟာ ဒီနေ့ သြဂုတ် ၂၉ ရက် မနက် ၁၀ နာရီက နွန်ထဘုရီခရိုင် ဗဟိုတရားရုံးမှာ နောက်ဆုံးအယူခံရှုံးနိမ့်ခဲ့ရပြီး မူလက ချမှတ်ထားတဲ့အတိုင်း သေဒဏ်ကျခံစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်​။   ဒီအမှုနဲ့ပတ်သတ်ပြီး ရက်ပေါင်းခြောက်ဆယ်အတွင်း ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံစာတင်ပေးဖို့အတွက် မြန်မာအစိုးရကို မေတ္တာရပ်ခံသွားမယ်​လို့ အဲဒီအမှုကို လိုက်လံဆောင်ရွက်ပေးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်ပေးနေသူ ဦးထူးချစ်က ပြောပါတယ်​။   “ကျွန်တော်တို့တွေ ထပ်လုပ်သင့်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ထိုင်းဘုရင်မင်းမြတ်ကို အသနားခံစာတင်ပါမယ်။ အသနားခံစာ တင်တဲ့နေရာမှာ မိသားစုတွေ တင်တာထက် မြန်မာအစိုးရတင်ပေးတာက ပိုပြီးထိမယ်လို့ ထိုင်းရှေ့နေတွေက မျှော်လင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကနေ ကလေးတွေကိုယ်စား မြန်မာအစိုးရကို…

Read More

အီးယူမှနှုတ်ထွက်ရေး အကြပ်အတည်းကြောင့် ဗြိတိန်ပါလီမန်ရပ်ဆိုင်းထားရ

လန်ဒန်၊ သြဂုတ်-၂၉-၂၀၁၉ မျိုးဆက် (VOM)   ဗြိတိန်ပါလီမန်ကို ရပ်ဆိုင်းထားဖို့  ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဘရီဇစ်သဘောတူညီချက်မရဘဲ အီးယူကနေ နှုတ်ထွက်တာကို ဆန့်ကျင်တဲ့ ပါလီမန်အမတ်တွေဆီကနေ အမျက်ဒေါသထွက်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။   ဒီကိစ္စနဲ့ ပတ်သက်လို့  တရားဝင်စိန်ခေါ်မှုနဲ့  လူတစ်သန်းကျော်ကလက်မှတ်ထိုးပြီး အသနားခံ စာတင်တာမျိုးတွေနဲ့  ဗြိတိန်နိုင်ငံမှာ  ဆန္ဒပြမှုတွေဖြစ်ပေါ်နေပါတယ်။   စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ စုစုပေါင်း သီတင်းပတ်ငါးပတ်ကြာ ပါလီမန် ကိုရပ်ဆိုင်းထားပေမယ့်လည်း ဘရီဇစ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အချိန်ကို ခွင့်ပြုထားဆဲဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ ဒီလိုမျိုး ပါလီမန်ကိုရပ်ဆိုင်းထားတာဟာ  ဘရီဇစ်သဘောတူညီချက်မရဘဲ အီးယူကနေ  ဗြိတိန်နှုတ်ထွက်မယ့်ကိစ္စကို အတိုက်အခံ ပါလီမန်အမတ်ရဲ့ တားမြစ်ဖို့ ကြိုးစားတာကို ရပ်တန့်ဖို့ ဒီမိုကရေစီမကျတဲ့ အားထုတ်မှုတစ်ရပ်ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။   သြဂုတ် ၂၈ ရက်မှာ ဗြိတိန်ဘုရင်မကြီးက ခွင့်ပြုလိုက်တဲ့ ပါလီမန်ရပ်ဆိုင်းခြင်းဟာ…

Read More

ဆန္ဒပြနေတဲ့ ဟောင်ကောင်မှာ မြို့စောင့်တပ်ကို  တရုတ်အစိုးရလဲလှယ်

ဟောင်ကောင်၊ သြဂုတ်-၂၉-၂၀၁၉ မျိုးဆက်(VOM)   ဟောင်ကောင်မှာ တစ်ခါတစ်ရံ အကြမ်းဖက်မှုတွေပါဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ သုံးလကြာဖြစ်ပွားပြီးနောက် ဒီမိုကရေစီအပြည့်အ၀ရရှိဖို့ တောင်းဆိုမယ့် ဆန္ဒပြပွဲမတိုင်မီရက်အနည်းငယ်အလိုမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မရဲ့ ဟောင်ကောင်ရှိ မြို့စောင့်တပ်ကို သြဂုတ် ၂၉ ရက်မှာ တရုတ်အစိုးရက လဲလှယ်လိုက်ပါတယ်။   ဒီလို တရုတ်တပ်ဖွဲ့ဝင်တွေကို လဲလှယ်တဲ့ လှုပ်ရှားမှုဟာ  ပုံမှန်လုပ်ရိုးလုပ်စဉ် ဆောင်ရွက်မှုသာဖြစ်ကြောင်း၊ ဟောင်ကောင်မှာရှိတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အာရှနဲ့ အနောက်တိုင်း သံတမန်တွေက စောင့်ကြည့်ဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။   ဒီလို မြို့စောင့်တပ်လဲလှယ်မှုဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်လို့ ပြောလို့ရပေမယ့် ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်လို့နေပါတယ်။ ဟောင်ကောင်ရဲ့ ကြွယ်ဝမနဲ့  တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အတွက် ပိုမိုကြီးကျယ်တဲ့…

Read More

ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ထောင်ဒဏ် ၁နှစ်ချတဲ့အပေါ် ကျမ္မာရေးစိုးရိမ်ရလို့ အယူခံတက်မည်

သြဂုတ် ၂၉ -၂၀၁၉ နေလင်း (VOM)   ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်က ဒုဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ စွဲဆိုတဲ့  အမှုကို ဒီကနေ့မှာ အင်းစိန်မြို့နယ်တရားသူကြီးက ထောင်ဒဏ် ၁နှစ်ချမှတ်လိုက်ပါတယ်။   ကျမ္မာရေးမကောင်းတဲ့  ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဟာ သေတွင်းထဲကို ပို့လိုက်တာနဲ့ တူလို့ အယူခံ အမြန်တက်သွားမယ့်အကြောင်း ဒီအမှုကို ရှေ့နေအဖြစ်လိုက်ပေးနေတဲ့ တရာလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။     “ ထောင်ဒဏ် တနှစ်ချတာက မင်းထင်ကိုကိုကြီးအတွက် ကျမ္မာရေး ၉၅ ရာနုန်းစိုးရိမ်ရပါတယ်။ သူ့မှာ အသည်းတခြမ်းကမကောင်းလို့ လှီးထုတ်ထားရသလို  နှလုံးနဲ့ ကျောက်ကပ်ကလည်း မကောင်းလို့ဆေးကုနေရသူပါ။ ဒီလို အမိန့်ချလိုက်တာဟာ သေချင်းကို ရင်ဆိုင်ခိုင်းတာနဲ့ အတူပါဘဲ၊ စိုးရိမ်ဖွယ်ရာမို့  အယူခံတက်ဖို့ အမိန့်ကူးနေပါတယ်”…

Read More

မန္တလေးမှာ သေနတ်၊ ကျည်နဲ့ ဓါးတွေဖမ်းမိမှု လွိုင်ကော်အမှုရဲ့ကွင်းဆက်ဖြစ်

မန္တလေး၊ သြဂုတ် ၂၉ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးမြို့မဟာအောင်မြေမြို့နယ်အတွင်းက ဖိနပ်ဆိုင်တစ်ဆိုင်မှာ သေနတ်၊ ကျည်နဲ့ ဓါးတွေ မနေ့ သြဂုတ် ၂၈ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။   မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီးရှိ တက္ကသိုလ်ရပ်ကွက် ၄၁ လမ်း၊ ၇၁×၇၂လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ ဖိနပ်အရောင်းဆိုင်ကို သတင်းအရစစ်ဆေးခဲ့ရာမှာ လေသေနတ်အရှည် စနိုက်ပါတပ်လျှက် ၁ လက်၊ ဆွစ်ဇလန်နိုင်ငံထုတ် လေသေနတ် ပစ်စတို ၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ လေသေနတ်ခဲကျည် ၇ ဘူး၊ ပွိုင့် -၂၂ ကျည် တစ်ဘူးငါးဆယ်ပါ ၂ ဘူး၊ ဓါးအတို၊အရှည် ၈ ချောင်း၊ စနိုက်ပါမှန်ပြောင်း တစ်ခု၊ အသံတိတ်ပြောင်းတို ၁ ခု၊ ကျော်ပိုးအိတ် ၁ လုံး၊…

Read More
VOM News

FREE
VIEW