အီးယူမှနှုတ်ထွက်ရေး အကြပ်အတည်းကြောင့် ဗြိတိန်ပါလီမန်ရပ်ဆိုင်းထားရ

လန်ဒန်၊ သြဂုတ်-၂၉-၂၀၁၉

မျိုးဆက် (VOM)

 

ဗြိတိန်ပါလီမန်ကို ရပ်ဆိုင်းထားဖို့  ၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဘရီဇစ်သဘောတူညီချက်မရဘဲ အီးယူကနေ နှုတ်ထွက်တာကို ဆန့်ကျင်တဲ့ ပါလီမန်အမတ်တွေဆီကနေ အမျက်ဒေါသထွက်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်လို့  တရားဝင်စိန်ခေါ်မှုနဲ့  လူတစ်သန်းကျော်ကလက်မှတ်ထိုးပြီး အသနားခံ စာတင်တာမျိုးတွေနဲ့  ဗြိတိန်နိုင်ငံမှာ  ဆန္ဒပြမှုတွေဖြစ်ပေါ်နေပါတယ်။

 

စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ စုစုပေါင်း သီတင်းပတ်ငါးပတ်ကြာ ပါလီမန် ကိုရပ်ဆိုင်းထားပေမယ့်လည်း ဘရီဇစ်ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အချိန်ကို ခွင့်ပြုထားဆဲဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ဒီလိုမျိုး ပါလီမန်ကိုရပ်ဆိုင်းထားတာဟာ  ဘရီဇစ်သဘောတူညီချက်မရဘဲ အီးယူကနေ  ဗြိတိန်နှုတ်ထွက်မယ့်ကိစ္စကို အတိုက်အခံ ပါလီမန်အမတ်ရဲ့ တားမြစ်ဖို့ ကြိုးစားတာကို ရပ်တန့်ဖို့ ဒီမိုကရေစီမကျတဲ့ အားထုတ်မှုတစ်ရပ်ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

 

သြဂုတ် ၂၈ ရက်မှာ ဗြိတိန်ဘုရင်မကြီးက ခွင့်ပြုလိုက်တဲ့ ပါလီမန်ရပ်ဆိုင်းခြင်းဟာ သဘောတူညီချက်မပါဘဲ အီးယူမှ ဗြိတိန်နှုတ်ထွက်ရေးမှာ  အတိုက်အခံတွေကို ပိတ်ဆို့တားမြစ်ထားဖို့အတွက် မသေချာတဲ့နိုင်ငံရေး လုပ်ဆောင်ချက်တစ်ရပ်ဖြစ်တယ်လို့  ဗြိတိန်အစိုးရအဖွဲ့ ၀န်ကြီးမိုက်ကယ်ဂို့ကသုံးသပ်ပြောဆိုပါတယ်။

 

Ref : BBC

Photo : UK Parliamentary Recording Unit

Related posts

✕
VOM News

FREE
VIEW