ဆန္ဒပြနေတဲ့ ဟောင်ကောင်မှာ မြို့စောင့်တပ်ကို  တရုတ်အစိုးရလဲလှယ်

ဟောင်ကောင်၊ သြဂုတ်-၂၉-၂၀၁၉

မျိုးဆက်(VOM)

 

ဟောင်ကောင်မှာ တစ်ခါတစ်ရံ အကြမ်းဖက်မှုတွေပါဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ သုံးလကြာဖြစ်ပွားပြီးနောက် ဒီမိုကရေစီအပြည့်အ၀ရရှိဖို့ တောင်းဆိုမယ့် ဆန္ဒပြပွဲမတိုင်မီရက်အနည်းငယ်အလိုမှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မရဲ့ ဟောင်ကောင်ရှိ မြို့စောင့်တပ်ကို သြဂုတ် ၂၉ ရက်မှာ တရုတ်အစိုးရက လဲလှယ်လိုက်ပါတယ်။

 

ဒီလို တရုတ်တပ်ဖွဲ့ဝင်တွေကို လဲလှယ်တဲ့ လှုပ်ရှားမှုဟာ  ပုံမှန်လုပ်ရိုးလုပ်စဉ် ဆောင်ရွက်မှုသာဖြစ်ကြောင်း၊ ဟောင်ကောင်မှာရှိတဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို အာရှနဲ့ အနောက်တိုင်း သံတမန်တွေက စောင့်ကြည့်ဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြပါတယ်။

 

ဒီလို မြို့စောင့်တပ်လဲလှယ်မှုဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်လို့ ပြောလို့ရပေမယ့် ၁၉၉၇ ခုနှစ်မှာ တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသမှာ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ဆိုးဆိုးရွားရွားဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်လို့နေပါတယ်။

ဟောင်ကောင်ရဲ့ ကြွယ်ဝမနဲ့  တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ အတွက် ပိုမိုကြီးကျယ်တဲ့ ပံ့ပိုးမှုသစ်ကို တရုတ်စစ်ဘက်က လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဟောင်ကောင်ရှိ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ကို ကိုးကားပြီး ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

 

တရုတ်စစ်ဘက်ဟာ လေကြောင်း၊ ရေကြောင်းနဲ့  မြေပြင်လှုပ်ရှားမှုတွေအပါအ၀င် ဟောင်ကောင်မှာ လုပ်ရိုးလုပ်စဉ် စစ်ဘက် အလှည့်ကျတာဝန်ချထားတဲ့ လုပ်ငန်းတွေကို ပြီးပြည့်စုံစွာလုပ်ဆောင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

 

Ref & Photo: Reuters

 

#voiceofmyanmar #ဟောင်ကောင် #တရုတ်

Related posts

✕
VOM News

FREE
VIEW