ကြီးထွားလာတဲ့ ဟောင်ကောင်အကြမ်းဖက်ဆန္ဒပြမှုတွေကို ကိုင်တွယ်နိုင်တယ်လို့ အုပ်ချုပ်ရေးမှူး ကာရီလမ်းဆို

ဟောင်ကောင်၊ သြဂုတ်-၂၇-၂၀၁၉

မျိုးဆက် (VOM)

 

ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပေမယ့် ဒီပြသနာကိုအစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ယုံကြည်မှုရှိကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းက သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။

 

တုတ်တွေ၊ ဓါတ်ဆီပုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့တဲ့ ရဲတွေအကြား တနင်္ဂနွေနေ့က တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ပထဆုံးအကြိမ်အဖြစ် ဟောင်ကောင်ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

 

၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်နိုင်ငံသို့လွှဲပြောင်းပေးပြီးကတည်းက လက်ရှိမှာနိုင်ငံရေး အကြပ်အတည်း ကြီးကြီးမားမားဖြစ်ပေါ်နေပြီး ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို နှိမ်နှင်းဖို့အတွက် အင်အားသုံးရှင်းနိုင်တယ်လို့ တရုတ်အစိုးရက အတိအလင်း သတိပေးထားပါတယ်။

 

ဒါပေမယ့် ဒီမငြိမ်မသက်မှုတွေကို ဟောင်ကောင်အစိုးရကိုယ်တိုင် ထိန်းချုပ်ကိုင်တွယ်နိုင်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတည်ဆောက်နေတာကိုလည်း လက်လျှော့မှာမဟုတ်ဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက ပြောပါတယ်။

 

တရုတ်ပြည်မကြီးသို့ တရားခံလွှဲပြောင်းတာကိုခွင့်ပြုတဲ့  ဥပဒေကြမ်းအပေါ် ဆန္ဒပြပွဲတွေ ပထမဆုံးအကြိမ်ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အတွင်းမှာပဲ တောင်းဆိုကြတဲ့အတိုင်း အဲဒီဥပဒေကြမ်းကို ရပ်တန့်လိုက်ပြီး ဟောင်ကောင်အစိုးရက တုံ့ပြန်ခဲ့တယ်လို့ သူကဆိုပါတယ်။

 

ဟောင်ကောင်မှာ လက်ရှိဖြစ်ပွားနေတဲ့ ဖရိုဖရဲအခြေအနေကို အဆုံးသတ်မှုလုပ်ဖို့ ဆန္ဒရှိနေပြီး အခြေအနေကို ဟောင်ကောင်အစိုးရက ထိန်းချုပ်နိုင်တဲ့ အခြေအနေမရှိဘူးဆိုတာကို မယုံကြည်ကြောင်း ကာရီလမ်းက ပြောပါတယ်။

 

ဆန္ဒပြသူတွေဟာ တရုတ်အာဏာပိုင်တွေကို တိုက်ရိုက်စိန်ခေါ်တဲ့ ဆန္ဒပြပွဲတွေကို လာမယ့်ရက်တွေ၊ သီတင်းပတ်တွေအတွင်းမှာ ပိုမိုပြုလုပ်ဖို့စီစဉ်ထားပြီး အောက်တိုဘာ ၁ ရက်မှာကျရောက်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်မတိုင်မီ ဒီဆန္ဒပြမှုတွေကို အာဏာပိုင်တွေက ခြေမှုန်းနိုင်ခြေရှိနေပါတယ်။

 

Ref : CNA

Photo : Reuters

 

#voiceofmyanmar #ဟောင်ကောင် #တရုတ် #ဆန္ဒပြ

Related posts

Leave a Comment

VOM News

FREE
VIEW