ကြီးထွားလာတဲ့ ဟောင်ကောင်အကြမ်းဖက်ဆန္ဒပြမှုတွေကို ကိုင်တွယ်နိုင်တယ်လို့ အုပ်ချုပ်ရေးမှူး ကာရီလမ်းဆို

ဟောင်ကောင်၊ သြဂုတ်-၂၇-၂၀၁၉ မျိုးဆက် (VOM)   ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ အကြမ်းဖက်လုပ်ရပ်တွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပေမယ့် ဒီပြသနာကိုအစိုးရက ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့ ယုံကြည်မှုရှိကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းက သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။   တုတ်တွေ၊ ဓါတ်ဆီပုံးတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဆန္ဒပြသူတွေနဲ့ မီးသတ်ပိုက်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့တဲ့ ရဲတွေအကြား တနင်္ဂနွေနေ့က တင်းမာမှုတွေ မြင့်တက်လာပြီးနောက် ပထဆုံးအကြိမ်အဖြစ် ဟောင်ကောင်ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။   ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်နိုင်ငံသို့လွှဲပြောင်းပေးပြီးကတည်းက လက်ရှိမှာနိုင်ငံရေး အကြပ်အတည်း ကြီးကြီးမားမားဖြစ်ပေါ်နေပြီး ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို နှိမ်နှင်းဖို့အတွက် အင်အားသုံးရှင်းနိုင်တယ်လို့ တရုတ်အစိုးရက အတိအလင်း သတိပေးထားပါတယ်။   ဒါပေမယ့် ဒီမငြိမ်မသက်မှုတွေကို ဟောင်ကောင်အစိုးရကိုယ်တိုင် ထိန်းချုပ်ကိုင်တွယ်နိုင်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတည်ဆောက်နေတာကိုလည်း လက်လျှော့မှာမဟုတ်ဘူးလို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းက…

Read More

အမိမြေဂျာနယ်မှာ မဟုတ်မမှန် ရေးသားလို့ ဆိုပြီး ပုပ္ပါးအောင်မင်းခေါင် သာမဏေကျော်ကျောင်းတိုက်ဆရာတော်ပြန်လည်ရှင်းပြ

ပုပ္ပါး- သြဂုတ် ၂၇-၂၀၁၉ နေလင်း     မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာသာမဏေကျော်စာသင်တိုက်ကို လက်ရှိပိုင်ဆိုင်ထားသူ မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော်  ဒေါက်တာ တေဇောသာရာဘိသံသ ဟာ ပျံလွန်တော်မူသွားတဲ့  အောင်မင်းခေါင်သာမဏေကျော်ဆရာတော်ဆီက အတင်းအဓမ္မဝင်ရောက် ကျောင်းလု သွားတယ်ဆိုတဲ့  သတင်းတပုဒ် အမိမြေဂျာနယ်က ရေးသားခဲ့ပါတယ်။   အောင်မင်းခေါင်သာမဏေကျော်ကျောင်းတိုက်မှာ တစ်ဝါသာ နေသွားခဲ့တဲ့ ရဟန်းတပါးရဲ့ မှတ်ချက်နဲ့  လက်ရှိကျောင်းတိုင်ဆရာတော်ကို မမေးမြန်းဘဲ အမိမြေဂျာနယ်မှာ ရေးသားခဲ့တဲ့အတွက် ကျောင်းတိုက်ဂုဏ်သိက္ခာကျဆင်းပြီး အများပြည်သူထင်ယောင်ထင်မှားဖြစ်စေတာကြောင့် လက်ရှိ စာသင်တိုက်ကို တာဝန်ယူအုပ်ချုပ်နေတဲ့ ကျောင်းထိုင်ဆရာတော် ဦးခေမိန္ဒက သြဂုတ်လ ၂၅ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။   အမိမြေဂျာနယ် သတင်းမှာပါတဲ့  ကျောင်းတိုက်မှာ တစ်ဝါသာနေသွားတယ်ဆိုတဲ့  ဦးသြဘာသကို တယ်လီဖုန်းနဲ့ဆက်သွယ်လျှောက်ထားတော့ ဒီကျောင်းဟာ အများပိုင်ဖြစ်တာမို့  ကျောင်းတိုက်လွဲပြောင်းစဉ်က စာချုပ်မှာပါတဲ့အချက်တွေကို သူတို့မဖတ်ခဲ့ရဘဲ လက်မှတ်ထိုးခဲ့ရတာဟာ တရားမဝင်ဘူးဆိုပြီး သက်ဆိုင်ရာ သံဃအဖွဲ့အစည်းတွေကို တိုင်ကြားထားတာဖြစ်တယ်လို့…

Read More

ရေတံခွန်တောင်စီမံကိန်း ပဋိပက္ခဖြစ်ပွားမှု ရဲတပ်ဖွဲ့နဲ့ တောင်သူတွေ အပြန်အလှန် အမှုဖွင့်ထား

မန္တလေး၊ ဩဂုတ် ၂၇-၂၀၁၉ ဟိန်းကို၊ ဖြူဖြူ (VOM)   မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးက ရေကြည်ကျေးရွာမှာ ရွာသူ၊ ရွာသားတွေ ပိုင်ဆိုင်တဲ့မြေကို ရေတံခွန်တောင်စီမံကိန်းနယ်မြေဆိုပြီး သြဂုတ် ၂၅ ရက် မနက်ပိုင်းက စည်ပင်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ခြံဝင်းခတ်မှုပြုလုပ်စဉ် ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။   ပဋိပက္ခဖြစ်ပွားစဉ်မှာ တောင်သူ မလှခိုင်ဆိုသူ ဓါးခုတ်ခံခဲ့ရကာ ဂုတ်ပိုးနဲ့နားထင် ဒဏ်ရာရရှိခဲ့တဲ့အတွက် မလှခိုင်ရဲ့ ဖခင်ဖြစ်သူက အရေးယူပေးဖို့ ပုသိမ်ကြီးမြို့နယ်ရဲစခန်းမှာ တိုင်တန်းခဲ့ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၂၄ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)နဲ့ ရဲစခန်းက အမှုဖွင့်ပေးထားပါတယ်။   ကျူးလွန်သူဟာ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဒေသခံအချို့က စွပ်စွဲပြောဆိုတာတွေလည်းရှိတဲ့အတွက်  ဒါနဲ့ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူးလှမြင့်ကတော့ “အဲဒါမဟုတ်ပါဘူး။ ခြံခတ်တဲ့နေ့စားဝန်ထမ်းတွေ ဖြစ်ပါလိမ့်မယ်။ ရဲကတော့ လုံးဝလုံးဝမလုပ်ပါဘူး။ ကျနော်တို့ဘက်က သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းနဲ့အညီ…

Read More

အီရန်သမ္မတရူဟာနီနဲ့ ဒေါ်နယ်ထရန့်တို့ တွေ့ဆုံဆွေးနွေးဖို့ အလားအလာရှိနေ

ပါရီ၊ သြဂုတ်-၂၇ -၂၀၁၉ မျိုးဆက် (VOM)   မှန်ကန်ကောင်းမွန်တဲ့ အခြေအနေတစ်ရပ်အောက်မှာ အီရန်သမ္မတရူဟာနီနဲ့  တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၂၆ ရက်မှာ ပြောဆိုလိုက်ပါတယ်။   သြဂုတ် ၂၅ ရက်မှာပြုလုပ်တဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ဂျီ-၇ ဆွေးနွေးပွဲကို မမျှော်လင့်ဘဲ အီရန်နိုင်ငံခြား ရေးဝန်ကြီး တက်ရောက်လာပြီးနောက် ဒေါ်နယ်ထရန့်က အခုလို မှတ်ချက်ပြုပြောဆိုလိုက်တာ ဖြစ်ပါတယ်။   အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ထားတဲ့ ၂၀၁၅ သဘောတူညီစာချုပ်ကနေ ပြီးခဲ့တဲ့နှစ်က အမေရိကန် နုတ်ထွက်သွားပြီးနောက်ပိုင်း အီရန်နဲ့  အမေရိကန်အကြား ဆက်ဆံရေးတွေ ပိုမိုဆိုးရွားလာခဲ့ပါတယ်။   ဒါပေမယ့် အီရန်နဲ့ နျူကလီးယားသဘောတူညီမှုအသစ်ပြုလုပ်ရေး အလားအလာတွေနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့အရိပ်အယောင်တွေကို ခံစားနေရတယ်လို့ ဒေါ်နယ်ထရန့်ကဆိုပါတယ်။   အီရန်သမ္မတရိုဟာနီကတော့  အီရန်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမယ်လို့ ခံစားရတယ်ဆိုရင်…

Read More

ကျောက်မီးသွေးတွင်းပြိုကျပြီး လေးဦးပိတ်မိရာမှာ နှစ်ဦးရဲ့ ရုပ်အလောင်းကိုတွေ့ပြီ

မင်းလှ၊ သြဂုတ်၂၇ – ၂၀၁၉ ဂျန်ကိုးလ်၊ ဖြူဖြူ (VOM)   မကွေးတိုင်း သရက်ခရိုင် မင်းလှမြို့နယ် ဆပ်ပြာကျေးရွာရဲ့ တောင်ဘက် ၅ မိုင်ခန့်အကွာမှာရှိတဲ့ ကျောက်မီးသွေးတွင်းတစ်ခု ပြိုကျလို့ လူ ၄ ဦးပိတ်မိနေတဲ့ထဲက ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဆယ်ထုတ်ထားပြီလို့ အဲဒီကျောက်မီးသွေးတွင်းရှိ အလုပ်သမားတွေဆီက သိရပါတယ်။   “အလောင်းနှစ်လောင်းတော့ အပေါ်ရောက်ပြီ။ ဆက်ပြီးရှာဖွေယ်ရေး၊ ကယ်ဆယ်ရေးလုပ်နေတယ်။ ဝင်သွားတာလေးယောက်လို့ သိရတယ်။ ဒီမနက်အထိတော့နှစ်ယောက်တော့ရပြီ။”လို့ မင်းလှမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကိုက ပြောပါတယ်။   သြဂုတ် ၂၅ ရက်ညနေပိုင်းက တောင်ကျရေကြောင့် ကျောက်မီးသွေးတွင်းထဲ ရေဝင်ပြိုကျခဲ့တာဖြစ်ပြီး စိုးအောင် (၁၉ နှစ်)၊ ပိုင်စိုးဝင်း (၂၈ နှစ်)၊ နိုင်ထက်ဦး (၂၀ နှစ်)၊ အောင်ချမ်းသာ (၁၆ နှစ်) တို့ လေးဦးပိတ်မိနေခဲ့ရာမှာ…

Read More
VOM News

FREE
VIEW