အမိမြေဂျာနယ်မှာ မဟုတ်မမှန် ရေးသားလို့ ဆိုပြီး ပုပ္ပါးအောင်မင်းခေါင် သာမဏေကျော်ကျောင်းတိုက်ဆရာတော်ပြန်လည်ရှင်းပြ

ပုပ္ပါး- သြဂုတ် ၂၇-၂၀၁၉

နေလင်း

 

 

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာသာမဏေကျော်စာသင်တိုက်ကို လက်ရှိပိုင်ဆိုင်ထားသူ မိုးကုတ်မြို့ညောင်သုံးပင်ဆရာတော်  ဒေါက်တာ တေဇောသာရာဘိသံသ ဟာ ပျံလွန်တော်မူသွားတဲ့  အောင်မင်းခေါင်သာမဏေကျော်ဆရာတော်ဆီက အတင်းအဓမ္မဝင်ရောက် ကျောင်းလု သွားတယ်ဆိုတဲ့  သတင်းတပုဒ် အမိမြေဂျာနယ်က ရေးသားခဲ့ပါတယ်။

 

အောင်မင်းခေါင်သာမဏေကျော်ကျောင်းတိုက်မှာ တစ်ဝါသာ နေသွားခဲ့တဲ့ ရဟန်းတပါးရဲ့ မှတ်ချက်နဲ့  လက်ရှိကျောင်းတိုင်ဆရာတော်ကို မမေးမြန်းဘဲ အမိမြေဂျာနယ်မှာ ရေးသားခဲ့တဲ့အတွက် ကျောင်းတိုက်ဂုဏ်သိက္ခာကျဆင်းပြီး အများပြည်သူထင်ယောင်ထင်မှားဖြစ်စေတာကြောင့် လက်ရှိ စာသင်တိုက်ကို တာဝန်ယူအုပ်ချုပ်နေတဲ့ ကျောင်းထိုင်ဆရာတော် ဦးခေမိန္ဒက သြဂုတ်လ ၂၅ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

 

အမိမြေဂျာနယ် သတင်းမှာပါတဲ့  ကျောင်းတိုက်မှာ တစ်ဝါသာနေသွားတယ်ဆိုတဲ့  ဦးသြဘာသကို တယ်လီဖုန်းနဲ့ဆက်သွယ်လျှောက်ထားတော့ ဒီကျောင်းဟာ အများပိုင်ဖြစ်တာမို့  ကျောင်းတိုက်လွဲပြောင်းစဉ်က စာချုပ်မှာပါတဲ့အချက်တွေကို သူတို့မဖတ်ခဲ့ရဘဲ လက်မှတ်ထိုးခဲ့ရတာဟာ တရားမဝင်ဘူးဆိုပြီး သက်ဆိုင်ရာ သံဃအဖွဲ့အစည်းတွေကို တိုင်ကြားထားတာဖြစ်တယ်လို့  ဖြေပါတယ်။

 

လက်ရှိအောင်မင်းခေါင်သာမဏေကျော်ကျောင်းမှာ စာချဆရာတော်(၁၀)ပါးနဲ့ စာဝါသင်ယူနေတဲ့ ကိုရင် ၄၀ကျော် သတင်းသုံးလျှက်ရှိတယ်လို့သိရပါတယ်။

 

လက်ရှိကျောင်းတိုက်ကို တာဝန်ယူအုပ်ချုပ်နေတဲ့ ဆရာတော်ဦးခေမိန္ဒနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကိုမေးမြန်းပြီး ကိုနေလင်းက ရိုက်ကူးတင်ပြထားပါတယ်။

 

#voiceofmyanmar #ပုပ္ပါး #အောင်မင်းခေါင်သာမဏေကျော်ကျောင်းတိုက်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW